ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် ပုဒ်မ ၁၇ (၁) မရှိသင့်ဟု SNLD ပြော

ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် ပုဒ်မ ၁၇ (၁) မရှိသင့်ဟု SNLD ပြော
by -
သျှမ်းသံတော်ဆင့်

အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တစ်နို်င်ငံလုံး ဆိုင်ရာ ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဥပဒေကို မကျင့်သုံး သင့်ကြောင်း ၊  ခေတ္တ ရပ်နား ထား သင့်ကြောင်း  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောသည်။

“ငြိမ်းချမ်းရေးရဖို့တွက်ဆွေးနွေးတယ် ဆိုတဲ့အခါမှာ ဒီဥပဒေပုဒ်မတွေကို ကျင့်သုံးနေမယ်ဆိုရင် ကျနော်တို့ အတွက် အများကြီးအန္တရာယ်ရှိတယ်” ဟု ၎င်းကပြောသည်။

sai-nood

မတရားအသင်းဆက်သွယ်မှု ၁၇(၁) ပုဒ်မ ဥပဒေကြောင့် လူထုအနေဖြင့် ငြိမ်းချမ်းရေးကိစ္စများတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဖမ်းဆီးထောင်ချခြင်းများ ကြုံတွေ့နေရသည့်အတွက်ငြိမ်းချမ်းရေးတွင်လူထုပါ၀င်မှုအားနည်းနေသည်ဟုသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ဒုတိယ ဥက္ကဌရဲဘော်မျိုးဝင်းက “ ၁၇ (၁) ဘယ်လောက်အရေးကြီးလဲဆိုတာ ကျနော်တို့ လှုပ်ရှားမှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို တချို့လူတွေက ဒီဥပဒေရှိတဲ့အတွက်ကြောင့် သူတို့မလာချင်ဘူး ဆိုပြီးဖြစ်လာတယ်။ ကြောက်ရင် လည်း ကြောက်မှာပေါ့” ဟုဆိုသည်။

ABSDF အနေနှင့် ကျဆုံးသွားသောရဲဘော်များအားတစ်နိုင်ငံလုံးကိုယ်စားပြု ဂုဏ်ပြုပွဲများ လုပ်မည်ဆိုလျှင်် ပုဒ်မ ၁၇ (၁) ကြောင့်လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့်မရဘဲ အစိုးရနှင့်ညှိပြီးလုပ်ရသည်။ ပြည်နယ်အစိုး ရနှင့်လည်းညှိရသည်ဟု ၎င်းကပြောသည်။

 “အစိုးရအနေနဲ့၁၇ (၁) ကိုကိုင်ထားတယ်ဆိုတာကျနော်တို့  သွားလာလှုပ်ရှားမှုကို သိနိ်ုင်ဖို့အတွက် အဓိကလုပ်ထားတာဘဲ”ဟု ၎င်း၏အမြင်ကိုပြောသည်။

အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေသောလက်နက်ကိုင်အဖွဲ့အစည်းများကို မတရားအသင်း သတ်မှတ်ထား သည့်အတွက် ငြိမ်းချမ်းရေးတွင် လူထုပါဝင်နိုင်ရန် အဟန့်အတားတစ်ခုဖြစ်နေကြောင်း တိုင်းရင်းသားရေး ရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဝင် ဒေါ်ဒွဲဘူ ကပြောသည်။

အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးလျှင် မတရားအသင်းကိုဖျက်သိမ်း ဖို့ နှစ်ဘက်သဘောတူညီမှု ရထားပြီး ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ  ခေတ္တ ဖြုတ်ထားကြောင်း မြန်မာငြိမ်း ချမ်းရေးဗဟိုဌာနMPC မှအပစ်အခတ်ရပ်စဲရေးဒါရိုက်တာဒေါက်တာ မင်းဇော်ဦးက ပြောသည်။