ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ထားရသည့် ယူနတီ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးကို ပြစ်ဒဏ် သုံးနှစ်ဆီ လျှော့ချလိုက်သည်ဟု မကွေးတိုင်း တရားလွှတ်တော်က အောက်တိုဘာ ၂ ရက်တွင် အမိန့်စာထုတ်ပြန်လိုက်သည်။
မကွေးတိုင်း ၊ ပေါက်မြို့နယ်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံကို လျှို့ဝှက် ဓါတု လက်နက်စက်ရုံ ဟု ဇန်နဝါရီလ ၂၅ ရက်ထုတ် ယူနတီ ဂျာနယ်၌ ဖော်ပြ ခဲ့ပြီးနောက် ၎င်းတို့ကို ဖမ်းဆီကာ ဇူလိုင် ၁၁ ရက်တွင် ပခုက္ကူမြို့နယ် တရားရုံးက ထောင် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြစ်ဒဏ်လျှော့ပေါ့ခြင်းကြောင့် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၊ သတင်းထောက် ကိုစည်သူစိုး၊ ကိုလူမော်နိုင်၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်တို့သည် ထောင်ဒဏ် ခုနှစ်နှစ်စီ ကျခံရဦးမည်ဖြစ်သည်။