ကာချုပ်နှင့် ဒီကေဘီအေတို့ တွေ့ဆုံမည်

ကာချုပ်နှင့် ဒီကေဘီအေတို့ တွေ့ဆုံမည်
by -
မဇ္စျိမ

တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် DKBA မှ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးတို့ တွေ့ဆုံ ဆွေးနွေးကြမည်ဟု DKBA မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

“ဒု-စစ်ဦးချုပ်ကတော့ ဒီနေ့ ထွက်သွားပြီလို့ သိရတယ်။ သူတို့ နေပြည်တော် ဒါမှမဟုတ် ရန်ကုန်မှာ တွေ့ကြ မှာပါ”ဟု ၎င်းက ပြောသည်။ သို့သော် တွေ့ဆုံမည့်ရက် နှင့် အချိန်ကို DKBA နှင့် တပ်မတော်ဘက်မှ သီးခြား အတည်ပြုချက်မရပေ။

General-Mim-Aung-Hlaing-2

တိုက်ပွဲများဖြစ်ပွားနေသော နယ်မြေများအတွင်း အစိုးရစစ်တပ်မှ စစ်ကြောင်း ငါးကြောင်းခန့် ထပ်တိုးချ ထားသည်ဆိုသော သတင်းများကြားနေရပြီး မြဝတီမြို့ရှိ DKBA အဖွဲ့များသည်လည်း ယခုကာလအတွင်း လုံခြုံရေး အခြေအနေအရ သွားလာရ ခက်ခဲနေခြင်းများရှိပြီး တိုက်ပွဲများရှိ တပ်ဖွဲ့ဝင်များနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေခြင်းကြောင့် စိုးရိမ်မှုများဖြစ်နေရကြောင်း ဗိုလ်ကြီးစောစိုးမြင့်ကဆိုသည်။

စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်နှင့် ၄ နာရီခန့် အချိန်တို့တွင် သင်္ကန်းညီနောင်ရွာအနီး စစ်ဆေးရေးဂိတ် တစ်ခုတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားသည်ဟုDKBA က အတည်ပြုသည်။

Most read this week