ပေါင်းတည်မြို့တွင် အရေးသုံးရပ် ဆန္ဒပြတောင်းဆို

ပေါင်းတည်မြို့တွင် အရေးသုံးရပ် ဆန္ဒပြတောင်းဆို
by -
မဇ္စျိမ

တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့် အရေးသုံးရပ် ဆောင်ရွက်ပေးရန် ပေါင်းတည်မြို့ ဒေသခံ ၂၀၀ ကျော်က နိုဝင်ဘာ ၉ ရက်တွင် ဆန္ဒပြတောင်းဆိုလိုက်သည်။

“တရားဥပဒေစိုးမိုးရေးက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆက်စပ်နေတယ်။ အခုပဲ အရပ်သား သတင်းထောက် တစ်ယောက်ကို စစ်တပ်က သတ်ပစ်တယ်။ဒါပေ မဲ့ စစ်တပ်က သမ္မတလက်အောက်မှာမရှိဘူး။ ဘယ်လိုလုပ် အရေးယူမလဲ” ဟုဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင် ကပြောသည်။

Crsary

ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုခင်မောင်လှိုင်ကလည်း “ တရားဥပဒေမစိုးမိုးတဲ့အတွက် ကိုပါကြီးလို လူမျိုး အသတ်ခံရတယ်။ သတင်းမီဒီယာသမားတွေ အဖမ်းခံရတယ်။ တောင်သူလယ်သမားတွေ မြေသိမ်းခံရ တယ်။ မြေသိမ်းခံရလို့ပြန်ပြီးဆန္ဒပြရင်လည်း တရားဆွဲထောင်ချတယ်” ဟုဆိုသည်။

ဆန္ဒပြသူများသည် ပေါင်းတည်မြို့၊ မှတ်တိုင်လမ်းတွင် စတင်စုဝေးကာ ချီတက် ဆန္ဒပြကြပြီး ဘုရားကြီးလမ်းရှိ မင်းလက်ယာ စေတီတော်ရှေ့ တွင် ဟောပြော မှုများ ပြုလုပ်ကာ ဆန္ဒပြပွဲကို ရပ်နားကြသည်။

တရားဥပဒေစိုးမိုးရေးအတွက် ဖမ်းဆီးထားသော သတင်းမီဒီယာသမားများ လယ်သမားများ ချက်ချင်းလွှတ်ရန်၊ ကိုပါကြီးအသတ်ခံရမှုအား အမှုမှန်ဖော်ထုတ် ရန်၊ သိမ်းဆည်လယ်ယာမြေများပြန်ပေးရန် တောင်းဆိုကြသည်။

ထို့ပြင် ပြည်တွင်းစစ်ရပ်တန့်ရန် နှင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်၊ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ၅၉ (စ)၊ ၅၉ (ဃ) ဖျက်သိမ်းရေး၊ ရွေး   ကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ပီအာရ် စနစ်မကျင့်သုံးရေး စသည်တို့ကိုလည်း တောင်းဆိုသည်။

Most read this week