ရွေးကောက်ပွဲစနစ် ကော်မရှင်အစီရင်ခံစာ လုပ်ပိုင်ခွင့် ကျော်လွန်ဟုဆို

ရွေးကောက်ပွဲစနစ် ကော်မရှင်အစီရင်ခံစာ လုပ်ပိုင်ခွင့် ကျော်လွန်ဟုဆို
by -
မဇ္စျိမ

ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ် ရေးကော်မရှင်၏ အစီရင်ခံစာကို ဆွေးနွေးလိုသူ ကိုယ်စားလှယ် ၄၅ ဦးအနက် ၁၁ ဦးက ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ စတင်ဆွေးနွေးကြရာ ထိုအစီရင်ခံစာ သည် ကော်မရှင်အဖွဲ့ဝင်အားလုံး၏ သဘောထား မဟုတ်သကဲ့သို့ ကော်မရှင်အား ပြည်သူ့လွှတ်တော်က အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုလည်း ကျော်လွန်နေသည်ဟု PR စနစ်ကို ကန့်ကွက်သည့်အမတ် တို့ကဝေဖန် ထောက်ပြခဲ့ကြသည်။

“ကော်မရှင်ကို လွှတ်တော်က တာဝန်ပေးတာက နည်းလမ်းရှာဖို့ပါ။ နောက်ပြီး ကော်မရှင်ဥက္ကဋ္ဌက အစီ ရင် ခံစာမှာပါတဲ့ (PR နဲ ့ PR ကို အခြေခံတဲ့) ရွေးကောက်ပွဲစနစ် (၃) နဲ ့(၄) ဟာ မြန်မာနိုင်ငံနဲ့ သင့် လျော်ပါတယ်လို့ တင်ပြခြင်းဟာလည်း ကော်မရှင်ရဲ ့လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်နေပါတယ်” ဟု ကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်  NLD ပါတီဝင် ကျောက်ပန်းတောင်းမြို့နယ် အမတ် ဒေါက်တ  ဇော်မြင့်မောင် က လွှတ်တော်သို့ ပြောသည်။

DASSK-1

ပုသိမ်မြို ့နယ်အမတ် ဦးဝင်းမြင့်က “PR ကို ရွေးမယ်ဆိုရင် တည်ဆဲဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ နည်းလမ်းတွေအရ ဥပဒေတွေကို ပြန်ပြင်ရပါမယ်။ ဒီအစီရင်ခံစာဟာ အခြေခံဥပဒေရဲ့ အနှစ်သာရကို ပုံမှားရိုက် ဆောင်ရွက်ထားခြင်းသာဖြစ်ပါတယ်” ဟု ၎င်းက ထောက်ပြသည်။

“PR စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ရွေးချယ်တင်မြှောက်မခံရတဲ့ ကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာ ဘယ် နိုင်ငံမှ မရှိပါဘူး။ ဒါကြောင့် PR စနစ် ကျင့်သုံးမယ်ဆိုရင် အဲဒီ ၂၅ ရာနှုန်း ဆက်ရှိသင့် မသင့် စဉ်းစားသင့် ပါတယ်” ဟု မိတ္ထီလာအမတ် ဦးဝင်းထိန်က ပြောသည်။

ယနေ့ဆွေးနွေးကြသည့် ကိုယ်စားလှယ် ၁၁ ဦးတို အနက် ရေဖြူအမတ်မှလွဲ၍ ကျန်ပြည်ခိုင်ဖြိုးပါတီဝင် အမတ်များက ဏျွ စနစ်ကိုသာ ရွေးသင့်ကြောင်း ဆွေးနွေးခဲ့ကြပြီး ရေဖြူအမတ် ဦးဝင်းဦးကမူ FPTP မဲများရာ အနိုင်စနစ်ကိုသာ ဆက်သုံးကာ ဒုတိယမဲအများဆုံးနှင့် တတိယအများဆုံး တို့ကို အရန်ကိုယ်စား လှယ်ထားသည့် နည်းလမ်းကို ဖြည့်စွက်အကြံပြုသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဟန်ကမူ လတ်တလော အကျိုး အမြတ်ကိုမကြည့် ဘဲ ရေရှည်အကျိုးရှိနိုင်သည့် စနစ်တစ်ခုကို မှေးမှိန်စေနိုင်ကြောင်း၊ State Holders  များအကြား အပြန်အလှန် ယုံကြည်မှုပိုရစေသည့်စနစ် ရွေးချယ်သင့်ကြောင်း ပြောသည်။

Most read this week