ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းလာသည့် သစ်တောများကို ဒေသခံအစုအဖွဲ့ပိုင်သစ်တောအဖြစ် ထူထောင်လို

ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းလာသည့် သစ်တောများကို ဒေသခံအစုအဖွဲ့ပိုင်သစ်တောအဖြစ် ထူထောင်လို
by -
ကန္တာရဝတီတိုင်း(မ်)

ကျေးရွာပိုင် အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ရာတွင် ဒေသခံပြည်သူများက ကျေးရွာအနီးရှိ ယခင် ဘိုးဘွာစဉ်ဆက်ထိန်းသိမ်းလာကြသည့် သစ်တောများကိုလည်း ဒေသခံအစုအဖွဲ့ ပိုင်သစ်တော အဖြစ် တရားဝင် ထိန်းသိမ်းစောင့်ရှောင့်ခွင်လျှောက်ထား လိုကြောင်း ဝါသောခူကျေးရွာမှ ဒေသခံများကိုယ်စား ဦးစောအယ်ထူးက သစ်တောဦးစီးဌာန သို့ တောင်းဆိုလိုက်သည်ဟု သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒေါဗျားခူကျေးရွာ၌ အစိုးရနှင့် NGOs, INGOs တို့ပူးပေါင်း ကျင်းပလိုက်ခဲ့သော Treelympics အထိမ်းအမှတ်ပညာပေးပြခန်းပြုလုပ်ခြင်း၊ စုပေါင်းသစ်ပင်များ စိုက်ပျိုးခြင်း နှင့် ဟောပြောပွဲ အခမ်းအနားတရပ် ကျင်းပစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

build-tree2

သစ်တောထိန်းသိမ်းရေးနှင့် အစုအဖွဲ့ပိုင် သစ်တော့စိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းတွင် သစ်တောဦးစီးဌာနမှ ဝါသောခူကျေးရွာအစုအဖွဲ့ပိုင်သစ်တောကို အသိအမှတ်ပြုထားသည့် ဧကသည် ၂၉၄ ဧကဖြစ်ပြီး ဘေးပတ်ပတ် လည်တွင် ယခင်ဘိုးဘွားစဉ်ဆက်က ထိန်းသိမ်းလာကြသည့် တခြားသော သစ်တောများ စွာရှိနေသည့်အတွက် ဒေသခံပြည်သူများ အစုအဖွဲ့ပိုင် သစ်တောထိန်းသိမ်းသည့် လုပ်ထုံးလုပ်နည်းနှင့်အတူ သွားလိုကြောင်း ပြောသွားသည်။

၀ါသောခူကျေးရွာမှ ဦးစောအယ်ထူးက “လက်မရသလောက်အပိုင်းဘဲ ကျနော်တို့မထိန်းဘူး။ ကျန်တဲ့အပိုင်း လည်း ကျနော်တို့အစကတည်းက ကိုယ်ထူကိုယ်ထ ထိန်းလာတဲ့အပိုင်းလည်း ကျန်သေးတယ်ဖြစ်တဲ့အတွက် ကြောင့် ခု ဒီကျန်ရှိတဲ့ တောကောင်းပိုင်းတွေလည်း ကျနော်တို့ တရားဝင်လက်မှတ်ထပ်ပြီးတော့ရရှိချင်ပါတယ် ဟု ပြောသည်။

ဦးစောအယ်ထူး၏ တောင်းဆိုချက်ကို တာဝန်ရှိသူများမှ သစ်တောဦးစီးဌာန၏ လက်ရှိအသုံးပြုနေသော လုပ်ထုံးလုပ်နည်း မူဝါဒနှင့်ပတ်သက်သည့် အကြောင်းအရင်းများကို ကွင်းဆင်းစစ်ဆေးသွားရမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

ထို့အပြင် ဒေသတွင်းရှိ အခြားသော ဒေသမှ ဒေသခံရွာသူ၊ ရွာသားများအနေဖြင့် သစ်တောထိန်းသိမ်းရေးနှင့် မိမိတို့အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း တည်ထောင်လိုသူများသည် ကယားပြည်နယ် သစ်တောဦးစီးဌာနအား ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ကယားပြည်နယ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသွားပါသည်။

ကယားပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက “သူတို့ရဲ့အနီးပတ် ၀န်းကျင်မှာရှိတဲ့၊ ကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့ တောတွေကို ထိန်းသိမ်းချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆိုရင် အရင်ဆုံးကျနော်တို့က သစ်တောဦးစီးဌာနရဲ့ နယ်တာဝန်ခံခေါ်တာ ပေါ့နော။ ကျနော်တို့ နယ်တာဝန်ခံ၊ တောအုပ်၊ တောခေါင်းတွေ ကနေတဆင့် ဆက်သွယ်နိုင် ပါတယ်↔ဟု စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်အပြီးတွင် ပြောဆိုသွားပါသည်။

ယခုကဲ့သို့ အစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်း၊ ဒေသခံပြည်သူများ အား ဟောပြော အသိပညာပေးခြင်း နှင့် သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်သည် ဒေသခံ ရွာသူ၊ ရွာသားများ အတွက် ကောင်းကျိုးများစွာရရှိနိုင် ကြောင်း၊ စားဝတ်နေရေးအတွက် တဖက်တလမ်းမှ ၀င်ငွေရလာနိုင်ကြောင်း ထို့ပြင် သဘာဝပတ်ဝန်းကျင် ကိုလည်း ထိန်းသိမ်း စေချင်ကြောင်း အခမ်းအနားသို့တက်ရောက်လာသူ Care Myanmar အဖွဲ့မှ ကျန်းမာရေး အကြံပေး နှင့် ဒေသညှိနှိုင်းရေးမှူး ဒေါက်တာ ဒေါ်နန်းလျဇာက ပြောသည်။

“ဒီက ရွာသူ၊ ရွာသားတွေကို ဒီသစ်တောတွေကို ထိန်းစေချင်တာပေါ့။ ကျမတို့ရဲ့ ရေမြေတော တောင် ရေထွက်ပေါက်တွေ မပျောက်ပျက်သွားအောင် သစ်တောတွေကို ထိန်းသိမ်းစေချင် တယ်။ နောက်တစ်ခုက အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရေးနဲ့သူတို့ရဲ့ ၀င်ငွေပေါ့နော။ ၀င်ငွေကိုလည်း တိုးပွားလာအောင်ပေါ့။ နည်းပညာတွေကို သစ်တောကဘဲဖြစ်ဖြစ် နောက်ကျမတို့ NGOs တွေကဘဲဖြစ်ဖြစ် အဲ့လိုမျိုးနည်းပညာတွေ ရသလောက်ယူပြီးတော့မှ စမ်းသပ်တီထွင်ပြီးတော့မှ ၀င်ငွေပိုတိုးလာမှာပေါ့နော။ အဲ့လိုမျိုးလေး စမ်းလုပ်ကြည့်ပါလို့ ကျမတို့ အကြံပြုချင်တာပေါ့နော↔ဟု ပြောသွားသည်။

ယနေ့ပြုလုပ်သည့် Treelympics အထိမ်းအမှတ် ပညာပေးပြခန်း၊ ဟောပြောပွဲ နှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားသို့ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ NGOs၊ INGOs များမှ ကိုယ်စားလှယ်များ၊ ဒီးမော့ဆိုမြို့နယ်အတွင်း ရှိ ရွာများဖြစ်ကြသော ဒေါဗျာကူး၊ ၀ါသောခူရွာသစ်၊ လားလဲ၊ ဆီးလီဒုံး၊ ဆော်ပထန်၊ ငံရိုုး ဒေါခူလီ၊ ဒေါခူသွဲ့ ကျေးရွာများမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအုပ်စုစီမံကော်မတီဝင် များ စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်လာကြသည်။