သမ္မတ၏ အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား သုံးထောင်ကျော်ကို အောက်တိုဘာ ရရက်တွင် လွှတ်ပေးလိုက်ရာ ထောက်လှမ်းရေးအကြီးအကဲများလည်း ပါဝင်ခဲ့သည်။
မြင်းခြံအကျဉ်းထောင်မှ ဗိုလ်မှူးချုပ်သိန်းဆွေ အပါအဝင် ဗိုလ်မှူးကြီး တင်ဦး၊ ဗိုလ်မှူးကြီး မြင့်ဦး၊ ဗိုလ်မှူးကြီး မင်းသူ၊ ဗိုလ်မှူးကြီး နိုင်ဌေးတို့ ပါဝင်သည်ဟု ထောက်လှမ်းရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အမျိုးသား ထောက်လှမ်းရေးများဖြစ်သည့် ဗိုလ်ချုပ်သိန်းထွန်းနှင့် ဗိုလ်မှူးကြီး တင်လှတို့မှာ အကျဉ်းကျခံနေရဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။
ယနေ့ သမ္မတ၏ အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျနေသည့် မြန်မာအကျဉ်းသား ၃၀၇၃ဦးနှင့် နိုင်ငံခြားသား ၅၈ဦး လွတ်ပေးမည်ဖြစ်သည်။
ယနေ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတဦးသိန်စိန် အစိုးရလက်ထက်တွင် ၁၅ကြိမ်မြောက် လွတ်ငြိမ်းခွင့် ပေးခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၃၀ရက်က နောက်ဆုံးအနေဖြင့် လွှတ်ပေးခဲ့ပြီး ယနေ့အထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား စုစုပေါင်း ၄၂၀၀ကျော် လွတ်မြောက် ခဲ့ပြီးဖြစ်သည်။