အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် မီဒီယာတို့ပေါင်းပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းမည်

အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် မီဒီယာတို့ပေါင်းပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းမည်
by -
မဇ္စျိမ

မဏ္ဍိုင်လေးရပ်ပါ၀င်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် သဘောတူညီချက်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က မဇ္ဈိမကို ပြောသည်။

“တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ သတင်းမီဒီယာတွေပါ၀င်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ မဏ္ဍိုင်သုံး ရပ်လုံးနဲ့ သဘောတူညီချက်ရထားတယ်” ဟု ၎င်းက ပြောသည်။

 ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်မီဒီယာတို့အကြား အောက်တိုဘာ ၄ရက်ကစပြီး နေပြည်တော် တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေး ပြီးနောက် အထက်ပါအတိုင်း သဘောတူညီဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် စာနယ်ဇင်းများကို မှန်ကန်သည့်ပုဒ်မများဖြင့် တရားစွဲဆိုရေးအပါအဝင် အချက်ပေါင်း ၃၀ ကို ဆွေးနွေးခဲ့သည်။

၀န်ကြီးဌာနအားလုံး သတင်းထုတ်ပြန်မှု လုပ်ဆောင်ရန်၊ ၀န်ကြီးဌာနများနှင့် သတင်းမီဒီယာများတစ်လတစ် ကြိမ် ပုံမှန်တွေ့ဆုံရန်၊သတင်းမီဒီယာနှင့်အစိုးရဝန်ကြီး ဌာနများ ပွင့်လင်းမြင်သာမှုရှိသည့် စနစ်တစ်ခုကို ပုံမှန်ထူ ထောင်နိုင်ရန်နှင့် အစိုးရဌာနတွင်း မီဒီယာ ဆက်ဆံရေး ပိုမိုထိ ရောက်စေသည့် သင်တန်း များပေးရန် စသည်တို့ကို မီဒီယာများဘက်မှ ဆွေးနွေးခဲ့သည်။

ထို့ပြင် တရားစီရင်ရေးကဏ္ဍတွင်လည်း သတင်းပြန်ကြားရေးအဖွဲ့များဖွဲ့စည်းရန်၊ တရားသူကြီးများကိုလည်း သတင်းမီဒီယာများနှင့်ဆက်ဆံရေးသင်တန်းများ ပေး ရန်နှင့် သတင်းမီဒီယာများကလည်း ဘက်လိုက်မှုမရှိသော သတင်းများ ရေးသားဖော်ပြရန် ဆွေးနွေးခဲ့ကြသည်။

Most read this week