အစိုးရလုပ်ငန်း ၁၁ခုအရှုံးပေါ်သော်လည်း မြန်မာ့စီးပွားရေးတိုးတက်လာဟုဆို

အစိုးရလုပ်ငန်း ၁၁ခုအရှုံးပေါ်သော်လည်း မြန်မာ့စီးပွားရေးတိုးတက်လာဟုဆို
by -
မဇ္စျိမ

အစိုးရလုပ်ငန်း ၁၁ခုထိ အရှုံးပေါ်နေသော်လည်းမြန်မာစီးပွားရေးတိုးတက်မှုရှိသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒေါက်တာကံဇော်က  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် အောက်တိုဘာ ၅ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကို ပြောသည်။

“အစိုးရသစ်လက်ထက်မှာ စီးပွားရေးတိုးတက်မှုရှိလာပါတယ်။ ငါးနှစ်အတွင်း ပျမ်းမျှ ဂျီဒီပီတိုးနှုန်းက ၈.၀ထိရှိနိုင်မယ်” လို့ ဒေါက်တာကံဇော်ကပြောသည်။

Kan-Zaw

ထိုသို့ ဂျီတီပီတိုးတက်လာသည်ဟုဆိုသော်လည်း သစ်တော၊လျှပ်စစ်၊ ရှပ်ရှင်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ မြန်မာ့မီးရထား၊ ကုန်းလမ်း ပို့ဆောင်ရေး၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ကုန်သွယ်မှု ဘဏ်နှင့် စီးပွားရေး ဘဏ်လုပ်ငန်း၊ ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးလုပ်ငန်းတို့မှာမူ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပြုပြင်ပြီး န့်မှန်းခြေစာရင်းအရ အရှုံးပေါ်နေသည်။

ဦးသိန်းစိန်းအစိုးရ တာဝန်ယူပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) ၆.၀ ရာခိုင် နှုန်းထိတိုးတက်မှုရှိမည်ဟု ခန့်မှန်း ခဲ့ပြီး ၅.၆ ရာခိုင်နှုန်းရာရှိခဲ့ဟု စာရင်းထုတ်ပြန်သည်။

၂၀၁၂-၁၃ တွင် ၆.၇ရာခိုင်နှုန်းခန့်မှန်းပြီး ရ.၃၇ရာခိုင်နှုန်း၊၂၀၁၃-၁၄တွင် ၈.၉ ရာခိုင်နှုန်း ခန့်မှန်းပြီး ၈.၇ ရာခိုင်နှုန်းအထိ ရ ရှိခဲ့သည်ဟု ဒေါက်တာကံဇော် က ပြောသည်။

အစိုးရလက်ကျန်သက်တမ်းဖြစ်သည့် ၂၀၁၄-၁၅ တွင် ၉.၁ရာခိုင်နှုန်း၊ ၂၀၁၅-၁၆တွင် ၉.၂ ရာခိုင်နှုန်းထိ တိုးတက် ရရှိမည်ဟု အမျိုးသား အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနက ခန့်မှန်းထားသည်။

Most read this week