ဝါးရှားပါး၍ နေအိမ်များ ပြုပြင်ရန် အခက်ကြံု

ဝါးရှားပါး၍ နေအိမ်များ ပြုပြင်ရန် အခက်ကြံု
by -
မောင်အေး
ယခုနှစ်အတွင်း ဝါးရှားပါး၍ ဝါးစျေးများ အဆမတန် မြှင့်တက်နေသဖြင့် ဝါးကို အဓိကထား အသုံးပြုနေရသော ရခိုင်ပြည်သူ အများစုမှာ နေအိမ်များ ပြုပြင််ရာတွင် အခက်အခဲများနှင့် ကြံုတွေ့နေရကြ ...

ယခုနှစ်အတွင်း ဝါးရှားပါး၍ ဝါးစျေးများ အဆမတန် မြှင့်တက်နေသဖြင့် ဝါးကို အဓိကထား အသုံးပြုနေရသော ရခိုင်ပြည်သူ အများစုမှာ နေအိမ်များ ပြုပြင််ရာတွင် အခက်အခဲများနှင့် ကြံုတွေ့နေရကြသည်။

ဝါးအရောင်း၏အဝယ် ပြုလုပ်သူ တဦးက “ခါတိုင်းနှစ်တွေဆိုရင် ဒီအချိန်က အရောင်းအဝယ် သိပ်ကောင်းတဲ့ အချိန်ပါ။ မိုးနည်းနည်း ရွာလာတာနဲ့ လူတွေက သူထက်ငါ အလုအယက် ဝါးတွေကို လာဝယ် ကြတာပါဘဲ။ ခုနှစ်တော့ ဝါးရှားပြီး ဝါးစျေးက ကြီးသလို လူတွေလက်ထဲမှာ ငွေလည်း မရှိတော့ အရောင်းအဝယ်က လုံးဝ မကောင်းဘဲ ဖြစ်နေပါတယ်။”

အိမ်ပြုပြင်လိုသူများအနေဖြင့် ဝါးစျေးကြီးနေသဖြင့် ဝါးများကို အဖြတ်လိုက် ဝယ်ယူ အသုံးပြုနေကြသည်ဟု သူက ပြောသည်။

“ဒီနှစ််ဝါးစျေးက အလုံး တရာကို ၁၈ဝဝဝ ကျပ်ကနေ ၂ဝဝဝဝ ကျပ် အထိ ရှိပါတယ်။ အယင်နှစ်ကတော့ ၁၅ဝဝဝ ကျပ် လောက်ဘဲရှိပါတယ်။ ဝါးတွေက အမျိုးမျိုး အစားစား ရှိနေတဲ့ အတွက် စျေးနုန်းကိုလည်း ယေဘူယျသာ ပြောနိုင်ပါတယ်။ ခုလို စျေးကြီးတဲ့ အတွက် လူတွေက ဝါးလုံးကို ရာပြည့်အောင်တောင် မဝယ်နိုင်ကြဘူး။ အဖြတ်လိုက် အဖြတ်လိုက် ဝယ်ပြီး အသုံးပြု နေကြပါတယ်။”

လွန်ခဲ့သည့်နှစ််က ချင််းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ရိုးမ တလျောက်ရှိ ဝါးတောများမှာ အသီးများသီးခဲ့သဖြင့် ဝါးများ မျိုးပြုန်းခဲ့သည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင်လည်း ဝါးစျေးများ တက်နေသဖြင့် အိမ်ယာ ဆောက်လုပ်ရာနှင့် ပြုပြင်ရာတွင် လူအများ ဒုက္ခဖြစ်နေကြရသည်။

“အခုလက်ရှိက ဝါးစျေးက တရာကို ၁၅ဝဝဝ ကျပ် အထက်မှာ ရှိပါတယ်။ အယင်နှစ်ကထက်တော့ စျေးကြီးသွားတာပေါ၊ လူတွေကတော့ ဝါးစျေးကြီးတဲ့ အတွက် အိမ်ဆောက် တဲဆောက် တဲ့နေရာမှာ အခက်အခဲ တွေ့နေကြရပါတယ်။”ဟု မောင်တောမြို့ခံတဦးက ပြောသည်။

ဝါးမှာ ရခိုင််ပြည်သူ လူထုအတွင်း အသုံး အများဆုံး ပစ္စည်း တခု ဖြစ်ပြီး ဝါးစျေးတက်နေသဖြင့် ဝါးနှင့် ပြုလုပ်သော အသုံးအဆောင် ပစ္စည်းများ ဖြစ်သည့် တောင်း၊ ခမောက်၊ မက္ကလာ၊ ဖျာနှင့် စံကော ဆံခါ ကအစ စျေးတက်နေသည်ဟု သိရသည်။