နိုင်ငံခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အတွင်းဝန်ရုံးအတွင်း အိုဘားမား လှည့်လည်ကြည့်ရှု

နိုင်ငံခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အတွင်းဝန်ရုံးအတွင်း အိုဘားမား လှည့်လည်ကြည့်ရှု
by -
မဇ္စျိမ

အမေရိကန် သမ္မတအိုဘားမားက ရန်ကုန်သို့ နိုဝင်ဘာ ၁၄ ရက်က နံနက် ၁၀ နာရီ ၄၅ မိနစ်က ရောက်ရှိလာပြီး ရန်ကုန်အတွင်းဝန်ရုံး ဟောင်းသို့ ဦးစွာ သွားရောက်၍ ရုံးအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းသို့ ကြည့်ရှုစဉ် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT) ဥက္ကဋ္ဌ နှင့် သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက လိုက်လံ ရှင်းပြခဲ့သည်ဟု YHTက ထုတ်ပြန်လိုက်သည်။

ရန်ကုန်သို့ နိုဝင်ဘာ ၁၄ ရက်က လာရောက်နေသည့် အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်အတွင်းဝန်ရုံးဟောင်းအတွင်း လှည့်လည်ကြည့်ရှုရာ မြန်မာသမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ရှင်းပြနေစဉ်။ (ဓါတ်ပုံ - အေအက်ဖ်ပီ)

အိုဘးမားသည် ၁၉၄၈ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဦးစီး ထုတ်ပြန်ကြေငြာခဲ့ရာ အလယ်ကွက်လပ်ရှိ အထိမ်းအမှတ် အလံတိုင်ရှိရာ နေရာကို သွားရောက် ကြည့်ရှုခဲ့သည်။

ယင်းနေရာသည် ၁၉၄၇ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အထိမ်းအမှတ် ကမ္ဗည်း ကျောက်တိုင်နှင့် မြန်မာပထမဆုံး တိုင်းပြုပြည့်ပြု လွှတ်တော် ကျင်းပခဲ့သည့် နေရာလည်း ဖြစ်သည်။

"ရန်ကုန်မြို့လယ် ဧရိယာလို မြို့ပြအခင်းအကျင်းမျိုးက ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မရှိပါဘူး။ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ပါဝင်ဖွဲ့စည်းထားတဲ့ အရမ်းထူးခြားတဲ့ လူ့အသိုက်အဝိုင်း တစ်ခု ဖြစ်ပါတယ်"ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။

ယင်းနောက် အိုဘားမားက YHT ထိန်းသိမ်းစောင့်ရှောက်ရန် အဆိုပြုထားသည့် မြို့လယ်ဧရိယာနှင့် မြစ်ကမ်းနားတစ်လျှောက် နှစ်စတုရန်းကီလိုမီတာခန့်ကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

အိုဘားမားက ထိုမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကာ နံနက် ၁၁နာရီခွဲခန့်မှ စ၍ တွေ့ဆုံဆွေးနွေးနေသည်။ ယင်းနောက်တွင် ပြည်တွင်းပြည်ပ မီဒီယာများသို့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်မည်ဖြစ်သည်။

ယင်းနောက် အိုဘားမားသည် အမေရိကန် သံရုံး၌ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် လူငယ်အဖွဲ့များနှင့် တွေ့ဆုံရန် ရှိသည်။

Photo caption - ရန်ကုန်သို့ နိုဝင်ဘာ ၁၄ ရက်က လာရောက်နေသည့် အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်အတွင်းဝန်ရုံးဟောင်းအတွင်း လှည့်လည်ကြည့်ရှုရာ မြန်မာသမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ရှင်းပြနေစဉ်။ (ဓါတ်ပုံ - အေအက်ဖ်ပီ)

Most read this week