အစိုးရဘက်မှ အဆိုပြုချက်များကို ဆုံးဖြတ်မည့် SSPP ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီ

အစိုးရဘက်မှ အဆိုပြုချက်များကို ဆုံးဖြတ်မည့် SSPP ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီ
by -
မဇ္စျိမ

ဆက်ဆံရေးရုံးများ တိုးမြှင့်ဖွင့်လှစ်ရေး၊ နှစ်ဘက် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးရေး အပါအဝင် အစိုးရဘက်မှ အဆိုပြုခဲ့သော အချက်လေးချက်အပေါ် ဆွေးနွေးဆုံးဖြတ်မည့် ရှမ်းပြည်တိုးတက် ရေးပါတီ/ ရှမ်းတပ်မတော် မြောက်ပိုင်း (SSPP/SSA) ၏ ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်က စတင်ကျင်းပနေပြီ ဖြစ်သည်။

“ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၈ရက်က နှစ်ဖက် တွေ့ဆုံဆွေးနွေးမှု တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ (UPWC) ဘက်မှ အဆိုပြုချက်များကို SSPP/SSA ဌာနချုပ်တွင် ဗဟိုကော်မတီဝင် ၂၀ ဦးခန့်က ဆွေးနွေးနေခြင်း ဖြစ်သည်။

Shin-State-Army

“ကျွန်တော်တို့ ဆွေးနွေးနေတုန်းပဲ။ ဒီနေ့မှ ကျွန်တော်တို့ အစီရင်ခံတာလေ။ ဘာမှ အကြောင်းမပြန်နိုင်သေး ဘူး။ နောက်ထပ် ရက်တစ်ချို့ ကျန်အုန်းမယ်၊ ဒီနေ့က ကျွန်တော်တင်ပြတာနဲ့ ပြီးသွားပြီ” ဟု SSPP/SSA ၏ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ပြောသည်။

အောက်တိုဘာလ ၁၈ ရက်က ရှမ်းပြည်နယ် လားရှှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် UPWC ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ညှိနှိုင်းဖော်ဆောင်ရေး အဖွဲ့ ဖွဲ့ရေး၊ ဆက်ဆံရေးရုံး အဆင့်မြင့် တိုးချဲ့ဖွင့်လှစ်ရေး၊ ဆက်ဆံရေးရုံး ချထားခြင်းဖြင့် နှစ်ဖက် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးသွားရန်နှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဟူသော အချက် ၄ ချက် အဆိုပြုခဲ့သည်။

ယင်းအဆိုပြုချက်ကို SSPP/SSA က အထက်ကို တင်ပြပြီး ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်၍ ပြန်လည် အကြောင်းပြန်မည်ဟု ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ထိုအစည်းအဝေးတွင် နှစ်ဖက်တိုက်ပွဲများ မဖြစ်ပွားစေရန် ထိန်းသိမ်းသွားမည့် အကြောင်းများ ဆွေးနွေးခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂ ရက်မှ ၄ ရက်ထိ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် တာဖာဆောင် ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နောက်ပိုင်း နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Most read this week