လူသတ်မှုဖြင့် ဖမ်းခံရသည့် မြန်မာနှစ်ဦး ထွက်ပြေးပါက မိမိအဖမ်းခံမည်ဟု ပြောကာ ဦးခင်အောင်မြင့် အာမခံခဲ့ဟုဆို

လူသတ်မှုဖြင့် ဖမ်းခံရသည့် မြန်မာနှစ်ဦး ထွက်ပြေးပါက မိမိအဖမ်းခံမည်ဟု ပြောကာ ဦးခင်အောင်မြင့် အာမခံခဲ့ဟုဆို
by -
မဇ္စျိမ

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ်ပေးပြီး မြန်မာ သံရုံး၏ ကွပ်ကဲမှုဖြင့် ထားရှိဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပြီး သူတို့နှစ်ဦးက ထိုင်းသံရုံးရောက်မှ ထွက်ပြေးလွတ်မြောက်သွားမည် ဆိုပါက မိမိကိုယ်တိုင် လာရောက်အဖမ်းခံမည်ဟု အာမခံခဲ့ကြောင်း ဦးခင်အောင်မြင့်က နိုဝင်ဘာ ၂၆ ရက်က မီဒီယာ အချို့ကို ပြောသည်။

“ဒီကိစ္စအရေးကြီးဆုံးလားလို့မေးတယ်။ ဟုတ်... ကျွန်တော့်အတွက် ဒီတစ်ခုက အရေးကြီးဆုံးပဲလို့ ပြော လိုက်တယ်။ ဒီကလေးနှစ်ယောက် ကို အချုပ်လွှတ် ထုခြေခွင့်ပေးလို့ ကလေးနှစ်ယောက်ထွက်ပြေးတယ်ဆိုရင် အဘကိုယ်အဘ အပေါင်ထားပါတယ်။ လာအဖမ်းခံပါတယ်။ ခုဟာက ရမန်တစ်ပတ်တစ်ပတ်ခေါ်ပြီး အမှုကိုတည်ဆောက်နေတာ။ အချူပ်ထဲမှာထားတာကတော့ စိတ်ဓာတ်အရ ညည်းဆဲသ လို ဖြစ်နေပါတယ်။ ဒါကြောင့် အချူပ်လွှတ်တော့ပေးပါ။ အာမခံတင်ဖို့ကြတော့လည်း အဘတို့လည်း ငွေရေးကြေးရေးလည်း မရှိဘူး။ ပိုင်ဆိုင်တဲ့ပစ္စည်းလည်းမရှိဘူး”ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

U-Khin-Aung-Myint

အမျိုးသားလွှတ်တော်အနေဖြင့် ထိုင်းနိုင်ငံရှိ ဖမ်းဆီးခြင်းခံရသော မြန်မာကလေးနှစ်ဦး၏ ကိစ္စများ ထပ်မံဆောင်ရွက်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ထိုင်နိုင်ငံတွင် ကျန်ရှိခဲ့သည်။ အဆိုပါအမှုဆောင်ရွက်နိုင်ရန် အမျိုးသားလွှတ်တော်က ကျပ်သိန်း ၃၀၀ လှူဒါန်းထားပြီး လက်ရှိတွင် ရခိုင်လူမှုကွန်ယက်က ဒေါ်လာ ၁၅,၀၀၀ (ကျပ်သိန်း ၁၅၀ ဝန်းကျင်) လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နိုဝင်ဘာ ၂၃ ရက်က ရောက်ရှိ ခဲ့ပြီး ၂၄ရက်က သံရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ၂၅ ရက်တွင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို နိုဝင်ဘာ ၂၆ ရက်တွင် အာမခံ လျှောက်ထားမည်ဖြစ်ပြီး အာမခံအတွက် ကုန်ကျစရိတ်ကို ထိုင်းနိုင်ငံ မြန်မာသံရုံးက တာဝန်ယူမည်ဟု ယင်းအမှု၏ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

Most read this week