ရန်ကုန်မြို့သစ် စီမံကိန်းပြန်စရန် ဆန္ဒပြ

ရန်ကုန်မြို့သစ် စီမံကိန်းပြန်စရန် ဆန္ဒပြ
by -
မဇ္စျိမ

စက်တင်ဘာလအတွင်း ရပ်ဆိုင်းခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည် အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်း၊ တွံတေး-ဆိပ်ကြီးခနောင် တိုလမ်းဆုံတွင် ဒေသခံနှစ်ထောင် ကျော်ကနိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီခန့်တွင် ဆန္ဒပြသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတည် ဆောက်ရန်လျာထားခဲ့သည့် ရန်ကုန်တိုင်း လှိုင်မြစ်နှင့် တွံတေးတူးမြောင်း ကြား တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင် တိုမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံနှစ်ထောင်ကျော်က တစ်နာရီကြာ ဆန္ဒပြခြင်းဖြစ်သည်။

Myo-Thit

အဆိုပါ မြို့သစ်စီမံကိန်းဖြစ်ပေါ်လာလျှင် ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာ ရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ တောင်းဆိုရခြင်းဖြစ်ကြောင်း တွံတေးမြို့နယ် တမာတကော ကျေးရွာတွင် နေထိုင်သူ ရန်ကုန်မြို့သစ် စီမံကိန်း ပြန်လည်အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရင်က ဆိုသည်။

မဇ္ဈိမ၏ မေးမြန်းချက်များ၌ဆန္ဒပြရာတွင် စီမံကိန်းဒေသမှမဟုတ်သည့် ဒေသခံများပါသည်ဟု သိရသည်။

စီမံကိန်းကို ပြန်လည်စတင်ရန် လူထုဆန္ဒလက်မှတ်များ ကောက်ခံ၍ ရန်ကုန်တိုင်းအစိုးရ အပါအဝင်လွှတ်တော် ဥက္ကဋ္ဌ များထံ ပေးပို့မည်ဟု ကော်မတီဝင်များက ဆိုသည်။

မတ်လက ဒေသအတွင်းရှိ ကျေးရွာ ၁၉ ရွာမှ လူ နှစ်သောင်းကျော်၏ လက်မှတ်များကို ရန်ကုန်တိုင်းအစိုးရကို ပထမအကြိမ် အဖြစ် ပေးပို့ပြီးဖြစ်သည်ဟု ဦးခင်မောင်ရင်က ပြောသည်။

ယင်းသည် စီမံကိန်းအကြောင်း ကောလာဟလများ ထွက်ပေါ်နေချိန် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီမှ မတ်လအတွင်းက ဖြစ်သည်ဟု ၎င်း၏ ပြောဆိုချက်တွင် ပါ၀င်သည်။

စီမံကိန်းကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က စက်တင်ဘာ ၂၂ ရက် တွင် ရန်ကုန်တိုင်း လွှတ်တော်၌ အသိ ပေးခြင်းဖြစ်သည်။

ထိုသို့ကြိုတင်ကြေညာခြင်းမရှိဘဲ ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာမြို့သစ်အများပိုင် ကုမ္ပဏီကို လုပ်ကိုင်စေမည်ဟု တိုင်းလွှတ်တော်သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရန်ကုန်တိုင်း လွှတ်တော်အမတ်များ၊ လုပ်ငန်းရှင်များ၊ မီဒီယာ နှင့် နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် စီမံကိန်းကိုရပ်ဆိုင်းထားသည်။ စီမံကိန်းကို မြေဧက ၃၀,၀၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်၍ ကျပ်ဘီလီယံ ရ,၀၀၀ နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကနဦး ကြေညာထားသည်။