စံချိန်မမီ အိမ်ရာများနှင့် ကျူးကျော်များ မြို့ပြတွင် တိုးပွားလာဟု သမ္မတပြော

စံချိန်မမီ အိမ်ရာများနှင့် ကျူးကျော်များ မြို့ပြတွင် တိုးပွားလာဟု သမ္မတပြော
by -
မဇ္စျိမ

အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွား အခွင့်အလမ်းများ၏ ဆွဲဆောင်မှုကြောင့် လူဦးရေ သိပ်သည်းလာသည့် မြို့ပြများတွင် စံချိန်မမီအိမ်ရာများနှင့် ကျူးကျော်များ တိုးပွားလာသည်ဟု သမ္မတ ဦးသိန်းစိန် က နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

မြို့ပြကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီရေးဆွဲပြီး စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဟု သမ္မတက သတိပေးပြောဆိုခဲ့သည်။

Constriction-Collapse

ဒု-သမ္မတ ဦးဉာဏ်ထွန်းအပါအဝင် ဝန်ကြီးများ၊ ဒု-ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ လွှတ်တော်အမတ်များ၊ တိုင်းနှ င့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်၏ ပြောဆိုမှုကို နိုဝင်ဘာ ၂၂ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားခြင်းဖြစ်သည်။

ယခင်က ထူထောင်ခဲ့သည့် မြို့ပြကျေးရွာများသည်လည်း လက်ရှိတွင် လူဦးရေတိုးတက်များပြားလာမှုကြောင့် သောက်သုံးရေရှားပါးခြင်း၊ လျှပ်စစ်မီးလိုအပ်ချက်၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရေစီးရေလာမကောင်းသည့်ပြဿန ာများနှင့် ရင်ဆိုင်နေရသည်ဟုလည်း သမ္မတက ဆိုသည်။

အိမ်မဲ့ယာမဲ့များကို နေရာချထားပေးရေးအတွက် အစိုးရအနေဖြင့် စီမံဆောင်ရွက်နေသည်ဟု သမ္မတ ဦးသိန်းစိန် က ထုတ်ဖော်ပြောဆိုခဲ့သလို ကျူးကျော်များကိုမူ ထိန်းသိမ်းသွားရမည်ဟု ဆိုသည်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောဆိုချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရှိသည့် မြို့န ယ် ၃၃ မြို့နယ်တွင် ကျူးကျော်ဟု အများစုခေါ်ဝေါ်နေသည့် မြေမဲ့၊ ယာမဲ့ အိမ်ထောင်စုပေါင်း ၃၈၀၀၀ ခန့် ရှိသည်။