မြန်မာနိုင်ငံသည် ကလေးလူ့အခွင့် အရေးစာချုပ်ကို နှစ်ပေါင်း ၂၀ ကျော် ကတည်းက လက်မှတ်ရေးထိုး ထားသော်လည်း အစိုးရအဆက်ဆက် အကောင်အထည်ဖော်မှု အားနည်းချက်များကြောင့် ကလေးလုပ်သားများပြားခြင်း၊ ကလေးအခွင့်အရေး ချိုးဖောက် ခံရခြင်းတို့ ဆက်လက် ဖြစ်ပေါ်နေဆဲဟု လူ့အခွင့်အရေးအတွက် စဉ်ဆက်မပြတ် လှုပ်ရှားခဲ့သူ Equality Myanmar အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
“လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းက မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ထိုးထားပေမယ့်လည်း အခုထိ ကလေးစစ်သားတွေ အသုံးပြုခံနေရတာ ကလေးတွေ ရောင်းချခံနေရတာ ကလေးနဲ့ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဖြစ်နေရတာက စာချုပ်လက်မှတ် ထိုးပေမယ့် နိုင်ငံတော်အဆင့်မှာ အကောင်အထည်ဖော်ဖို့အား နည်းနေတယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။
နိုဝင်ဘာ ၂၀ ရက်သည် ကမ္ဘာ့ကုလ သမဂ္ဂကပြဋ္ဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာစာချုပ် (Convention on the Rights of the Child – CRC) ပေါ်ထွန်းလာသည့် ၂၅ နှစ် ပြည့်ဖြစ်သည်။
ထို့ကြောင့် ကလေးသူငယ်များအခွင့် အရေးနေ့ကို ရန်ကုန်တိုင်း တိုင်းရင်းသားကျေးရွာတွင် အခမ်းအနားပြု လုပ်ခဲ့ပြီး ထိုအခမ်းအနားတွင် ဦးအောင်မျိုးမင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
တိုင်းပြည်သည် တစ်ဦးချင်းဝင်ငွေ နည်းပါးနေသေးခြင်း ဆင်းရဲနွမ်းပါးသည့် လူဦးရေများနေခြင်းတို့၊ကြောင့် ကျောင်းနေ အရွယ်ကလေးငယ် များသည် ပင်ပန်းဆင်းရဲသည့် လုပ်ငန်းခွင်ဝင်၊ရောက်ကာ မိသားစုဝင် ငွေ ရှာဖွေရခြင်းတို့ကြောင့် ကလေးလုပ်သားများ များပြားလာသည် ဟုလည်း ဦးအောင်မျိုးမင်းက ဆိုသည်။
“ဆင်းရဲမွဲတေမှုရလဒ်ကြောင့် မိသားစုတွေက ဒုက္ခရာက်ပြီး ကလေးတွေက ကျောင်းမတက်ရသေးဘူး။ အဲ့တော့ အများစုက သူတို့နဲ့ လက်ခံတဲ့အလုပ်တွေမှာ ၀င်လုပ်လာရင်းနဲ့ ကလေးအလုပ်သမားတွေ တိုး လာတယ်”ဟု ဦးအောင်မျိုးမင်းက ပြောကြားခဲ့သည်
၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်ကို မြန်မာနိုင်ငံလက် မှတ်ရေးထိုးထားခဲ့သည်။ စာချုပ်တွင် ကလေးများ အသက်ရှင်ရပ်တည်ခွင့် ဖွံ့ဖြိုးတိုးတက်ခွင့် ကာကွယ်မှု နှင့် ရပိုင်ခွင့်တို့ကို ဖေါ်ပြထားပြီး စာချုပ်တွင်လက်မှတ် ထိုးထားသည့် နိုင်ငံများသည် အဆိုပါ အခွင့်အရေး များကို လေးစားလိုက်နာရန် တာဝန်ပေးထားသည်။
ကလေးများ ပညာသင်ချိန်တွင် လုပ်ငန်းခွင် ၀င်ရခြင်းကြောင့် မလုပ်လိုသည့် အလုပ်ကို လုပ်ရသည်ဖြစ်ရာ အဓမ္မစေခိုင်း ခြင်းခံရသည့် လူ့အခွင့်အရေးချိုးဖောက်မှု ထပ်ဆင့်ဖြစ်ပေါ်လာသည်ဟုလည်း Child Rights Working Group လူမှုကူညီရေးအဖွဲ့မှ စီမံကိန်း၊ ထောက်ပံ့ရေးမန်နေဂျာ ကိုစောကျော်စိုးကလည်း ပြောဆိုသည်။
သာမန်က၊လေးငယ်များသာမက မသန်စွမ်းကလေးငယ်များသည်လည်း အခွင့်အရေး ချိုး၊ဖောက်ခံနေကြရပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု များပင် ကြံု၊နေကြရသည်ဟု Myanmar Education Consortium မှ ဥပဒေဆိုင်ရာ အကြံပေးအရာရှိ ကိုမြင့်မောင်မောင်က ပြောသည်။
ကလေးအခွင့်အရေးအတွက် သမ္မတထံစာပို့
အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ် (Conven-tion on the Rights of the Child – CRC)ပါ အချက်များကို အကောင်အထည်ဖော်ရန်နှင့် ကျန်ရှိနေသော နိုင်ငံတကာမှ လူ့အခွင့်အ ရေး စာချုပ်များကို လက်မှတ်ရေးထိုးရန် လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်း ၂၃၂ ဖွဲ့တို့က နိုဝင်ဘာ ၂၀ရက်တွင် သမ်္မတထံ အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့သည်။
ပေးစာတွင် ကာကွယ်ရေးဘတ်ဂျက် အလွန်အကျွံသုံးခြင်းကို လျှော့ချ၍ ကလေးများ၏ အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးကဏ္ဍများ၌ သုံးရန်၊ ကလေးများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ စော် ကားမှု၊ ကလေးလုပ်သားအဖြစ် စေခိုင်းမှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးစစ်သားအဖြစ် စုဆောင်း မှုများကို လျှော့ချရန်နှင့် စစ်ဘေးဒဏ်ခံရသည့် ကလေးများအား မိသားစု ရပ်ရွာဘဝပြန် လည်ပေါင်းစည်းရေး အထူးလုပ်ဆောင်ပေးရန် အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုထားသည်
ဘဏ္ဍာငွေ သုံးစွဲရာတွင် ကလေးသူငယ်များ အတွက် ဦးစားပေးရန်လို
မြန်မာနိုင်ငံ၏ မူဝါဒချမှတ်သူများသည် တိုင်းပြည်ပြုပြင် ပြောင်းလဲရေးနှင့် ဘဏ္ဍာငွေဘတ်ဂျက် ခွဲဝေသုံးစွဲ ရာတွင် ကလေးသူငယ်များကို ဦးစားပေးရန် လိုအပ်ကြောင်းကိုလည်း ယူနီဆက်နှင့် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွင်း အဓိကကျသည့် လမ်းဆုံတွင် ကလေးသူငယ်များ အကျိုးခံ စားခွင့်ရရှိနိုင်မည့် လူမှုရေးကဏ္ဍများတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေဘတ်ဂျက်များစွာ ထည့်ဝင် ရင်းနှီးမြှုပ်နှံ ရန် ၊ကြေညာချက်တွင် ပါရှိသည်။