မူစယ်တွင် ယာဘဆေးကြောင်သူက မိမိ နေအိမ်အား မီးရှို့

မူစယ်တွင် ယာဘဆေးကြောင်သူက မိမိ နေအိမ်အား မီးရှို့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့တွင် ယာဘ စိတ်ကြွဆေးပြား သုံးစွဲသူ တစ်ဦးက မိမိ နေအိမ်အား မီးရှို့ ဖျက်ဆီးသည့် ဖြစ်ရပ် တခု နိုဝင်ဘာလ ၁၁ရက်နေ့က ဖြစ်ပွား ခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က မူစယ်မြို့ မန့်ဝိန်းရပ်နေ မန့်ဝိန်းဘုန်းကြီးကျောင်း အနီး နေထိုင် သည့် အသက် ၄၀ ကျော် ရှိ စိုင်းသန်းမောင်သည်  မိမိနေအိမ်အား မီးတင်ရှို့ခဲ့ပြီး ၎င်းနေအိမ်နှင့်ကပ်လျက်ရှိ အိမ်တစ်လုံးကိုလည်း ရှို့ခဲ့ခြင်း ဖြစ်သည်။ ၎င်းနောက် စိုင်းသန်းမောင်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

house-Burning

“စိုင်းသန်းမောင်က ယာဘဆေးကြောင်ပြီး သူ့နေအိမ်ကို မီးရှို့လိုက်တာ အိမ်ပြာကျသွားတယ်။ ဘေးအိမ်လဲ တဝက်လောက်လောင်သွားသေးတယ်။ သူ တစ်ယောက်တည်းဘဲ နေတာ။ အဲဒီအိမ်မှာ။ သူ့ကိုတော့ ရဲတွေ ဖမ်းသွားပြီ” ဟု စွန်ဇော်ရပ်ကွက်နေ စိုင်းခမ်းက ပြောသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက စိုင်းသန်းမောင်သည် ၎င်း၏ဇနီးအား မူးယစ်ရမ်းကားရိုက်နှက် သဖြင့် နှစ်ဦးကွာရှင်းပြတ်စဲခဲ့ကြောင်း၊ သားသမီး ၂ ယောက်လည်း မိခင်နှင့်အတူ နေထိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါအိမ်တွင် စိုင်းသန်းမောင် တစ်ယောက်တည်းသာ နေထိုင်သည်ဟု သိရသည်။

မန့်ဝိန်းရပ်သည် မူစယ်မြို့ဆင်ခြေဖုန်းရပ်ကွက် နမ့်ခမ်းအသွားလမ်း တရုတ်နိုင်ငံ စယ်ကောဝ်မြို့ (ဂျယ်ဂေါင်မြို့)နှင့် မျက်နှာခြင်းဆိုင်တွင် တည်ရှိသည်။

Most read this week