ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးထားသူ သုံးဦးအနက် မြန်မာနှစ်ဦးကို တရားစွဲ

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးထားသူ သုံးဦးအနက် မြန်မာနှစ်ဦးကို တရားစွဲ
by -
မဇ္စျိမ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းရှိ အပန်းဖြေကမ်းခြေတွင် အောက်တိုဘာ ၁၅ ရက် ကမ္ဘာလှည့်ခရီးစုံတွဲ သတ်ဖြတ်ခံခဲ့ရပြီး မိန်းကလေး အား အဓမ္မပြုကျင့်ခဲ့မှုဖြင့် ဖမ်းဆီးထားသူ သုံးဦးအနက် နှစ်ဦးကို တရားစွဲဆိုထားကြောင်း သိရသည်။

ဟန်နာဝစ်သာရစ်ချ်ဆိုသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးသမီး၏ ခန္ဓာကိုယ်တွင်း တွေ့ရှိရသော ဒီအင်န်အေနှင့် ဖမ်းဆီးထား သည့် မြန်မာနှစ်ဦးဖြစ်သော အသက် ၂၁ နှစ်အရွယ်စီရှိ ကိုဝင်းနှင့် ကိုစောတို့၏ ဒီအင်န်အေများ တူညီကြောင်း တွေ့ရှိခဲ့ရပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Thai suspects

အဆိုပါမှုခင်းဖြစ်ပွားခဲ့သည့် နေရာသို့ ကိုမော်နှင့် ကိုစောတို့က အောက်တိုဘာ ၃ ရက်က ရဲများနှင့်အတူ လာရောက်ပြီး ပြစ်မှုကျူးလွန်ခဲ့ပုံများကို ထွက်ဆိုမှု ပြုလုပ်ခဲ့ကြရာ လာရောက်ကြည့်ရှုသူပေါင်း ၁၀၀၀ ခန့်ရှိပြီး လုံုခြံုရေးတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို ချထားခဲ့ရသည်။

တတိယမြောက်သံသယရှိသူတစ်ဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် ကိုမော်၏ ဒီအင်န်အေကို မှုခင်းဖြစ်ပွားရာ နေရာအနီးရှိ စီးကရက် တွင်တွေ့ရှိရသော်လည်း ၎င်းအား အောက်တိုဘာ ၃ ရက်နေ့အ ထိ အဆိုပါအမှုဖြင့် တရားစွဲမထားသေးကြောင်း သိရသည်။

သို့သော် ၎င်းတို့သုံးဦးစလုံးအား ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှု၊ တရားမဝင်နေထိုင်မှုတို့ဖြင့် တရားစွဲထားကြောင်း သိရသည်။

Ref:The Nation

Most read this week