အနောက်ဘက်နယ်စပ်ရှိ သမိုင်းဝင်ဝက်ကျိန်းဘုရား ဆီးမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ပွဲ ကျင်းပ

အနောက်ဘက်နယ်စပ်ရှိ သမိုင်းဝင်ဝက်ကျိန်းဘုရား ဆီးမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ပွဲ ကျင်းပ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ရှိ ၀က်ကျိန်းဓာတ်တော်စေတီ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲကို ရှေးရိုးရာ ဓလေ့ထုံးတန်းစဉ်လာများနှင့် အညီ တန်ဆောင်မုန်းလပြည့်နေ့က ရခိုင်တိုင်းရင်းသားများက စုပေါင်း ကျင်းပခဲ့ကြသည်။

“၀က်ကျိန်းဓာတ်တော်က မောင်တောမြို့နယ်အတွင်း သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်ပါတယ်။ ဒီဘုရားပွဲကို နှစ်စဉ် နှစ်တိုင်းကျင်းပလာရာမှာ ဒီနှစ်မှာတော့ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေက ဒေသဆိုင်ရာ တပ်မတော် အကြီးအကဲတွေရဲ့ အကူအညီတွေနဲ့ တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဒီဘုရားပွဲကို  စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါတယ်” ဟု တောင်ပြိုမြို့နယ်ခွဲ အရပ်ဘက် လူမူအဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောသည်။

 မြိုတိုင်းရင်းသားများမှ ရိုးရာ တူရိယာများဖြင့် ဘုရားပွဲတွင် သီဆို ဖြေဖျော်နေစဉ်။ (ဓါတ်ပုံ- နိရဥ္စရာ)

မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများမှာ ယခုအခါ လူနည်းစု ဖြစ်နေပြီး လုံခြံုရေးအရ အားနည်းမူများ ရှိနေသော်လည်း ဒေသအတွင်းက တပ်မတော်နဲ့ ခရိုင်၊ မြို့နယ် အဆင့်အရာရှိများ၏ အကူအညီများဖြင့် တန်ဆောင်မုန်း လပြည့်နေ့က ယင်းဘုရားပွဲတော်အား ကျင်းပရာ ယခုနှစ်တွင်လည်း အထူးစည်ကားခဲ့သည်ဟု သိရသည်။

“ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ မှ တပ်​မမှူး ဗိုလ်​မှူးချုပ်​ခင်​​ဇော်​ကိုယ်တိုင် သူရဲ့ ဇနီးနဲ့အတူ ဘုရားပွဲကို တက်ရောက်ဆင်နွဲ ပါတယ်။ တခြား  ခရိုင်​ /မြို့နယ်​ အဆင်​့ဌာနဆိုင်​ရာ အရာရှိကြီးတွေ၊ အစိုးရ ၀န်ထမ်းတွေ၊ ဒေသခံတိုင်းရင်းသားတွေ တက်​​ရောက်​ကြပါတယ်။ ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စတဲ့ တိုင်းရင်းသား လူထု  ၅၀၀၀ ခန့်ရောက်ပါတယ်” ဟု ဆိုသည်။

ယင်း ၀က်ကျိန်းဘုရား ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ပွဲတွင်  ၀က်​ကျိန်​း တောရဆရာ​တော်​အား ကထိ်​န်​သင်္ကန်​းနှင်​့ လှူဖွယ်​ပစ္စည်​းများဆက်​ကပ်​ကြသည်​။

တန်ဆောင်မုန်းလပြည့် (နိုဝင်ဘာလ ၆ ရက်)  နေ့လည်​ပိုင်​းတွင်​ ရခိုင်​ရိုးရာကျင်​ကိုင်​ပွဲကို ကျင်းပရာ ရန်​​အောင်​ပြင် ကျေးရ​ွာမှ ပထမ၊ ​ချောတိုင်​တက်​ပွဲတွင်​ ​အောက်​ပြူးမ​ကျေးရွာမှပထမ ရရှိပြီး လွန်​ဆွဲပွဲတွင်​ ​လောင်​းဒုံ​ကျေးရွာမှ ပထမ ဆုတို့ အသီးသီးရရှိခဲ့ကြသည်ဟု သိရသည်။

ဆုရရှိသည့် ကျေးရွာများအား  နယ်​​မြေခံတပ်​ရင်​းမှုး ဒုတိယဗိုလ်​မှူးကြီး​နေဇင်​လတ်​နှင်​့ ​တောင်​ပြိုမြို့အုုပ်​ချုပ်​​ရေးမှူးဦး​အောင်​​ကျော်​စိုးတိုမှ အသီးသီး ဆုများ ​ပေးအပ်​ခဲ့ကြသည်ဟု ဆိုသည်​ ။

ညပိုင်​းတွင်​ ယဉ်​​ကျေးမှု ပ​ဒေသာကပွဲကို ဆက်​လက်​ကျင်​းပရာ မြို၊ သက်​၊ ရခိုင်​၊ ဗမာယဉ်​​ကျေးမှု အကများဖြင်​့ ဧည်​့ခံ​ဖျော်​​ဖြေခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်​​တောမြို့နယ်​နှင့် ဘင်္ဂလာဒေချ့် အနောက်ဘက် နတ်မြစ်ကမ်းခြေ တစ်လျှောက်တွင် ဘုရားရှင် ဓာတ်တော်များ ဖြင့် တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်း စေတီအများအပြားရှိ ရာ မောင်တောမြို့နယ် မြောက်ပိုင်း အောင်​စစ်​ပြင်​ ​ကျေးရွာအုပ်​စုရှိ သမိုင်းဝင်​ ၀က်​ကျိန်းဓာတ်​​စေတီ​လည်းပါ၀င်သည်။

သို့သော်လည်း အများစု စေတီတော်များမှာ မသမာသူများ၏ လက်ချက်ဖြင့် ပြိုပျက်ခဲ့ရပြီး အများပြည်သူများမှာ သွားရောက် ဖူးမျှော်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

Most read this week