မောင်တောတွင် ဟိုတယ်ဇုန်ဆောက်မည်

မောင်တောတွင် ဟိုတယ်ဇုန်ဆောက်မည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဟိုတယ်ဇုန် တည်ဆောက်ရန် လုပ်ငန်းလျာထားပြီး အကောင်အထည်ဖော်ရေး ဆွေးနွေးနေသည်ဟု ရခိုင်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးကျော်ခင်ကပြောသည်။

မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာ အနီးတွင် ဟိုတယ်ဇုန် တည်ဆောက်ရန် စီစဉ်နေဖြင်းဖြစ်သော် လည်း အချိန်ကာလကိုမူ မသတ်မှတ်ရသေးဟု ဝန်ကြီးက ပြောသည်။

“မောင်တော ကုန်သွယ်ဇုံ ဆောက်ပြီးရင် အဲဒါကို မှီပြီး ဟိုတယ်ဇုန် ဆက်လုပ်ဖို့ အကြမ်းအားဖြင့်ဆွေးနွေးထား တာပါ”ဟု ဦးကျော်ခင်က ပြောသည်။

ရခိုင်-ဘင်္ဂလီ ပူးပေါင်းလုပ်ငန်းရှင်များ ပါဝင် လုပ်ကိုင်မည့် မောင်တောကုန်သွယ်ဇုန်ကို မောင်တောမြို့နယ် အလယ်သံကျော်တွင် တည်ဆောက်ရန် လျာထားပြီး ဖြစ်သည်။

မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက “ဘယ်လို လုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံမယ်ဆိုတာ ကိုတော့ ပြောလို့မရသေးဘူး နှစ်ဖက်အဖွဲ့ အစည်းက လုပ်ငန်းရှင်တွေပါမှာပေါ့” ဟု ဆိုသည်။

အဆိုပါ ကုန်သွယ်ဇုန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် ကုန်စည်ကူးသန်းရေး အဓိကထားရန် စီစဉ်ထားသည်။

ရခိုင်ပြည်နယ်တွင် ငပလီဟိုတယ်ဇုန်၊ မြောက်ဦးဟိုတယ်ဇုန်တို့ တည်ရှိပြီး ဖြစ်သည်။