စစ်တွေတွင် လေယဉ် တစီး ပြေးလမ်းချော်သွား၍ လေယဉ်မှူးနှင့် ခရီးသည် အမျိုးသမီးငယ် တဦး ဒဏ်ရာရ

စစ်တွေတွင် လေယဉ် တစီး ပြေးလမ်းချော်သွား၍ လေယဉ်မှူးနှင့် ခရီးသည် အမျိုးသမီးငယ် တဦး ဒဏ်ရာရ
မြန်မာ လေကြောင်းပိုင် လေယဉ် တစီး စစ်တွေ လေယဉ်ကွင်းသို့ ဆင်းသက်စဉ် လေယဉ်လမ်းကြောင်း ချော်သွားသဖြင့် လေယဉ်မှူး တဦးနှင့် ခရီးသည် အမျိုးသမီးငယ် တဦး ဒဏ်ရာ ရရှိသွား ...

မြန်မာ လေကြောင်းပိုင် လေယဉ် တစီး စစ်တွေ လေယဉ်ကွင်းသို့ ဆင်းသက်စဉ် လေယဉ်လမ်းကြောင်း ချော်သွားသဖြင့် လေယဉ်မှူး တဦးနှင့် ခရီးသည် အမျိုးသမီးငယ် တဦး ဒဏ်ရာ ရရှိသွားသည်။

စစ်တွေလေယဉ်ကွင်းသို့ သွားရောက်ကြည့်ခဲ့သူ အမျိုးသား တဦးက “လေယဉ်မှူး တဦးနဲ့ ခရီးသည် အမျိုးသမီးငယ် တဦး ဒဏ်ရာ ရရှိသွားပါတယ်။ ခရီးသည် အမျိုးသမီး ငယ်ကိုတော့ ဒဏ်ရာ ပြင်းထန်တဲ့အတွက် ချက်ချင်း ဆေးရုံတင်လိုက်ရပါတယ်” ဟု ပြောသည်။

လေယဉ်တွင် ခရီးသည် ၆၄ ဦး ပါရှိလာပြီး လေယဉ်မှာ မြန်မာလေကြောင်းပိုင် လေယဉ် ဖြစ်သည်။ ယနေ့နံနက်က ရန်ကုန်မှ ပျံသန်းလာပြီး နံနက် ၈ နာရီ ၃၀ တွင် စစ်တွေ ကွင်းသို့ အဆင်း၌ ယခုကဲ့သို့ လမ်းချော်သွားခြင်း ဖြစ်သည်။

“သူက လေယဉ်တောင်ပံတွေ အကုန်လုံးကျိုးသွားပါတယ်။ သစ်ပင်တွေမှာ တိုက်မိပြီး ကျိုးသွားတာပါ။ ကံကောင်းတာက လူနှစ်ဦး ဒဏ်ရာ ရာတာကလွဲပြီး အသေအပျောက် မရှိတာဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ လေယဉ်မှာ မည်သည့်အတွက်ကြောင့် ပြေးလမ်းကြောင်းချော်သွားခဲ့သည်ကို မသိရှိရသေးကြောင်းနှင့် သက်ဆိုင်ရာမှ စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရှိရသည်။

Most read this week