မော်လမြိုင်မြို့တွင် ဗုံးပေါက်ကွဲပြီးနောက် စာသင်ကျောင်းများတွင်း လုံခြံုရေးတင်းကျပ်ခိုင်း

မော်လမြိုင်မြို့တွင် ဗုံးပေါက်ကွဲပြီးနောက် စာသင်ကျောင်းများတွင်း လုံခြံုရေးတင်းကျပ်ခိုင်း
by -
မိမွန်စွန်း
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဗုံး ၃ နေရာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဏာပိုင်များက စာသင်ကျောင်းများတွင် လုံခြံုရေးတင်းကျပ်ရန် သတိပေးခဲ့သည်ဟု သိရသည်၊၊ “မေ ၂၉ ရက် သောကြာနေ့က ရဲစခန်းကနေ ကျွန်မတို့ကျောင်းကို ဖုန်းဆက်လာတယ်၊ ကျောင်းကို လုံခြံုရေး ...

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဗုံး ၃ နေရာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဏာပိုင်များက စာသင်ကျောင်းများတွင် လုံခြံုရေးတင်းကျပ်ရန် သတိပေးခဲ့သည်ဟု သိရသည်၊၊

“ မေ ၂၉ ရက် သောကြာနေ့က ရဲစခန်းကနေ ကျွန်မတို့ကျောင်းကို ဖုန်းဆက်လာတယ်၊ ကျောင်းကို လုံခြံုရေးတင်းကျပ်ခိုင်းတယ်၊ ပြီတော့ ကျောင်းရဲ့ လူဝင်လူထွက် တွေကိုလည်း သတိထားဖို့ ပြောထားတယ်၊ တခြားမြို့နယ်က ကျောင်းတွေကိုတော့ မသိဘူး ’’ဟု သံဖြုုဇရပ်မြို့ပေါ်မှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။

ယခုအချိန်က ကျောင်းတွေ စဖွင့်သည့် အချိန်ဖြစ်သဖြင့် ကျောင်းသားတွေလည်း ကျောင်း အပ်နေဆဲဖြစ်တာကြောင့် လူဝင်လူထွက်အားလုံးကို စစ်ဆေးရန် အခက်အခဲရှိသည့် ဟု ၄င်း ဆရာမက ဆက်ပြောသည်၊၊

“မြို့နယ်ရဲစခန်းကလည်း ကျွန်မတို့ကျောင်းကိုသတိပေးထားတယ် ကျောင်းတွင်း လုံခြံုရေး အတွက်ပေါ့နော်၊ ကျောင်းဝင်းထဲမှာ အစောင့်ထားခိုင်းထားတယ် ’’ ဟု မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းအုပ်ဆရာမတစ်ဦးက ပြောသည်၊၊

မေလ ( ၂၇ ) ရက်နေ့တွင် မော်လမြိုင် စစ်ကဲကုန်းရပ်ကွက်၌ အစိုရးမြန်မာ့စီးပွားရေး ဘဏ်အနား နှင့် အစိုးရပြည်နယ်ရုံး၊ သစ်တောရုံး၊ ကြံ့ဖွံ့ရုံး နှင့် မရမ်းကုန်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မော်လမြိုင်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် မြို့ထဲတွင် လုံခြံုရေးတင်းကျပ်ထားသလို ထိုင်း မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူနှင့် မြဝတီမြို့များတွင်လည်း လုံခြံုရေး တင်းကျပ်ထား သည်ဟု သိရသည်၊၊