ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပမှ တက်ကြွလှုပ်ရှားသူများက ဆန္ဒပြတောင်းဆိုနေကြသည့် နည်းတူလွှတ်တော် တွင်လည်း “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော် မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ” ကို လွှတ်တော်အမတ်ဦးရေ ၁၅၀ နီးပါးကဆွေးနွေးရန် စာရင်းပေးထားခဲ့ကြသည်။
လွှတ်တော်သက်တမ်း လေးနှစ်နီးပါးတွင် အဆိုများ၊ အစီရင်ခံစာများကို လွှတ်တော်အမတ် ၅၀ ကျော်ကသာ ဆွေးနွေးရန် စာရင်းပေးခဲ့ကြသည်။ သို့သော်ယခု ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင် အထည်ဖော်မည့် ကော်မတီ၏ အစီရင်ခံစာကိုမူ လွှတ်တော်အမတ်၁၄၆ ယောက် က ဆွေးနွေးရန်စာရင်းပေး ထားသည် ဖြစ်ရာ လွှတ်တော်သက်တမ်းအတွင်း ဆွေးနွေးသူ လွှတ်တော် အမတ်ဦးရေ အများဆုံးစံချိန်တင် သွားခဲ့သည်။
အစီရင် ခံစာကို နိုဝင်ဘာ ၁၃ ရက်တွင် အမတ် ၁၁ ဦးဖြင့် စတင်ဆွေးနွေးခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်တွင် မူ တပ်မတော်သား အမတ်များ အပါ အဝင် ၃၂ ဦး က ဆွေးနွေးခဲ့ပြီးဖွဲ့စည်းပုံပါ ပုဒ်မအချို့ကို ပြင်ဆင်ရန်ပယ် ဖျက်ရန် ဆွေးနွေးသူများရှိသကဲ့သို့ မူလပြဋ္ဌာန်းချက်များအတိုင်းထားရှိရန် ဆွေးနွေးခဲ့သူများလည်း ရှိသည် ကို တွေ့ရှိရသည်။
နိုဝင်ဘာ ၁၇ ရက် ဆွေးနွေး မှုတွင် တပ်မတော်သား လွှတ်တော် အမတ် ၁၁ ယောက် အထိ ပါ၀င် ဆွေးနွေး ခဲ့သည်ကို တွေ့ရှိ ရသည်။ ၊လွှတ်တော် အမတ် တို့ ဆွေးနွေးခဲ့သည့် ဖွဲ့စည်းပုံပြင်ရေး မပြင်ရေး အမြင်နှင့် စိတ် ၀င်စားဖွယ် ဆွေးနွေးချက်အချို့ကို ကောက်နုတ် တင်ပြလိုက်ပါသည်။
ပါတီပြောင်းပါက ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်ရန် ဖွဲ့စည်းပုံကို ပြင်ဆင်ပေးဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၉ ပုဒ်မ ၃၉၆(က) တွင်ပါရှိသည့် လွှတ်တော် အမတ်များ၏ အရည်အချင်းသတ်မှတ်ချက်ကို တပ်မ တော်သား လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခင်စိုးက ပြင်ဆင်ဖြည့်စွက်လို၊ကြောင်း ဆွေးနွေး သွားခဲ့သည်။
ပုဒ်မ ၃၉၆(က) တွင် ပါရှိသည့် “လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် နိုင်ငံ တော်၏ ကျေးဇူး သစ္စာကို ဖောက် ဖျက်ခြင်း ဖွဲ့စည်းပုံပါ အချက်တစ် ချက်ချက် အားဖောက်ဖျက်ခြင်း အကျင့်သိက္ခာပျက်ပြားခြင်း ဖွဲ့စည်း ပုံ တွင်သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေ အရ ပေးအပ်ထားသော တာဝန်များကိုကျေပွန် စွာမထမ်းဆောင်ခြင်းများကြောင့် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်း ခွင့်ရှိသည်” ဟူသည့် ပြဋ္ဌာန်းချက်ကို “ပါတီ၊ပြောင်းပါက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ် သိမ်းနိုင်ရန်” ဟူသည့်အချက်ကို ဗိုလ်မှူးကြီးခင်စိုးက ထပ်မံဖြည့်စွက်ပြင်ဆင်လို ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီး ခင်စိုး၏ ပြင်ဆင်လိုချက် နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အမျိုးသားဒီမို ကရေစီ ပါတီသစ်သို့ ပြောင်းရွှေ့ခဲ့သူ လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က “ကိုယ်လည်း ပါတီပြောင်းခဲ့ပါ တယ်၊ ဒါပေမဲ့ အခုအချက်ကို ကျွန်တော်ထောက်ခံပါတယ်” ဟု တုံ့ပြန်သည်။
တပ်မတော်သားများ မဲပေးခွင့်ရှိ မရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၀၉ (ခ)၊ ၁၄၁(ခ)၊ ၁၆၁(ခ) တို့အရ တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် အမတ် အဖြစ် ၊ရွေး ချယ် ခွင့်ရှိပြီး ဖြစ်ခြင်းကြောင့် အရပ်သား လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် တပ်မတော် သား များမပါ၀င်ရန် ဖွဲ့စည်းပုံကို ပြင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ် စိုင်းဘိုးအောင်က ဆွေးနွေးခဲ့သည်။
“သန်းငါးဆယ်မျှသော အရပ်သားများကို ကိုယ်စားပြုရမယ့် ကျန်ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်းရွေး ချယ်ရာ မှာ တပ်မတော် သားတွေက ထပ်ပြီးမဲ ပေးမယ်ဆို ရင် လူတစ်ကိုယ် မဲနှစ်မဲပေးခွင့်ရရှိပြီးသားဖြစ်တဲ့ အနေအ ထားဖြစ်သွားမှာပါ”ဟု စိုင်းဘိုးအောင်က ဆွေးနွေခဲ့သည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်စိုးကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၂ တွင် သာသနာ့ ၀န်ထမ်းများ၊စိတ်ပေါ့သွပ်နေသူများ၊လူမွဲစာရင်းကြေ ညာခံရသူ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာဥပ ဒေအရ တားမြစ်ခံထားရ သူများစသူတို့ကိုသာ မဲပေးခွင့်မရှိသူအဖြစ် သတ်မှတ်ထားသည့် ကျန်နိုင်ငံသား များမဲပေးခွင့်ရှိသည်ဟု တုံ့ပြန်ဆွေးနွေးခဲ့သည်။
နေပြည်၊တော် ကောင်စီဝင်တို့ကို ပိုအခွင့် အရေးပေးသည့် ဖွဲ့စည်းပုံလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာ၊သော် ကမူ ဖွဲ့စည်းပုံပုဒ်မ၂၈၆ ပုဒ်ခွဲ ၃ (ခခ) တွင်ပါရှိ သည့် တပ်မတော်သား နေပြည်တော် ကောင်စီဝင် သည် ရာထူးမှ နုတ်ထွက်ရမည် သို့မဟုတ် တာဝန်မှ ရပ်စဲခံရမည့် တပ်မတော်သား။ နေပြည်တော်ကောင် စီဝင်သည် ကာကွယ်ရေး ဦးစီးချုပ် နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် ဆွေးနွေးခဲ့သည်။
“ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဆိုတဲ့ စကားရပ်ပါ၀င်လာပါတယ် ၀န်ထမ်းချင်းအတူတူ ပိုမိုပြီးအခွင့်အရေးပေးထားတဲ့ ပုံစံဖြစ်နေတယ်”ဟု ဦးဇေယျာသော်က ထောက်ပြခဲ့သည်။
ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အဓိကကျသည်ဟု ပြောဆိုမှုများ မတရား တပ်မတော်သား လွှတ်တော် အမတ် ဗိုလ်မှူးကြီး ဌေးနိုင်ကမူ ဖွဲ့စည်း ပုံပြင်ဆင်ရာတွင် လွှတ်တော်တွင်းရှိ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း အရေးပါသည်ဟု ပြောဆိုမှုများကို မတရားဟု တုံ့ပြန်လိုက်ပြီး လွှတ်တော်အတွင်း ၅၄ ရာခိုင်နှုန်းရှိနေသည့် ကြံ့ခိုင်ရေး လွှတ်၊တော်အမတ်များ နှင့် နှိုင်းယှဉ်၊ပြောဆိုသည်။
“ဒီရာခိုင်နှုန်းကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့သည် အခြေခံဥပဒေ ပြင်ရာမှာ အဓိကကျတယ်လို့ပြောတာ တရားမျှတမှု မရှိလို့ ပြောရမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး ဌေးနိုင်က ဆိုသည်။
“တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ဟာ အခြေခံ ဥပဒေမပြောနဲ့ တည်ဆဲဥပဒေများကိုပင် ပြင်ဆင် နိုင်စွမ်းမရှိတဲ့ အခြေအနေဖြစ်ပါတယ်”ဟုဗိုလ်မှူးကြီး က ပြောသည်။
စစ်တရားရုံး၏ စီရင်ပိုင်ခွင့်ကို တရားလွှတ်တော်ချုပ်က မထိပါးရန် တပ်မတော်သား ကိုယ်စားလှယ် တောင်း ဆိုဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၂၉၄ ပါ ပြဋ္ဌာန်း ချက်များကို မူလအတိုင်းထားရှိ သင့်ပြီး စစ်ဘက်ဆိုင်ရာ တရားရုံးများ၏ တရားစီရင် ခွင့်အာဏာကို ထိခိုက်စေမည့် ဖြည့်စွက် ပြင်ဆင်မှုမျိုး မလုပ် သင့်ဟု တပ် မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သက်ထွန်းအောင် ကလည်း ဆွေးနွေးခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၄ ပါ ပြဋ္ဌာန်း ချက်များကို မူလအတိုင်း ထားရှိသင့်ပြီး စစ်ဘက်ဆိုင်ရာ တရား ရုံးများ၏ တရားစီရင် ခွင့်အာ ဏာကို ထိခိုက်စေ မည့် ဖြည့်စွက် ပြင်ဆင်မှုမျိုး မလုပ်သင့်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သက်ထွန်းအောင်က ပြည်ထောင်စု လွှတ်တော်တွင် နိုဝင် ဘာ ၁၇ က ပြောဆိုဆွေးနွေးသွားသည်။
ပုဒ်မ ၂၉၄ တွင် “စစ်ဘက်ဆိုင်ရာ တရားရုံးနှင့် နိုင်ငံတော်ဖွဲ ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင် ခွင့် အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုငံတော်၏ အမြင့်ဆုံးတရား ရုံးဖြစ်သည်” ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “စစ်ဘက်ဆိုင်ရာ တရားရုံးနှင့် နိုင်ငံတော်ဖွဲ ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏စီရင်ပိုင်ခွင့်အာဏာ များကို မထိခိုက်စေဘဲ”ဟူသော စကားရပ်များ နုတ်ပယ် ရန် အကြံပြုထားသည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော် မှု ကော်မ တီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်ကို ဗိုလ်မှူးချုပ် သက်ထွန်းအောင်က တုံ့ပြန် လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ပုဒ်မ ၂၉၅ တွင်ပါရှိသည့် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူလ စီရင်ပိုင်ခွင့်အာဏာများ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရား စီရင်ရေး အခွင့်အာဏာကို ပိုမိုထိရောက်စွာ သုံးစွဲနိုင် စေရန် အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကထပ်ဖြည့်အာဏာ များကိုဥပဒေပြဋ္ဌာန်းပေးနိုင် သည်” ဟူသည့် ပြဋ္ဌာန်းချက်အသစ် ၂၉၅ ပုဒ်မခွဲ (စ)ကို ထပ်မံဖြည့်စွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလိုလားသည့် အပေါ်ဗိုလ်မှူးချုပ် သက်ထွန်းအောင် က ကန့်ကွက်ခြင်းဖြစ်သည်။
“တပ်မတော်သားတို့ရဲ့ သဘောသဘာဝက ထူးခြားမှုရှိတယ်၊ တပ်မတော် ပိုင်းဆိုင်ရာများကို လွတ်လပ်စွာ ဆောင်ရွက် ခွင့်ရဖို့၊ နိုင်ငံတကာ တပ်မတော်တွေရဲ့ စစ်ဘက်ရေးရာ ကျင့်သုံးမှု ပုံစံအတိုင်း ဆောင်ရွက်နိုင် ဖို့ စစ်ဘက်တရားရုံးတွေကို သီးခြားခွဲထား ရခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို ထပ် ဖြည့် အာဏာတွေပေးဖို့ မလိုသေးပါဘူး” ဟု ဆွေးနွေးသွားသည်။
ပုဒ်မ ၂၉၅ ပါ ပြဋ္ဌာန်းချက်ကို တအောင်း(ပလောင်) အမျိုးသားပါတီကလည်း “စစ်ဘက်ဆိုင်ရာ တရားရုံး နှင့်” ဟူသောစာသားကို ဖြုတ်ပစ်ရန် အကြံပြုခဲ့ သည် ဟု ဖွဲ ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
သို့သော် ယင်းပြဋ္ဌာန်းချက်များကို မူလအတိုင်းထားရှိရန်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင် ပိုင်ခွင့် အာဏာက စစ်ဘက် ဆိုင်ရာ တရားရုံး အပေါ် လွှမ်းမိုးမလာစေရေးသာမက ပြည်ထောင်စုတရား လွှတ်တော်ချုပ် အင်အားတိုးလာမည့် အရေးကိုပါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ကကန့်ကွက် ခဲ့သည်။