နိုင်ငံ​ရေးတွင် စစ်တပ်မပါဝင်ရန် အိုဘားမား​ပြော

နိုင်ငံ​ရေးတွင် စစ်တပ်မပါဝင်ရန် အိုဘားမား​ပြော
by -
မဇ္စျိမ

မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ဆက်လက် မပါဝင်ရန် ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် လွှတ်​တော်ဥက္ကဋ္ဌများနှင့် လွှတ်​တော်ကိုယ်စားလှယ်များ ​နိုဝင်ဘာ ၁၃ ရက်က တစ်​နာရီ​ကျော်ကြာ ​တွေ့ဆုံမှုတွင် အ​မေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းတိုက်သည်။

အင်ဒိုနီရှားနိုင်ငံကို ဥပမာပေးကာ တပ်မ​တော်မှ အရာရှိ​ဟောင်းများဖြစ်သည့် လွှတ်တော် ဥက္ကဋ္ဌ များဖြစ်​သော သူရဦး​ရွှေမန်း၊ ဦးခင်​အောင်မြင့် တို့နှင့် နေပြည်​တော် နန်းဝတီ ​ဟိုတယ်တွင် ​တွေ့ဆုံစဉ် ​ပြောဆိုခဲ့ခြင်း ဟု ​တွေ့ဆုံမှုသို့ တက်​ရောက်ခဲ့သူ သီ​ပေါ လွှတ်​တော်အမတ် ဦးရဲထွန်းက​ပြောသည်။

45-2nd-ASEAN-U-S-Summit-02

သမ္မတ အိုဘားမားသည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုပင် နိုင်ငံ​ရေးနှင့် ပတ်သက်သည့် အ​ကြောင်းအရာများကို ​ပြောဆို​လေ့မရှိဟုလည်း ဦးရဲထွန်းက ပြန်လည် ​ပြောဆိုသည်။

“ဘာကြောင့်တုန်းဆိုတော့ စစ်တပ်ဆိုတာ လက်နက်ကိုင်တပ်ဆိုတာ အင်းအားတစ်ခုရှိတာ၊ အဲ့ဒီအင်အားကို သူတို့က အားကိုးလေ့ရှိတယ်၊ ဒါကြောင့် အင်အားကိုအားကိုးပြီးတော့ နိုင်ငံရေးအငြင်းအခုန်တွေမှာ အသုံးချလာတယ်ဆိုရင် ဒါဟာ အာဏာရှင်စနစ်ဘက်ကို ရောက်သွားနိုင်တယ်” ဟု ပြောဆိုခဲ့ သည်ဟု ဦးရဲထွန်းကဆိုသည်။

အာဆီယံ ​ဒေသတွင်း နိုင်ငံတစ်ခုဖြစ်​သော အင်ဒိုနီရှားနိုင်ငံသည်လည်း စစ်တပ်သည် ပါလီမန်အတွင်းမှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာလည်း တိုးတက်လာသည်ဟု ဥပ​မာ​ပေး​ပြောဆိုခဲ့​သေးသည်။

လက်ရှိမြန်မာနိုင်ငံရေးအခြေအနေတွင် စစ်တပ်ကို အရပ်သား အစိုးရအောက်လက်အောက်သို့ ရောက်ရှိရန် ကြိုးစားဆောင်ရွက်ရန်နှင့် အရပ်သား အစိုးရစစ်စစ် ဖြစ်လာရန်လည်း သမ္မတ အိုဘားမားက တိုက်တွန်းသွားခဲ့သည်ဟု ​ဆွေး​နွေးပွဲ တက်​ရောက်ခဲ့သည့် လွှတ်​တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ​ဒေါ်ဖြူဖြူသင်းကလည်း ​ပြောသည်။

“အခုမြန်မာနိုင်ငံရဲ့ အခြေအနေက အဲဒီလိုမသွားနိုင်ဘူးဆိုရင် ပြဿနာ အများကြီးဖြစ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က အင်းအားကြီးတယ်။ လက်နက်တွေရှိတယ်။ အဲဒီတော့ သူတို့ရဲ့ အခန်းကဏ္ဍက ပိုပြီးကြီးထွားလာနိုင်တယ်။ အဲဒါကြောင့် သူတို့က အရပ်သားအစိုးရအောက် ရောက် ရှိအောင်လုပ်ရတယ်”ဟု ပြောသည်။

အိုဘားမား၏ ​ပြောဆိုမှုများနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ လွှတ်တော် အတွေ့အအကြံု မရှိသည့်အတွက် ကြားကနေ ဆောင်ရွက်ရခြင်းကြောင်း၊ စိန်ခေါ်မှုများလည်း ရှိသည့်အကြောင်း၊ လက်ရှိမြန်မာနိုင်ငံရေး အနေဖြင့် မဏ္ဍိုင်ကြီးသုံးရပ်က အပြန်အလမ်းထိန်ကျောင်းခြင်း မရှိလျှင် အာဏာရှင်စနစ် ပြန်လည်လွှမ်းမိုးနိုင်သည့် အ​ခြေအ​နေ ရှိလာနိုင်သည်ဟု ပြန်လည်​ဆွေး​ေ​နွး​ကြောင်း ဦးရဲထွန်းက ​ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေး၊ တိုင်းရင်းသားအခွင့်အရေးကိစ္စ၊ ငြိမ်ချမ်းရေးကိစ္စ၊ လွှတ်တော်ဥပဒေပြုရေးကိစ္စ၊ အကူအညီပေးရေးကိစ္စများနှင့် လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အတွေ့အကြံုဖလှယ်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အမေရိကန်သမ္မတအိုဘားမားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ​ရွေးချယ် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးတွေ့ဆုံးဆွေးနွေးခဲ့သည်။

ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များတွင် ပါရှိသည့် အချက်အချို့သည့် အနာဂတ် မြန်မာ့နိုင်ငံ​ရေးတွင် စစ်တပ် ဆက်လက်ပါဝင်နိုင်ရန် အကာအကွယ် ​ပေးထားသည်ဟု ​လေ့လာသူများက ဆိုသည်။ အလားတူပင် လွှတ်​တော်အတွင်း တပ်မ​တော်သားအမတ် ၂၅ ရာခိုင်နှုန်း ပါဝင်​နေခြင်း​ကြောင့်လည်း ​ဝေဖန်မှုများခံ​နေရသည်။

Most read this week