ထိုင်းနိုင်ငံ လိပ်ကျွန်း(ကော့တောင်ကျွန်း)တွင် ဗြိတိန်စုံတွဲ သတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနှစ်ဦး အ ရေးလိုက်ပါဆောင်ရွက်နေ သည့် မြန်မာသံရုံးအထူးအဖွဲ့မှ ဦးကျော်သောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက အမည်ပျက်စာရင်း (Black Lis) ထည့်သွင်းလိုက်သဖြင့် သမ္မတထံတင်ပြ အရေးဆိုမည်ဟု ဦးကျော်သောင်းက ပြောသည်။ မြန်မာသံရုံး အဖွဲ့တိုင်ပင်ပြီး နိုဝင်ဘာ ရ ရက်တွင် သမ္မတထံ အစီရင်ခံစာတင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဖမ်းဆီးခံ မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများအား ရန်ကုန်မြို့သို့ ပြန်လည် ပို့ဆောင်စဉ် နိုဝင်ဘာ ၄ ရက် ရန်ကုန်လေဆိပ် အရောက်တွင် အမည်ပျက်စာရင်း အသွင်းခံထားရ ကြောင်း သိရသည်ဟု ၎င်းကပြောသည်။
ဦးကျော်သောင်းက “ကျွန်တော့်ကို လေဆိပ် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ရုံးခန်းကို ခေါ်သွား တယ်။ နာမည်ပျက်စာရင်းသွင်းထားတဲ့ စာထုတ်ပြတယ်။ စာရွက်မှာတော့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအဖွဲ့ချုပ်က အတွင်းရေးမှူးက တိုင်တာလို့ ရေးထားတယ်။ ပတ်စ်ပို့ သုံးအုပ်ကိုင်ပြီး ၀င်လိုက် ထွက်လိုက်လုပ်လို့ တိုင်တာလို့ပြောတယ်။ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ အဖွဲ့ကတိုင်တာမို့ ကျွန် တော့်ကို နာမည်ပျက် စာရင်းသွင်းတာဆို ယုတ္တိမရှိတဲ့ အကြောင်းပြချက်ပါ။ နိုင်ငံရေးပြစ်မှုလဲ မရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးတရားဝင် ဆောင်ရွက်နေသူ ဖြစ်သည့် အတွက် အမည်ပျက် (Black Lis) စာရင်းသွင်း ခံထားရခြင်းနှင့် ပတ်သက် ၍ မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းရှင် များအဖွဲ့ချုပ် အတွင်း ရေးမှူးဦးကျော်ထင်ကျော်က ဦးကျော်သောင်းသည် ထိုင်း-မြန်မာအလုပ် သမားစေ လွှတ်ရေး MOU စနစ်ကို ပျက်သွားစေရန် အလုပ်သမားများကို သွေးထိုး လှုံ့ဆော်သူ ဖြစ်ခြင်း၊ ပတ်စ်ပို့သုံးခု ကို ကိုင်ဆောင် ထားခြင်း တို့ကြောင့် အောက်တိုဘာ လ အတွင်းကပင် တိုင်ကြားထားခြင်း ဖြစ်သည်ဟု ပြော သည်။
၎င်းက “နိုင်ငံသားတစ်ဦးက ပတ်စ်ပို့ သုံးခုကိုင်ထားတဲ့အတွက် တိုင်ထားတာပါ။ နယ်စပ်မှာ အထောက် အထားမဲ့ လုပ်သား တွေကို ထုတ်ပေးတဲ့ ပတ်စ်ပို့၊ နောက် ထိုင်းမှာ အလုပ်လုပ်ခွင့်ပတ်စ်ပို့ရ အပြင် ပြည် တွင်းက ပတ်စ်ပို့အနီကိုပါ ကိုင်ထားတယ်။ အထူးသဖြင့် အစိုးရဲ့ စနစ်ကို ပျက်စီးအောင် အလုပ်သမား တွေ ကို သွေးထိုးလှုံ့ဆော်နေတာဖြစ်လို့ တိုင်ထားတာပါ”ဟု ပြောသည်။
ဦးကျော်သောင်းသည် လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံနေရသော မြန်မာလုပ်သားနှစ်ဦး၏ အမှုဖြစ်စဉ် ကို အမှန်တိုင်း ပေါ်ပေါက်စေရန် ကူညီဆောင် ရွက်ပေး နေသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသံအမတ် ကြီး ဦးဝင်းမောင်က ဖွဲ့စည်းပေးထားသော မြန်မာသံရုံးအဖွဲ့တွင် ပါ၀င်သူဖြစ်သည်။