စစ်တပ်က ရိုးရာကောက်သစ်စားပွဲတွင် မတရား နှိပ်စက်မှုကြောင့် ပြည်ပသို ့ ထွက်ပြေး တိမ်းရှောင်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုန်ပြင်ရွာမှ ဒေသခံ တောင်သူများ အား မိမိတို ့နေရာတွင် လုံခြုံစွာ ပြန်လည်နေထိုင် နိုင်ရေးအတွက် ချင်းတောင် သူကွန်ယက်( Chin Farmers Network- CFN) က စက်တင်ဘာ ၂၉ ရက်နေ့တွင် တောင်းဆိုခဲ့ကြသည်။
၂၀၁၄ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ ့ တွင် ချင်းပြည်နယ်၊ ပလက်ဝမြို ့နယ် ထရွန်အိုင် တပ်စခန်း တွင် တာဝန်ကျသည့် ခမရ (၃၄၄) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦးဆောင်သည့် အဖွဲ ့က ချင်းအမျိုးသား တပ်မတော်အား လက်ခံ ထောက်ပံ့သည် ဟူသည့် စွပ်စွဲချက်ဖြင့် ကုန်ပြင်ကျေးရွာသား တောင်သူများကို ဖမ်းဆီးနှိပ်စက်ကာ တောင်ယာတဲနှစ်လုံး မီးရှို ့ ဖျက်ဆီးခဲ့ကြောင်း ချင်းတောင်သူကွန်ယက်က ထုတ်ပြန်ထားသည်။
ထို ့အပြင် တောင်ယာစပါး ရိတ်သိမ်းခွင့် ပိတ်ပင်ခြင်း၊ နည်းမျိုးစုံဖြင့် နှောင့်ယှက်ခြိမ်းခြောက်ခြင်း များ ပြုလုပ်ခဲ့ သည့်အတွက် ချင်းတောင် သူ (၆)ဦးသည် အိန္ဒိယနိုင်ငံ ဘက်သို ့တိမ်းရှောင် လာခဲ့ကြောင်း၊ တိမ်းရှောင်နေ သည့် တောင်သူများ အရေးကို တာဝန်ရှိသူများမှ တစုံတရာ အရေး ယူဆောင်ရွက်ပေးမှုမရှိခြင်းသည် ချင်းပြည်နယ်ရှိ တောင်သူများ၏ ဘဝမလုံခြုံမှုကို ပြ သခြင်းဖြစ်ကြောင်း ဆက်လက်ဖေါ်ပြ ထားသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ ့တွင် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း ဦးဆောင်သည့်အဖွဲ ့ သည် ကုန်ပြင် ကျေးရွာသို ့ ရောက်ရှိလာပြီး တောင်သူများကို စစ်တပ်မှ ဖမ်းချုပ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဖိနှိပ်ခြင်း တစုံတရာ မပြုလုပ်ကြောင်း အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းသည့် လုပ်ရပ်အပေါ် ချင်းတောင်သူများ ကွန်ယက် က ရှုတ်ချခဲ့သည်။
အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို ့အကြား တည်တ့ံခိုင်မြဲသော ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် အပစ်အခတ် ရပ်စဲရေးနေစဉ်တွင် ယခုကဲ့သို့သော အဖြစ်အပျက်ကြောင့် ချင်း တောင်သူများ၏ ဘဝမှာ စစ်အစိုးရ အုပ်ချုပ်ရေး ကာလနှင့် မခြား လုံခြုံမှု ကင်းမဲ့နေသေးကြောင်း ဝေဖန်မှု များရှိနေသည်။
အစိုးရစစ်တပ်၏ လုပ်ရပ်နှင့်ပါတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး ( CNF/A) အထွေထွေ အတွင်းရေးမှူး (၁) ပူး ပေါလ်စမစ်ကမူ ယင်းကိစ္စသည် ဒေသခံပြည်သူနဲ့ တိုက်ရိုက်မသက် ဆိုင်ကြောင်း အပြစ်မဲ့ပြည်သူကို နှိပ်စက် သည့်အပေါ် အစိုးရမှာ တာဝန်ရှိကြောင်း အစိုးရနဲ့ ချင်း အမျိုးသားတပ်ဦးအကြား ပဏာမ ငြိမ်းချမ်းရေး ကာလတွင် ဒီလိုကိစ္စတွေအတွက် တိုက်ရိုက်ပြော ဆိုဆွေးနွေး သင့်ကြောင်း ပြောခဲ့သည်။
ချင်းတောင်သူများကွန်ယက်ကို ချင်းပြည်နယ် နယ်စပ်ဒေသ တောင်သူများက ၂၀၁၄ ခုနှစ် မေလ ၆ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ကြပြီး ရည်မှန်းချက်အဖြစ် ပိုမိုကောင်းမွန်သော ချင်းတောင်သူဘဝ တည်ဆောက်ရန်၊ ဦးတည် ချက်အဖြစ် တောင်သူလယ်သမားတို့၏ လူမှုဘဝကို ထိခိုက်နစ် နာစေသော လုပ်ဆောင်ချက်များမှ ကာကွယ်ရန် နှင့် တောင်သူလယ်သမားတို့၏ လူနေမှုအဆင့်မြင့် မားလာစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင် ရွက် ရန် ဟု ထားရှိသည်။