စစ်တပ်က မနှိပ်စက်ကြောင်း အနှိပ်စက်ခံ ရွာလူကြီး ( ရ) ဦးအား အတင်းလက်မှတ်ထိုးခိုင်း

စစ်တပ်က မနှိပ်စက်ကြောင်း အနှိပ်စက်ခံ ရွာလူကြီး ( ရ) ဦးအား အတင်းလက်မှတ်ထိုးခိုင်း
by -
ခိုနူမ်းထုန်

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို ့နယ်၊ ကုန်ပြင်ကျေးရွာ လူကြီးများအား ခမရ (၃၄၄) တပ်ရင်းမှူး ဗိုလ်မှူးတင်ထွဋ်ဦး နှင့် အဖွဲ ့မှ  ချင်းအမျိုး သားတပ်မတော် (CNA) နှင့် ပါတ်သက်သည် ဆိုပြီး ရိုက်နှက်၊ ဖမ်းဆီး ချုပ်နှောင်သည်ကို စစ်တပ်က နှိပ်စက်ခြင်းမပြုကြောင်း  ဗျူဟာမှူးက ယခုလ စက်တင်ဘာ ၂၀ ရက်နေ့ တွင် အတင်း လက်မှတ်ရေး ထိုးခိုင်းသည်ဟု သိရသည်။

ပလက်ဝမြို့နယ် ထရွန်အိုင်တပ်စခန်းထိုင် ခမရ ၃၄၄၊ ခလရ ၂၈၉၊ ခလရ ၂၃၂ ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းသည် ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သူ ၎င်း၏ လက်အောက်ခံ ခမရ ၃၄၄၊ တပ်ရင်းမှူး ဗိုလ်မှူး တင်ထွဋ်ဦး နှင့် အတူ ယခုလ စက်တင်ဘာ ၁၉ ရက်နေ့တွင် ကုန်ပြင်ရွာ သို့ ရောက်ရှိလာကြပြီး ရွာလူကြီး (၇) ဦးအား ယခုကဲ့သို့ အတင်းလက်မှတ်ရေး ထိုးခိုင်း ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ရွာလူကြီးတွေကို ကုန်ပြင်အစိုးရမူလတန်းကျောင်းမှာ  စုခေါ်ပြီး စစ်တပ်က မနှိပ်စက်ကြောင်း၊ ချုပ်နှောင်ခြင်း မရှိ ကြောင်း လက်မှတ်ရေး ထိုးခိုင်းတယ်၊  အဲဒီနေ့မှာ တစ်ရွာလုံး  ရွာပြင်ပေးမထွက်ဘူး၊ ရွာလူကြီးတွေက  ပြန်ပြီး နှိပ် စက် ဖမ်းဆီးခံရမှာ စိုးရိမ်လို့ လက်မှတ် မထိုးချင်ပဲ ထိုးလိုက် ကြတော့တာပေါ့၊” ဟု ပြောသည်။

ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းသည် ရွာလူကြီးတွေကို ၎င်းတပ်ထိုင်ရာ ထရွန်အိုင်စခန်းသို့ စက်တင် ဘာ ၁၈ ရက်နေ့က ခေါ်ယူပြီး ရွာတွင် စိတ်လက်ချမ်းသာနေထိုင်ကြရန် မှာကြားခဲ့ကြောင်း ၊ ထို့အပြင် ရွာလူကြီးများ ထရွန် အိုင် တပ်စခန်းမှ အပြန် ရှင်းလက်ဝ တပ်စခန်းထိုင် ဗိုလ်မှူးတင်ထွဋ်ဦးကလည်း ရွာတွင် အေးအေးဆေးဆေး နေထိုင် ကြရန် မှာကြားခဲ့သေးသည် ဟု သိရ သည်။

ကုန်ပြင်ရွာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး နှစ်ဦးအပါအဝင် ရွာလူကြီးများသည် လက်မှတ်ရေး ထိုး ခိုင်းသော ဗျူဟာမှူး၏ အပြောနဲ့ အလုပ် မညီညွတ်မှု အပေါ် အယုံအကြည် မရှိတော့သဖြင့် ဗျူဟာမှူးနှင့် အဖွဲ့ ရွာမှ ပြန်ထွက် ထွက်ချင်း ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်ဟု သိရသည်။

“ကျနော်တို့ ထရွန်အိုင်စခန်းကနေ ကုန်ပြင်ရွာကို ပြန်ရောက်ပြီး မကြာခင်မှာ ဗျူဟာမှူးတို့က ရွာကို ချက်ချင်း ရောက်လာကြတယ်၊ ကျတော်တို့ကို မူလတန်းကျောင်းမှာ တခန်းစီခွဲပြီး လက်မှတ်ထိုးဖို့ တိုက်တွန်းတယ်၊ သူတို့ အပြောနဲ့အလုပ်က တခြားစီ ဖြစ်သွားတယ်၊ သူတို့ကို လုံးဝ မယုံတော့ ဘူး၊ ဒါနဲ့ ကျောင်းကနေ အိမ်ကို မပြန်တော့ပဲ ချက်ချင်း တိမ်းရှောင်ခဲ့ရတယ် ” ဟု အနှိပ်စက်ခံ ရွာလူကြီး တစ်ဦး က ပြောသည်။

အစိုးရစစ်တပ်၏ လုပ်ရပ်သည် CNA နှင့် ပါတ်သက်နေသဖြင့် CNA ဖက်မှလည်း တာဝန် ရှိကြောင်း ဝေဖန် ပြောဆိုမှု များရှိနေသည့် အပေါ် ချင်းအမျိုးသားတပ်ဦး ( CNF/A) အထွေထွေ အတွင်းရေးမှူး (၁) ပူး ပေါလ်စမစ်က ယခုကဲ့ သို့ပြောပြသည်။

“ဒီကိစ္စက ဒေသခံပြည်သူနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး၊ အပြစ်မဲ့ပြည်သူကို နှိပ်စက်တာက အစိုးရ မှာ တာဝန်ရှိ တယ်၊ တကယ်တော့ အစိုးရနဲ့ ကျတော်တို့နဲ့ ပဏာမ ငြိမ်းချမ်းရေး ကာလမှာ  ဒီလို ကိစ္စမျိုးတွေက အစိုးရ အနေနဲ့ ကျ တော်တို့ကို  ပွင့်လင်းစွာ တိုက်ရိုက်ပြောဆိုဆွေးနွေးသင့်တယ်၊ ဒါမှမဟုတ် ငါတို့ကြားထဲ တခုခု ဖြစ်ခဲ့ယင်လည်း ကြားနေ ဆောင်ရွက်မည့် ချင်းအပစ်အခပ် ရပ်စဲရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ရှိတယ်၊ ” ဟု ပြောသည်။

တပ်ရင်းမှူး တင်ထွဋ်ဦးသည် ရွာလူကြီးများအား  ချင်းအမျိုး သားတပ်မတော်နှင့် အဆက်အသွယ် လုပ်ပြီး သတင်းများ ပေးပို့ ခဲ့ကြောင်း နောက်နောင်တွင် ပြုလုပ်တော့မည်မဟုတ်ကြောင်း ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ ့က အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းခဲ့သည်။

အနှိပ်စက်ခံ ရွာလူကြီးများသည် စစ်တပ်၏ လုပ်ရပ်နှင့် ပါတ်သက်ပြီး အရေးယူဆောင်ရွက် ပေးရေး ချင်းပြည် နယ် ၀န်ကြီးချုပ်ထံ စက်တင်ဘာ (၉) ရက်နေ့က တိုင်ကြားခဲ့ရာမှာ ပလက်ဝမြို ့နယ်၊ ကုန်ပြင်ကျေးရွာနေ ဦးလှအေး အား ၂၀၁၄ ခုနှစ် သြဂုတ်လ (၂၄)ရက်နေ ့က တောင်ယာတွင် မိမိဖာသာ ကောက်သစ်စားပွဲပြု လုပ်နေစဉ် CNA (၃) ဦး ထမင်းလာရောက်စားသောက်သည်ကို လက်ခံသည်ဆိုပြီး ရိုက်နှက်ကြောင်း သြဂုတ်လ (၂၈) ရက်နေ ့၌  ဦးစိန်မောင်အား  ညှင်းပန်းနှိက် စက်ခဲ့ရာ တစ်နာရီခန့် သတိမေ့ခဲ့ကြောင်း၊ သြဂုတ်လ (၂၉) ရက်နေ ့တွင်  ဦး ကျော်အောင် အား  လက်ပြန်ကြိုးတုပ်ပြီး ထိုးကြိတ်ခဲ့ကြောင်း ပါရှိသည်။

ထို ့အပြင် တပ်ရင်းမှူးသည် စက်တင်ဘာလ (၁) ရက်နေ ့တွင် ဦးအောင်ကျော်လှ၏ နားထင် တွင် သေနတ် တေ့ခြိမ်းခြောက် ပြီး သေနတ်ဖောက်၊ တုတ်နှင့်ရိုက်နှက်သဖြင့် (၄) နာရီခန် ့ သတိ လစ်သွားကြောင်း၊ ဦးအောင် ကျော် လှအား ဦးစိန်မောင်နှင့်အတူ နေပူထဲလှန်းပြီး ညလုံးပေါက် ချုပ်နှောင်ထားကြောင်း စက်တင်ဘာ (၁)ရက်နေ ့ တွင် ဦးကျော်အောင်၊ ဦးအေးလှ၊ ဦးကျော်မြင့်ဦးနှင့် ဦးအောင်ဆို တို ့ကိုလည်း တညလုံး ကြိုးတုတ်ချုပ်နှောင်ထား ကြောင်း သိရသည်။

CNA နဲ့ ပါတ်သက်ပြီး ထိုကဲ့သို့ အစိုးရစစ်တပ်နှင့် ဒေသခံလူကြီးများ အကြား အမှုအခင်းဖြစ်နေ ချိန် CNA နဲ့ ALA တို့၏ လှုပ်ရှားမှု နှင့် ကုန်သည်များနှင့် ဆက်ဆံမှု အခြေအနေများကို စုံစမ်းထောက်လှမ်းရန် တာဝန်ရှိ သည့် ခမရ ၃၄၄၊  ရှင်းလက်ဝတပ် စခန်းမှ ထောက်လှမ်းရေး အရာရှိ ဗိုလ်အောင်ခိုင်ဖြိုးသည် ဒုတိယတပ်ကြပ် တဦးနှင့် အတူ ထွက် ပြေးသွားသည်။