88 ရခိုင် မျိုးဆက်များ လူမူဖွံ့ဖြိုးရေးအဖွဲ့ ဖွဲ့စည်း

88 ရခိုင် မျိုးဆက်များ လူမူဖွံ့ဖြိုးရေးအဖွဲ့ ဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြုလုပ်သော ကိုယ်စားလှယ် ( ၁၀၀) ကျော် တက်ရောက်သည့် ၈၈ ရခို်င် ကျောင်းသားဟောင်းများ တွေ့ဆုံပွဲမှ ၈၈ ရခိုင် မျိုးဆက်များ လူမူဖွံ့ဖြိုးရေး အဖွဲ့ ကိ်ု အောင်မြင်စွာ ဖွဲ့စည်းလိုက်သည်။

စက်တင်္ဘာလ ၂၀ နေ့မှ ၂၁ ရက်နေ့ထိ ကျောက်ဖြူမြို့ သာသနာ့ဗိမာန် ခန်းမဆောင်တွင် ပြုလုပ််သော အစည်းအဝေးမှ ၈၈ ရခိုင်မျိုးဆက်များ လူမူဖွံ့ဖြိုးရေး အဖွဲ့ ကိ်ု အကြံပေး အဖွဲ့ဝင် ( ရ) ဦး၊ အလုပ်အမူဆောင်အဖွဲ့ကို အဖွဲ့ဝင် (၂၁) ဦးနှင့် မြို့နယ် ကော်မီတီများကို တစ်မြို့နယ် လျှင် (၂) ဦးကျစီဖြင့် ဖွဲ့စည်းခဲ့သည်။

88-student

အဖွဲ့အစည်း၏ ရည်ရွယ်ချက် (၃) ရပ်ကိုလည်း ချမှတ်ခဲ့ကြသည်။

ယင်းရည်ရွယ်ချက်များမှာ (၁) ရခိုင်ပြည်သူများ၏ လူမူ စီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန် (၂) ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သလို လက်တွဲ ပါ၀င်ကူညီဆောင်ရွက်ရန်နှင့် (၃) ရခိုင်အမျိုး သားညီညွှတ်ရေးတွင် အစဉ်တစိုက် ပူးပေါင်းပါ၀င် ဆောင်ရွက်ရန်တို့ ဖြစ်သည်။

အဖွဲ့အစည်း၏ ဥက္ကဌ အဖြစ် ဦးသန်းနိုင်၊ ဒုဥက္ကဌ (၁) အဖြစ် ဦးမြတ်တိုးနိုင်၊ ဒုဥက္ကဌ (၂) ဒေါ်အေးအေးသွယ်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးပြေသိန်း ( ထွန်းထွန်း)၊ တွဲဘက်အတွင််းရေးမှူး (၁) ဦးနေစိုး၊  တွဲဘက် အတွင််းရေးမှူး (၂) ဦးတိုက်အောင်ကို ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ဥက္ကဌ အဖြစ် ရွေးချယ် တင်မြောက်ခံရသူ ဦးသန်းနိုင်က ၈၈-  ရခိုင် မျိုးဆက်များ လူမူဖွံ့ဖြိုးရေး အဖွဲ့ကို ဖွဲ့စည်းရခြင်းနှင့် ပတ်သက်ပြီး “ ကျွန်တော်တို့ ရခိုင်ကျောင်းသားတွေ လည်း ၈၈ ဒီမိုကရေစီအရေးအခင်းမှာ ပါ၀င် ဖြတ်သန်းခဲ့ကြတယ်။ ဒီအင်အားတွေကို စုစည်းပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးနဲ့ အမျိုးသားရေး အခန်းကဏ္ဍတွေမှာ ပါ၀င်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၈၈ အရေးအခင်းတွင် ကျောက်ဖြူမြို့နယ် ကျောင်းသား သမဂ္ဂ ဥက္ကဌ အဖြစ် ခေါင်းဆောင်ခဲ့သူ ယခု အဖွဲ့ ဒုဥက္ကဌ (၁) ဖြစ်သူ ဦးမြတ်တိုးနိုင်မှ ယခုအဖွဲ့ကို ၈၈  အရေးတော်ပုံ စိတ်ဓါတ်ဖြင့် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးမြတ်တိုးနိုင်က “ ၈၈ အရေးတော်ပုံဆိုတာက အရေးတော်ပုံ စိတ်ဓါတ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို ကျနော်တို့က ကျောင်းသားစိတ်ဓါတ်၊ အရေးတော်ပုံ စိတ်ဓါတ်တွေနဲ့ စုစည်းပြီး ရခိုင်ပြည်နယ် အတွက် လုပ်ဆောင်လိုတဲ့ သဘောနဲ့ ဖွဲ့တာပါ” ဟု ဆိုသည်။

ယင်းပြင်သူက “ ကျောင်းသားများကို မစုစည်းနိုင်ခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော် ရှိနေပြီး အခုမှ ပြန်တွေ့ကြ တာပါ။ ဒီကျောက်ဖြူမှာ ညီလာခံတစ်ခုကို လုပ်တယ်။ လူမူရေးဆိုပေမယ့်  ကျနော်တို့ နိုင်ငံရေးကိုတော့ မျက်ခြည်မပြတ်ဘူး။ ရခိုင် ပြည်နယ်မှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ပြည်သူနဲ့ အတူ တသားတည်းရပ်တည်သွားဖို့ ကျနော်တို့မှာ မူဝါဒတွေ ရှိပါတယ်” ဟု ဆိုသည်။

အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အလေးပေးဆောင်ရွက်သွားမည်ဟု အထွေထွေအတွင်း ရေးမှူး ဦးပြေသိန်းမှ ဆိုသည်။

“ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးက တော်တော့ကို အရေးကြီးနေတယ်။ တည်ငြိမ်အေးချမ်းမူ မရှိတဲ့ အတွက် လောလောဆယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဖေါ်ဆောင်တဲ့ နေရာမှာ အခက်အခဲတွေရှိနေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ပါ၀င်ကူညီဆောင် ရွက်သွားမယ်ဆိုပြီး မူဝါဒ အနေနဲ့ ကျနော်တို့ ထည့်ထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လာမည့် (၆) လအတွင်း ညီလာခံတစ်ရပ်ကို ထပ်မံခေါ်ယူပြီး ပြည်တွင်း- ပြည်ပတွင် ရောက်ရှိနေသော ကျောင်းသား ကျောင်းသူများကို ပိုမို ကျယ်ပြန့်စွာ စုစည်းသွားမည်ဟုလည်း သိရသည်။

Most read this week