ခါကာဘိုရာဇီ တောင်တက် သမားနှစ် ဦးကို ရှာဖွေနေစဉ် ပျောက်ဆုံးနေသည့် ထိုင်းရဟတ်ယာဉ်ကို ထူးဖောင်းဒေးရှင်းမှ B3 ရဟတ်ယာဉ်(၂)စီးအပြင်တပ်တော်လေမှ MI 17 ရဟတ်ယာဉ်တစ်စီး တို့ဖြင့် ရှာဖွေနေသည်ဟု ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် လွန်ခဲ့သည့် မိနစ်ပိုင်းကဖော်ပြ ထား သည်။
အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေသည်မှာ နာရီပေါင်းနှစ်ဆယ် ကျော်ကြာနေပြီဖြစ်သည့် ထိုင်းနိုင်ငံမှ Aviation မှ B4 ရဟတ်ယာဉ်ပေါ်တွင် ဦးတေဇ၏ကိုယ်ရေးလက်ထောက်အပါအဝင်ထိုင်းနိုင်ငံ မှရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူးဦးအောင်မြတ်တိုးနှင့်ကျွမ်းကျင် တောင် တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါသွားသည်။
ပျောက်ဆုံးနေသော ရဟတ်ယာဉ်သည် ပူတာအိုလေဆိပ်မှ စက်တင်ဘာ (၂၇) ရက်၊ မွန်းလွဲ နေ့လည် ၂ နာရီ၊ ၂၀ မိနစ် တွင် ပျံသန်းထွက်ခွာသွားပြီး မိနစ် ၂၀ ခန့် အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ယခုအချိန်ထိ အဆက်အသွယ်မရသေးခြင် းဖြစ်သည်။