The Hakha Post ထုတ်ဝေခွင့် ယာယီ ပိတ်ပင်ခံရ

The Hakha Post ထုတ်ဝေခွင့် ယာယီ ပိတ်ပင်ခံရ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် မြို ့တော် ဟားခါးအခြေစိုက် ချင်း ( Lai ) ဘာသာဖြင့် ထုတ်ဝေသည့် The Hakha post သတင်းစာကို စက်တင်ဘာလ (၂၉) ရက်နေ ့မှ စ၍ ပြည်နယ်အစိုးရက ယာယီပိတ်ပင် လိုက်ကြောင်း သိရသည်။

စက်တင်ဘာလ (၃၀) ရက်နေ ့က ဟားခါးမြို ့ ခရိုင်ရုံးက The Hakha post အယ်ဒီတာချုပ် Lalawmpuia အား ခေါ် ယူပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို ့နယ် အုပ်ချုပ်ရေးမှူးတို ့မှ သတင်းစာ ဆက်လက် ထုတ်ဝေ ခြင်းမပြုရန် လက်မှတ်ရေး ထိုးခိုင်းခြင်းဖြစ်ကြောင်း ယမန်နေ ့ထုတ် The Hakha Post သတင်းစာတွင် ဖေါ်ပြ ထားသည်။

Hakha-Post

ချင်းပြည်နယ် အစိုးရက တရားဝင် ထုတ်ဝေခွင့် မှတ်ပုံတင်မရသေးခင် ကာလအတွင်း ထုတ်ဝေခြင်း မပြုရန် ညွှန်ကြား ထားသည့်အတိုင်း ယခုလို ခေါ်ယူခြင်းဖြစ်ပြီး ဆက်လက်ထုတ်ဝေပါက ဥပဒေ အရ အရေးယူမည်ဟု ခရိုင်အုပ် ချုပ်ရေး မှူးမှ ပြောပြကြောင်း  အယ်ဒီတာချုပ်က ပြောသည် ဟု ဖော်ပြသည်။

The Hakha Post ထုတ်ဝေခွင့် ရရှိရန်  ပြည်နယ် ပြန်ဆက်၊ ခရိုင်နှင့် မြို ့နယ်များတွင် လိုအပ်သည်များကို ဆောင်ရွက် ဆဲဖြစ်ပြီး မကြာခင် ရန်ကုန်မြို ့သို ့ သွားပြီး မှတ်ပုံတင်နိုင်ရန် စီစဉ်နေကြောင်း၊ မိမိတို့ the Hakha post ကိုသာ ထုတ်ဝေခွင့် ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင် မရရှိသေးသည့် တခြားသတင်းဌာနများလည်း ရှိနေသည့်ကြားက မိမိတို ့သတင်းဌာန ကိုသာ ပိတ်ပင်ခံရ သည့်အပေါ် The Hakha Post အယ်ဒီတာ၏ မေးမြန်းချက်ကို ခရိုင်အုပ်ချုပ်ရေး မှူးက မိမိအနေဖြင့်် ဤကိစ္စ မသိရှိကြောင်း၊ အထက် အမိန့်အရ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ဖြေကြားသည်ဟု သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ ့တွင်  ဟားခါးမြို ့နယ် ပုံနှိပ် ထုတ်ဝေရေး အတွင်းရေးမှူး U Sing Tam က The Hakha Post အား ပုံနှိပ်ထုတ်ဝေခွင့်ရှိမရှိ စက်တင်ဘာလ (၂၆) ရက်နေ ့ မတိုင်မီ အကြောင်းကြားရန် ညွန်ကြား ထားရာ  ပုံနှိပ်ထုတ်ဝေခွင့် မှတ်ပုံတင်မရှိကြောင်း အကြောင်းပြန် ခဲ့ရာမှ ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ် သည် ဟု သိရသည်။

အစိုးရသစ်တက်လာသည့် နောက်ပိုင်း ချင်းသတင်းအဖွဲ့ ၂၀ ကျော်ရှိသည့်အနက်  Khonumthung News, Chin World Media နှင့် The Chin land Post တို့သည် တရားဝင် ထုတ်ဝေခွင့်ရရှိပြီး ကျန်မီဒီယာအဖွဲ့များသည် တရားဝင် လျှောက်ထားခြင်းမရှိကြောင်း သိရသည်။