RSO ကောလာဟလကြောင့် ရခိုင်ကမ်းရိုးတန်းတွင် စစ်ရေယာဉ်များ ကင်းလှည့်ရန် စီစဉ်ထား

RSO ကောလာဟလကြောင့် ရခိုင်ကမ်းရိုးတန်းတွင် စစ်ရေယာဉ်များ ကင်းလှည့်ရန် စီစဉ်ထား
by -
မဇ္စျိမ

ရခိုင်ပြည်နယ် ၊ နယ်စပ်မြို့များတွင် ရိုဟင်ဂျာ စစ်သွေးကြွများအဖွဲ့ (RSO) များ ဝင်ရောက်မည်ဆိုသောကောလာဟလများအပေါ် လူထု၏ ထိတ်လန့်မှုများကို ထိန်းချုပ်နိုင်ရန် လက်နက်တပ်ဆင်ထားသော ကင်းလှည့်ရေယာဉ်များဖြင့် ရေကြောင်းလုံခြံုရေးကင်းလှည့် မည်ဟု မောင်တော အမှတ်(၁) ဝင်ထွက် စခန်းမှ တာဝန်ရှိသူက ပြောသည်။

ရခိုင်ပြည်နယ် နယ်စပ်မြို့များတွင် RSO အဖွဲ့များ ဝင်ရောက်မည်ဟူသည့် သတင်းများ ထွက်ပေါ်နေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီး နယ်စပ်တိုင်းရင်းသား ကျေးရွာများတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

စစ်တွေဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် တပ်မတော်(ရေ) စစ်သင်္ဘောများကို တွေ့ရစဉ်။

ရခိုင်ပြည်နယ် နယ်စပ်မြို့များတွင် RSO အဖွဲ့များ ဝင်ရောက်မည်ဟူသည့် သတင်းများ ထွက်ပေါ်နေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီး နယ်စပ်တိုင်းရင်းသား ကျေးရွာများတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ရေကြောင်း လုံခြံုရေးကင်းလှည့်တဲ့ နေရာမှာ အဓိကသုံးမယ်၊ ရေကြောင်း ရဲတပ်ဖွဲ့တွေ တိုးဖွဲ့ထားတယ်။ အင်အားကိုတော့ပြောခွင့်မရှိဘူး” ဟု ပြောသည်။

အဆိုပါရေယာဉ်များဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းနယ်စပ် ဖြစ်သော ရခိုင်ပြည်နယ် ရေကြောင်းလုံခြံုရေး ကို အဓိကထားမည် ဖြစ်သည်။

အဆိုပါ ရေယာဉ်နှစ်စင်းကို မောင်တော အမှတ် (၁) နယ်စပ်အဝင်အထွက် စခန်းတွင် ထားရှိပြီး အပတ်စဉ် ကင်းလှည့်မှုများပြုလုပ်မည်ဖြစ်သည်။

မောင်တောမြို့နယ် မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာ ဦးစံညွန့်ရွှေက “ရွာတွေမှာတော့ RSO နဲ့ ပတ်သက်တဲ့ သတင်းလိုလိုကောလာဟလလိုလို ထွက်နေတုန်းပဲ။ မြို့ပေါ်မှာတော့ မရှိဘူး” ဟု ပြောသည်။

RSO တပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်မည့် သတင်းများကြောင့် စက်တင်ဘာလ အတွင်းက မောင်တောနယ်စပ်တွင် တပ်အင်အား တိုးချဲ့ခြင်း၊ ကင်းလှည့်ခြင်းများ ပြုလုပ်ခဲ့သေးသည်။

ရခိုင်ပြည်နယ် လုံခြံုရေးအတွက် ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင် မြို့နယ်များတွင် ရေကြောင်းတပ်ဖွဲ့များလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။

လက်နက်တပ်ဆင်ထားသော ကင်းလှည့်ယာဉ်နှစ်စင်းကို ရေကြောင်းရဲတပ်ဖွဲ့က အသုံးပြုသွားမည်ဖြစ်သည်။

Most read this week