"သမ္မတကြီး ဦးသိန်းစိန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီလိုလှပတဲ့နိုင်ငံကို နောက်တစ်ခေါက်ထပ်ပြီး လာရတဲ့အတွက်နဲ့ အာဆီယံ မိတ်ဖက်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် တိုင်ပင်ဆွေးနွေးဖို့ အခွင့်အရေးရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။
အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့အကြားမှာ ရှိရင်းစွဲ ခိုင်မြဲတဲ့ မိတ်ဖက်အခြေအနေကို ဆက်လက် တိုးတက်အောင် တည်ဆောက်ဖို့အတွက် ကျွန်တော်မျှော်လင့်ထားပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ခင်ဗျ၊ သမ္မတကြီးတို့ရဲ့ နွေးထွေးပျူငှာမှုနဲ့ အခုလို ထိပ်သီးဆွေးနွေးပွဲကြီးကို ကျင်းပပေးမှု တို့အတွက် ကျေးဇူး တင်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌဆိုတဲ့ ကြီးမားတဲ့ တာဝန်ကြီးကို ထမ်းဆောင်ခဲ့ရပြီး ဒေသ တစ်ခုလုံးအတွက် အရေးကြီးတဲ့ အကြောင်းအရာတွေအပေါ်မှာ ခိုင်မာတဲ့ ခေါင်းဆောင်မှုကို ပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။
ကျွန်တော်တက်ရောက်ခဲ့တဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲမှာ ကျွန်တော်ပြောခဲ့ပြီးသလိုပဲ အာဆီယံဟာ အာရှတိုက်ရဲ့ ဖွံ့ဖြိုးမှုမှာ အဓိကနေရာက ပါနေပါတယ်။ အာဆီယံပြည်သူတွေက စိတ်အားထက်သန် တက်ကြွကြပြီး လိမ္မာကျွမ်းကျင်မှုလည်း ရှိကြပါတယ်။ ကျွန်တော့်အနေနဲ့ မနက်ဖြန် ကျရင် အာဆီယံဒေသက လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။ အာရှပစိတ်ဖိတ်ဒေသ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ တူညီတဲ့ အမြင်တွေကို အကောင်အထည်ဖော်ရာမှာ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေးဟာ အရေးကြီးတဲ့အတွက် ဒီဆွေးနွေးပွဲမှာသာမကဘဲ ဒီလုပ်ငန်းမှာ နေ့စဉ်နဲ့အမျှ အချိန်ပေးဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်ကာလတုန်းက အမေရိကန်-အာဆီယံ မိတ်ဖက်ဆံဆက်ရေး မြှင့်တင်တိုးချဲ့ဖို့ အတွက် ကျွန်တော်တို့ များစွာ ကြိုးပမ်းခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သည့်ထက်ထပ်ပြီး လုပ်နိုင်သေးတယ်ဆိုတာ ကျွန်တော်တို့ အားလုံး လက်ခံခဲ့ကြပါတယ်။ ဒါကြောင့်မို့ အမေရိကန်နိုင်ငံ အနေနဲ့ အာဆီယံအဖွဲ့ကြီးဟာ အဖွဲ့အစည်း တစ်ခုတည်း အဖြစ်သာမကဘဲ တူညီတဲ့ ရည်မှန်းချက်နဲ့ တန်ဖိုးတွေရှိတဲ့ အသိုင်းအဝိုင်း တစ်ခုအဖြစ်ပါ ပိုမို အင်အားကောင်းလာစေချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ စီးပွားရေး၊ လူမှုရေး၊ လုံခြံုရေး၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ ဒေသတွင်းက လူငယ်တွေအားလုံးအတွက် ပညာသင်ကြားရေး အခွင့်အလမ်းတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ ရောဂါဘယဖြစ်ပွားမှုတွေ ပေါ်ပေါက်လာရတဲ့ အခါတိုင်း ကျွန်တော်တို့ အနေနဲ့ ဖြေရှင်းဆောင်ရွက်နိုင်မယ့် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အဦးတွေ အားကောင်းအောင် ဆောင်ရွက်ဖို့ လိုတာကြောင့် တစ်နိုင်ငံချင်းစီအနေနဲ့ ဆောင် ရွက်တာထက်စာရင် စုပေါင်းဆောင်ရွက်ရင် ပိုမို အားကောင်းလာလိမ့်မယ်လို့ ယုံကြည်ထားပါ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံချင်းစီရဲ့ အရည်အသွေးကောင်းမွန်လာအောင် ဆောင် ရွက်ယုံတင်မကဘဲ ပိုမိုအင်အားကောင်း၊ စွမ်းဆောင်ရည်ကောင်းပြီး ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ကြိုတင်ပြင်ဆင်နိုင်အောင်လို့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ငံလည်း ကြိုးပမ်းနေကြပါတယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ် သမ္မတကြီး ခင်ဗျ။ ကျွန်တော့်အနေနဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့ မှတ်ချက်စကားကိုလည်း ကြားလိုပါတယ်"။