'စံ' မမီသည့် ကန်ထရိုက်များကို ငွေပြန်သွင်းစေပြီး အဂတိ လိုက်စားပါက အရေးယူမည်ဟု ဦးရဲထွဋ်ပြော

'စံ' မမီသည့် ကန်ထရိုက်များကို ငွေပြန်သွင်းစေပြီး အဂတိ လိုက်စားပါက အရေးယူမည်ဟု ဦးရဲထွဋ်ပြော
by -
မဇ္စျိမ

အမျိုးသားလွှတ်တော်က တင်ပြလာမည့် စံချိန်စံညွှန်းနှင့် မကိုက်ညီသည့် အဆောက်အဦး ဆောက်လုပ်ထား သည့် ကုမ္ပဏီများကို ငွေပြန်ပေးသွင်းရန်နှင့် ကန်ထရိုက်ပေးရာတွင် အဂတိ လိုက်စားမှုရှိလျှင် အရေးယူသွား မည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

“ကန်ထရိုက်ကိုပေးတာကို အဂတိလိုက်စားမှုဖြစ်တယ်။ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုရင် တိုင်းဒေသကြီးက လုပ်ဆိုရင် တိုင်းဒေသကြီးကဖြေရှင်းရမယ်။ ပြည်ထောင်စု အစိုးရကလုပ်တယ်ဆိုရင် ပြည်ထောင်စု အစိုးရ က ဖြေရှင်းရမှာဖြစ်ပါတယ်”ဟုလည်း ဦးရဲထွဋ်က ပြောသည်။

U-Ye-Htut

အမျိုသားလွှတ်တော်ကိုယ်စားလှယ်များက မိမိမဲဆန္ဒနယ်ရှိ စံချိန်စံညွှန်မမှီသည့် အဆောက်အဦးများကို အချက်အလက်အခိုင်အမာ စုဆောင်းလာမည်ဟု မျှော်လင့်ကြောင်းလည်း ဦးရဲထွဋ်က ပြောသည်။

အချက်အလက်ခိုင်မာမည်ဆိုလျှင် ပြည်သူတစ်ဦးတစ်ယောက်က တင်ပြလာပါက အရေးယူဆောင်ရွက်မှာဖြစ်ပြီး အမျိုသားလွှတ်တော်ကိုယ်စားလှယ်များ မိမိမဲဆန္ဒနယ်မှ ရရှိလာသည့် အချက်အလက်များပေါ်မှုတည်ပြီး မည်သူတွေက လုပ်ဆောင်သည်ကို ပြန်ကြည်ပြီး အရေးယူသွားမည်ဟုဆိုသည်။

ထိုသို့ အရေးယူဆောင်ရွက်ရာတွင် အပိုင်းနှစ်ပိုင်းဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး နည်ပညာပိုင်းနှင့် ပတ်သက်လျှင် ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်ဆောင်မည်ဟုဆိုသည်။ ကန်ထရိုက်များအနေဖြင့် ငွေများပိုလျှံလျှင် ပြန်လည်ပေးသွင်းခြင်း စံညွှန်နှင့်မကိုက်ညီပါက ငွေပြန်ပေးလျော်ခြင်း၊ နာမည်ပျက်စာရင်းသွင်းခြင်းများကို အရေးမှုများရှိသည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော စာသင် ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် လမ်းတံတားများကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိနယ်ဆန္ဒနယ်ရှိ စံချိန်စံညွှန်နှင့် ပြည်စုံမှုမရှိလျှင် အထောက်အထားများဖြင့် လွှတ်တော်ရုံးသို့ သီးတင်းကျွတ် ပြန်လာချိန်တွင် တင်ပြရန် ပန်ကြားလွှာထုတ်ပြန်ခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက”ကျွန်တော်က ရှစ်ခုလောက်ရှိတယ်။ ရှစ်ဗန်းရှိတယ် ညနေ ခင်းဓာတ်ပုံနဲ့တကွ လွှတ်တော်ဥက္ကဌဆီတင်မယ်။ ကန်ထရိုက်တွေက လုပ်ချင်တာလုပ်တာ။ ရွာသားတွေက မပြောရဲဘူး တစ်ချို့ကလည်း ၀န်ကြီးရုံးနဲ့ ဘာညာပိုင်တယ်လို့ပြောတယ်တဲ့။ ဟုက်ချင်မှလည်းဟုက်မယ်”ဟု ပြောသည်။

အချို့ကုမ္ပဏီများကလည်း လွှတ်တော်မတင်ရန်အတွက် တားဆီးပြီး ပြန်လည်ပြုပြင်ပေးလျက်ရှိသည်ဟု ဖုန်းဆက် အကြောင်းကြားလာသည်ဟု ဆိုသည်။ လောင်ချေကျေးရွာမှာဆိုရင် ဧရာဝတီကုမ္ပဏီကတည် ဆောက်သည့် ကျပ် ၁၀၀၈ သိန်းကုန်ကျခံထားသည့် နှစ်ထပ်ကျောင်းဆောင်ဆိုလျှင် တိုင်းအလုံးငါးဆယ် ဆက်ပြီးဆောက်လုပ်ထားသည်ဟု ဆိုသည်။

Most read this week