ထိုင်းတောင်ပိုင်းတွင် လူသတ်မှုအတွက် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအတွက် ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်သည့်အဖွဲ့က ဥပဒေအရ အကူအညီပေးရန် စီစဉ်

ထိုင်းတောင်ပိုင်းတွင် လူသတ်မှုအတွက် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအတွက် ရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်သည့်အဖွဲ့က ဥပဒေအရ အကူအညီပေးရန် စီစဉ်
by -
မဇ္စျိမ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းတွင် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှု၊ လူသတ်မှုများဖြင့် ဖမ်းဆီးခံရထားသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အကူအညီပေးရန် ရွှေ့ပြောင်းအ လုပ်သမားများ စောင့်ရှောက်ရေးအဖွဲ့က ဥပဒေအကျိုးတော်ဆောင် အဖွဲ့အတစ်ဖွဲ့ကို စေလွှတ် ထားကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်ကို သည်နေးရှင်းသတင်းစာက ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူ အင်ဒီဟောက အဖမ်းခံထားရသူ မြန်မာနှစ်ဦးအား ကူညီမည်ဟု ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။

“အဖမ်းခံထားရသူနှစ်ဦးကို ကူညီဖို့၊ ထိုင်းဥပဒေအရ သူတို့ရဲ့အခွင့်အရေးတွေအတွက် အကြံပေးဖို့နဲ့ စကားပြန်ပြုလုပ်ပေးဖို့ ဥပဒေ အကျိုးဆောင် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပါတယ်” ဟု အင်ဒီဟောက ရေးသားထားသည်။

မြန်မာနှစ်ဦးအား ဖမ်းဆီးထားမှုတွင် ခိုင်လုံသည့် အထောက်အထားများ မရှိသေးသကဲ့သို့ ရဲများက စစ်ဆေးရာတွင် ညှဉ်ပန်းနှိပ်စက်မှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဒီအင်န်အေစစ်ဆေးမှုသည်လည်း တိကျဖွယ်ရာမရှိသောကြောင့် ယခုအမှုတွင် ပါ၀င်ကူညီဆောင် ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အင်ဒီဟောက ရေးသားထားသည်။

မြန်မာနှစ်ဦးအား ဖမ်းဆီးရခြင်းတွင် ခိုင်လုံသည့်အထောက်အထားများရှိနေကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ဆွန်ယွတ်ပန်ပွန်မောင် က အောက် တိုဘာ ၄ ရက်တွင် ထပ်မံအ တည်ပြု ပြောကြားခဲ့သည်။

သံသယရှိသူများအား ဖမ်းဆီးမှုမပြုလုပ်ခင် လူအများအပြားကို ဒီအင်န်အေစစ်ဆေးမှုများ ပြုလုပ်ခဲ့ သည့်အပြင် အခင်းဖြစ်ပွားရာေ နရာဝန်းကျင်ရှိ လုံခြံုရေးကင်မရာ အလုံး ၃၀၀ အား လေ့လာမှုများပြု အချိန်ယူ လုပ်ခဲ့ပြီးမှသာ ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆွန်ယွတ် က ပြောကြားသည်။

ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်နှစ်ဦးဖြစ်သည့် ဟန်နာဝစ်သာရစ်ချ်နှင့် ဒေးဗစ်မေလာတို့အား သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးလိုက်ပြီဆိုသည့် သတင်းကြောင့် အဆိုပါ ကျွန်းသို့ ကမ္ဘာလှည့်ခရီးသည် များ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဆူရတ်သနီဒေသ တာဝန်ရှိသူများ က ပြောကြားသည်။

ဆူရတ်သနီအုပ်ချုပ်ရေးမှူးချတ်ပွန်ချက်ထရာပူးက ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့မှုကြောင့် ခိုတောင်ကျွန်းအ ပေါ် ကမ္ဘာလှည့်ခရီးသည်များ လုံခြံုရေးအ တွက် ယုံကြည်မှုရှိစွာ ပြန်ရောက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most read this week