ဦးအောင်သောင်း Black list ဝင်ရခြင်း NLD ကြောင့်မဟုတ်ဟု ဒေါ်စု ငြင်းဆို

ဦးအောင်သောင်း Black list ဝင်ရခြင်း NLD ကြောင့်မဟုတ်ဟု ဒေါ်စု ငြင်းဆို
by -
မဇ္စျိမ

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်၊ ပိတ်ဆို ့ကန့်သတ်ခံရသူများ စာရင်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ပါတီဥက္ကဋ္ဌ၏ အကြံပေး၊ တောင်သာမြို့နယ်အမတ် ဦးအောင်သောင်းအား ၂၀၁၄ အောက်တိုဘာ ၃၁ ရက်တွင် ထည့်သွင်းလိုက်ကြောင်း ကြေညာခဲ့ခြင်းမှာ NLD ပါတီ၏ ပရောဂကြောင့် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က မဇ္စျိမကို ပြောသည်။

“လုံးဝ မဟုတ်ဘူး၊ ဒီကိစ္စမှာ သူတို ့ထုတ်ပြန်ပြီးမှ သိရတာ၊ အန်တီတို ့ တိုင်ပင်ပြီး လုပ်တာ လုံးဝ မဟုတ်ဘူး၊ နောက်ပြီးတော့ လည်း ရှေ့ဆက်သွားမယ့် အမျိုးသား ရင်ကြားစေ့ရေးသွားဖို ့ လုပ်နေချိန် မှာ နောက်ကြောင်းပြန်တာတွေကို အန်တီတို ့က သိပ်ပြီး စိတ်မပါဘူး၊ ဒါဟာ ဘယ်သူ့ကိုမှလည်း အကျိုးမပြုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲ၊ အခုအချိန်မှာ ငြိမ်း ချမ်းရေးအတွက် လုပ်နေတယ်ဆိုရင် တစ်ချိန်တစ်ခါတုန်းက တစ်ယောက်နဲ ့တစ်ယောက် တိုက်ခိုက်နေတဲ့ အဖွဲ့တွေတောင်မှ အဆင်ပြေအောင် လုပ်နေတဲ့ အချိန်မှာ ဒီဟာတွေ လုပ်တာဟာ နိုင်ငံကို ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာ အဲဒါကို ကြည့်ရမယ်၊ ဒါက NLD နဲ ့ လုံးဝမဆိုင်ဘူး”ဟု သူမက ရှင်းပြသည်။

ဦးအောင်သောင်းသည် လူ ့အခွင့်အရေး ချိုးဖောက်ဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်း လဲရာတွင် ဟန့်တားရန်ကြိုးစားခြင်း၊ အကျင့်ပျက်ခြစားမှုများ ရှိခြင်းတို ့ကြောင့် ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ကန့်သတ် ပိတ်ဆို ့ခံရသူစာရင်းတွင် ယခုကဲ့သို ့ထည့်သွင်း ရကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ပြီး နောက်တစ်နေ့မှာပင် ထိုဖြစ်ရပ်မှာ NLD ပါတီ၏ ပရောဂ မကင်းဟု အမျိုးသားလွှတ်တော် မှ ပြည်ခိုင်ဖြိုးအမတ်တစ်ဦးက စတင် စွပ်စွဲပြောဆိုခဲ့သည်။ ထို ့အပြင် ဦးအောင်သောင်းအား black list ထဲ ထည့်သွင်းစေအောင် မခိုင်မာသော အချက်အလက် မှားများ ပေးပို ့တိုင်ကြားသူမှာ ရာထူးအာဏာ မက်မောသူဖြစ်ပြီး ထိုသူ့အား ဆန်းစစ်ရန်နှင့် ရှုံ့ချကြရန် နိုဝင်ဘာ ၁၀ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးအမတ်တစ်ဦးက အရေးကြီးအဆို တင်သွင်းရာ၌ ထည့်သွင်းပြောကြားခဲ့သေး သည်။

ဦးအောင်သောင်းကဲ့သို ့သော အခြားသူများကိုလည်း ထိုသို ့black list ထဲ ဆက်လက်ထည့်သွင်းမှုမျိုး ရှိသင့်ပါသလားဟု မဇ္စျိမက ဆက်မေးသည့်အပေါ် ဒေါ်စုက “ အန်တီ အစကတည်းက ပြောပြီးပြီ၊ အန်တီက ကလဲ့စားချေဖို့ကို ဒါကို ဘယ်လိုမှ စိတ်ထဲမှာ မရှိခဲ့ဘူး၊ ကလဲ့စားချေဖို့က အဓိက မဟုတ်ဘူး၊ ရင်ကြားစေ့ဖို့က အဓိက၊ တိုင်းပြည်အတွက် အကျိုးရှိမယ့်ဟာက ရင်ကြားစေ့ခြင်းပဲ၊ ကလဲ့စားချေခြင်း မဟုတ်ဘူးလို ့ ဒါကို အမေက အမြဲ တစိုက်မတ်မတ်နဲ ့ပြောခဲ့တယ်၊ ဒီကိစ္စနဲ ့ပတ်သက်လို ့လည်း သိပ်မပြောင်းပါဘူး” ဟု ဖြေကြားခဲ့သည်။