သမ္မတက တိုင်းပြည်ကို စေတနာထားလျှင် ဥပဒေပြင်ရေး မိမိနှင့်မဆိုင်ဟု မပြောသင့်

သမ္မတက တိုင်းပြည်ကို စေတနာထားလျှင် ဥပဒေပြင်ရေး မိမိနှင့်မဆိုင်ဟု မပြောသင့်
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော်နှင့်သာ သက်ဆိုင်ပြီး သမ္မတ၊ ကာချုပ်တို့နှင့် မပတ် သက်ဟု သမ္မတက VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းအပေါ် တိုင်းပြည်ကို တကယ်စေတ နာထားပါက ယခုကဲ့သို့ မပြောသင့်ကြောင်းနှင့်အစိုးရနှင့် တပ်ကိုမထိ ခိုက်စေဘဲ ပြည်သူ့အကျိုး အတွက် ပြုပြင် ပေးသင့်သည့်၊ သမ္မတက ဆောင်ရွက်ပေး နိုင်သည်များရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးပူးပေါင်းကော် မတီအတွင်းရေးမှူး မလှိုင်မြို ့နယ်အမတ် ဦးအေးမောက်က မဇ္ဈိမကို ပြောသည်။

“ဥပဒေပြင်ရေးဟာ သူနဲ ့မဆိုင်ဘူးလို့ သမ္မတကြီးက ပြောတယ်။ တကယ်တော့ သမ္မတအပေါ်မှာပဲမူတည် ပါတယ်။ ကျွန်တော်ပြောချင်တာက ပုဒ်မ ၄၃၆ အကုန်လုံးမပြင်ဘဲ အစိုးရကိုမထိခိုက်တဲ့ တပ်ကိုလည်း မထိခိုက်တဲ့ ပြင်နိုင်တဲ့အပိုဒ် လေးတွေရှိတယ်။ (သူ့ရဲ့သြဇာနဲ့) ဒါမျိုးလေးတွေ တပ်မတော်သားကိုယ်စား လှယ်တွေက ထောက်ခံလာအောင် လုပ်နိုင်ပါတယ်။ ဘာမှလည်းအပန်းမကြီးဘူး။ ကာ/ချုပ် ကို ပုဂ်္ဂိုလ်ရေး တိုက်တွန်းလိုက်ရုံနဲ့ ရတယ်။ တိုင်းပြည်ကို တကယ်ချစ်ရင် စေတနာထားရင် စာအုပ်ကြီးအတိုင်းမပြောသင့် ဘူး” ဟု ၎င်းက ပြောသည်။

President-Thein-Sein

နို၀င်ဘာ ၂၈ ရက်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ချောင်းဦးအမတ် ဦးစောလှ ထွန်းက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းကို လွှတ်တော်သို ့ရှင်းပြခဲ့ရာတွင် လွှတ်တော်တွင်း အတည် ပြုနိုင်သည့် ပုဒ်မများ၊ Referen-dum ခေါ်၍ အတည်ပြုရမည့် ပုဒ်မများရှိကြောင်း ပါ၀င်ခဲ့သည်။

ပုဒ်မ ၄၃၆ တွင်ပါ၀င်သည့် လွှတ်တော်ကိုယ်စားလှယ် ရ၅ ရာနှုန်းနှင့်အထက် ထောက်ခံရမည်ဟူသည့် အရေးကြီးပုဒ်မများအပါအဝင် ၂၀ ရာခိုင်းနှုန်းနှင့် အထက်ဆိုလျှင် အတည်ပြုနိုင်သည်ဟူသည့် ပုဒ်မများကို ပါ မဲခွဲသည့်အခါ တပ်မတော်သား ကိုယ်စားလှယ်တို့ အနည်းအကျဉ်းမျှပါ၀င်လာစေရန် သမ္မတသည် သူ၏ သြဇာနှင့် လုပ်ပိုင်ခွင့်တို့ဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို စည်းရုံးမည်ဆိုလျှင် ပုဒ်မ ၄၃၆ ကိုပင် ပြင်ဆင်နိုင် ကြောင်း သူရဦးရွှေမန်းက ယခင်အပတ် သတင်းစာရှင်းပွဲတွင် ပြောခဲ့သည်။

ဦးအေးမောက်က “တိုင်းပြည်ကို တကယ်ချစ်ရင်လက်ရှိ ၂၀၀၈ ဥပဒေပါအချက်တွေကိုပဲ ရှင်းရှင်းလင်း လင်း ဖြစ်သွားအောင် အမိန့်ညွှန်ကြားချက်တွေထုတ်ပြီး တိတိကျကျလုပ်ပေးရမှာတွေရှိတယ်၊ အထူးသဖြင့် ဇယား ၁၊ ဇယား ၂ ကိစ္စတွေပေါ့။ ဒါတွေဟာ အမိန့်စာထုတ်ပေးရုံနဲ့ အသက်ဝင်သွားပြီ။

တိုင်ရင်းသားတွေလို လားနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ကိုယ့်ဒေသထွက် သယံဇာတတွေအတွက် စီမံ ခန့် ခွဲခွင့်၊ အကျိုးခံစားခွင့်တွေ၊ လက်ရှိ ဥပဒေကပေး ထားတာကိုတောင် အစိုးရကရှင်းရှင်းလင်း လင်းလုပ် မပေးနိုင်ဘူး။ ဒါတွေလုပ်ပေးရင် ဥပဒေပြင်စရာမလိုဘဲ တိုင်းရင်းသားတွေ ကျေနပ်သွားမှာ”ဟု ပြောသည်။

ဖွဲ ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် တင်ပြထားသည့် ပုဒ်မပေါင်း ၂၁၀ တွင် အဓိကပြင်ဆင်ရမည့် အချက် ရ၀ ခန့်သာ ရှိပြီး ၎င်းတို့ထဲမှ ပုဒ်မ ၄၃၆ နှင့်သက်ဆိုင် သည်တို့ကို ရွေးလိုက်လျှင်ပုဒ်မများများ မရှိတော့ ကြောင်း၊ အဆိုပါ အချက်များတွင် နိုင်ငံနှင့်ပြည်သူအတွက် တကယ်အကျိုးရှိစေမည့် အပိုဒ်ငယ်များ (ပုဒ်မ ခွဲများ)ကို ပြင်ဆင်လိုက်ခြင်းသည် တပ်ကိုလည်း မထိခိုက်စေနိုင်၊ အစိုးရကိုလည်း မထိခိုက်စေ နိုင်သဖြင့် တိုင်းပြည်ကို စေတနာထား ပါက ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဦးအေးမောက် ကဆိုသည်။