မွန်ပြည်သစ် နယ်မြေအတွင်း “မိုင်း” စစ်တမ်းကောက်ယူမှု ရပ်ဆိုင်းထား

မွန်ပြည်သစ် နယ်မြေအတွင်း “မိုင်း” စစ်တမ်းကောက်ယူမှု ရပ်ဆိုင်းထား
by -
မဇ္စျိမ

မွန်ပြည်သစ်ပါတီ အခြေစိုက်နယ်မြေရှိ ခရိုင်များအတွင်း Norwegian People Aid(NPA) အဖွဲ့က မြေမြှုပ်မိုင်း ရှိ၊ မရှိပဏာမ အဆင့်နည်းပညာ အကူအညီမပါဘဲ အချက်အလက်အခြေပြု ဆန်းစစ်မှု (Non Technical Survey) ပြုလုပ်နေသည်ကို ယာယီရပ်ဆိုင်းရန် မွန်ပြည်သစ်ပါတီက တောင်းဆိုခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းလိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှသာလျှင် (Non Technical Survey) လုပ်ငန်းများ ပြန်လည် စတင်ရန် သြဂုတ်အတွင်း အစည်းအဝေးပြုလုပ်ညှိနှိုင်းခဲ့ပြီး ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်းက ပြောသည်။

Sweep-Mines-Training

“ခုကတစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်က သို့လော သို့လော ဖြစ်နေတော့ ကျွန်တော်တို့ဘက်က ခြေတစ်လှမ်းပို သွားမလားတွေးမိလို့ ခဏလေးရပ်ပေး ဖို့ပြောတာပါ” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် မော်လမြိုင်ခရိုင်နှင့် သထုံ ခရိုင်များရှိ ကျေးရွာပေါင်း ၁၇ ရွာတွင် မြေမြှုပ်မိုင်းများ ရှိ၊မရှိ စစ်ဆေးနေခြင်းများသာမက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် ပြုလုပ်မည့် အစီအစဉ်ကိုလည်း လတ်တလော ရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။

၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလက မြေမြှုပ်မိုင်းတည်ရှိခြင်းဆိုင်ရာ အချက်အလက်များ ဆန်းစစ်ပြုစုနိုင် ရေးအ တွက် လိုအပ်သည့် သင်တန်းများကို Nor- wegian People Aid (NPA) က ပေးခဲ့ပြီးနောက် မွန်ပြည်နယ် မှ လူငယ်ပညာ ရှင်များ၊ မွန်ပြည်သစ်ပါတီတို့နှင့် ပူးပေါင်း၍ ပါတီ၏ ထိန်းချုပ်နယ်မြေများအတွင်း ရှိဒေသခံ များကို မိုင်းအန္တရာယ် အသိပေးခြင်းကို ပြုလုပ်နေခြင်းဖြစ်သည်။

Non Technical Survey ပြုလုပ်ခြင်းကိုမူ မြေမြှုပ်မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ ကမ္ဘောဒီးယားနိုင်ငံသား တစ်ဦးက ဦးဆောင်၍ အဖွဲ့ တစ်ခုဖွဲ့၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

မူလက မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေများ၊ အခြားလက်နက်ကိုင်များနှင့် ဆက်စပ်နယ်မြေများနှင့် အစိုးရနယ်မြေများအတွင်း အချက်အလက် ကောက်ရန် စီစဉ်ထားသော်လည်း သံဖြူဇရပ်-ထားဝယ် လမ်း တစ်လျှောက်၊ ရေးနှင့် တနင်္သာရီတိုင်း ထားဝယ် ခရိုင်တို့တွင်သာ လုပ်ငန်းအပြီးသတ်နိုင်ခဲ့သည်။

NPA ၏ ၂၀၁၃ ခုနှစ်၊ ကွင်းဆင်း စစ်ဆေးချက်များအရ မွန်ပြည်သစ်ပါတီ ထိန်းချူပ်နယ်မြေမှ ထားဝယ်ခရိုင်၊ ရွာရှစ်ရွာအတွင်း မြေမြှုပ်မိုင်း ကင်းရှင်း သည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့်အပစ် အခတ်ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့များအနက် မွန်ပြည်သစ်ပါတီသည် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်း၍ မြေမြှုပ်မိုင်းရှင်းလင်းရေးကို အကောင် ထည်ဖော်နေသော ပထမဆုံးအဖွဲ့ အစည်းဖြစ်သည်။

Most read this week