ကိုပါကြီးအပါအဝင် ဖမ်းဆီးခံ သတင်းသမားများအတွက် ဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေး

ကိုပါကြီးအပါအဝင် ဖမ်းဆီးခံ သတင်းသမားများအတွက် ဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေး
by -
မဇ္စျိမ

ဖမ်းဆီးခံ သတင်းမီဒီယာသမားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများသို့ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ထောက်ပံငွေပေးအပ်သည့် အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဖမ်းဆီးခံ သတင်းမီဒီယာသမားများဖြစ်သည့် Bi မွန်းတည့်နေဂျာနယ် သတင်းသမားများ၊ ဖမ်းဆီးအသတ်ခံရသည့် အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းများသို့ စုစုပေါင်း ၂၇ ဦးသို့ ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

Hanthawady-U-Win-Tin-Foundation

ထောက်ပံ့ငွေများကို အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး၏ မိသားစု အတွက် ကျပ်သုံးသိန်း၊ Biမွန်းတည့်နေဂျာနယ်မှ ဖမ်းဆီးခံသတင်းမီဒီယာသမားများ နှင့် နိုင်ငံရေးအကျဉ်းဟောင်းများကို ကျပ်နှစ်သိန်းစီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကိုအောင်ကျော် နိုင်(ခ)ကိုပါကြီး (အလွတ်သတင်းထောက်)အမျိုးသမီးဖြစ်သူ မသန္တာက "ဒီချီးမြှင့်ငွေပေးအပ်တဲ့အတွက် ကျွန်မတို့ကို ဘဘဦးဝင်တင်က အသိအမှတ်ပြုပြီး ကျွန်မတို့ ဒီနေရာမှာတော့ လူ့အခွင့်အရေး အပြည့်အဝရရှိတဲ့အတွက် တစ်ကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။” ဟု ပြောသည်။

ဟံသာဝတီဖောင်ဒေးရှင်းအနေဖြင့် ထောက်ပံငွေပေးအပ်ပွဲကို ၂၀၁၂ ခုနှစ် မတ်လ၁၂ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်လတစ်ကြိမ် ပုံမှန်ပြုလုပ်ခဲ့ရာ ယခုအကြိမ်တွင် ၁၇ ကြိမ်တိုင်ပြီဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စာနယ်ဇင်းသမား ၅၆၃ ဦး ကို စုစုပေါင်း ကျပ် ၁၄၂၄သိန်း ထောက်ပံခဲ့ပြီးဖြစ်သည်။

Most read this week