ကေအိုင်အေ တပ်ရင်း ၆ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ကောလဟလသာဖြစ်ဟု ဝန်ကြီးချုပ်ပြော

ကေအိုင်အေ တပ်ရင်း ၆ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ကောလဟလသာဖြစ်ဟု ဝန်ကြီးချုပ်ပြော
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကင်ဆီဆိုင်းရာဒေသ အောင်ဘာလီ ကျေးရွာအနီး တပ်စွဲထားသော KIA  တပ်မဟာ၂ လက်အောက်ရှိ တပ်ရင်း ၆ ကို ဖယ်ရှားပေးရန် အစိုးရတပ်ဖက်က နုတ်ဖြင့်အကြောင်းကြားသည့် ကိစ္စမှာ ကောလာဟလသာ ဖြစ်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကပြောသည်။

ဥရုမြစ် အရှေ့ဘက်ခြမ်းရှိ အောင်ဘာလီ ကျေးရွာအနီး တပ်စွဲထားသော KIA တပ်ရင်း ၆ကို  ဖယ်ရှားရန်အစိုးရတပ် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတစ်ခုက အောက်တိုဘာလ ၁၄ ရက်မှစကာ ၁၇ရက်ထိ နုတ်ဖြင့်ရော၊စာဖြင့်ပါ အကြိမ်ကြိမ် အကြောင်းကြားခဲ့သည်ဟု ကေအိုင်အေနှင့် ဒေသခံများက ပြောခဲ့သော်လည်း ယင်းမှာ ကောလဟလသာ ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

KIA-2s

ဝန်ကြီးချုပ်က “နောက်ဆုံးအဖြေကတော့ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေက အမိန့်ထုတ်ပြန်ထားတာမရှိဘူး၊ ကောလာဟလ သာဖြစ်တယ်လို့ တာဝန်ရှိသူတွေကို ရှင်းပြထားပြီးဖြစ်ပါတယ်” ဟု ပြောသည်။

တပ်များဖယ်ရှားခိုင်းသည့် သတင်းနှင့် ပတ်သက်၍ KIA က အစိုးရတပ်ဘက်မှ ပဋိပက္ခညှိနှိုင်းရေး ခေါင်းဆောင်ဖြစ်သည့် ဗိုလ်မှူးသန်းအောင်ထံ စာရေးအကြောင်းလာပြီး ၎င်းမှတစ်ဆင့် ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ လိုအပ်သလို စီစဉ်ဆောင်ရွက်ရန် ဆက်လက်တင်ပြထားခြင်း ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

၀န်ကြီးချုပ် လဂျွန်ငန်ဆိုင်းက “ကျွန်တော်တို့ ကချင်ပြည်သူတွေကလည်း ငြိမ်းချမ်းရေးအရသာကို ၁၇ နှစ်လုံးလုံးခံစားလာခဲ့ရတော့ တစ်ခုခုဖြစ်လိုက်ပြီဆို အရမ်းစိုးရိမ်တယ်။ မှန်တယ် မှားတယ်ဆိုတာ ဒုတိယအဆင့်မှာပဲ ရှိပါတယ်။ သတင်းတစ်ခုခုဖြစ်လာပြီဆိုရင် စိုးရိမ်ကြောင့်ကြမှုတွေက အရင်ဖြစ်ပါတယ်” ဟု ဆိုသည်။

အောင်ဘာလီကျေးရွာသို ့ သွားရောက်နိုင်သည် ့လမ်းမှာ တစ်လမ်းသာရှိပြီး တပ်များဆုတ်ခိုင်းသည့် သတင်းများ ထွက်ပေါ်လာသည့် အခါ KIA နှင့် အစိုးရတပ်အကြား ပိတ်မိနေသကဲ့သို့ အခြေအနေမျိုး ကြံုတွေ့ရသည့်အတွက် စိုးရိမ်စိတ်ကြီးထွားလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ အောင်ဘာလီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပေါ်သည့် အခြေအနေ မရှိတော့ဘဲ ဒေသခံများလည်း ထွက်ပြေးမှု မရှိတော့ကြောင်း တအာင်းစာပေနှင့်ယဉ်ကျေး မှု ကော်မတီ (ဖားကန် ့ မော်ရှန်ပလောင်ရုံး)မှ ဒု- ဥက္ကဌ ဦးဝင်းအောင် က ပြောသည်။

Most read this week