ဘုရားသုံးဆူနယ်စပ် ထိုင်းဘက်ကမ်းတွင် သစ်ကားများ အဖမ်းခံရ

ဘုရားသုံးဆူနယ်စပ် ထိုင်းဘက်ကမ်းတွင် သစ်ကားများ အဖမ်းခံရ
by -
ရိုင်မရော့
ထိုင်းနိုင်ငံသို့ ဝင်ပေါက်တစ်ခုဖြစ်သည့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှအထွက် ထိုင်းဘက်ကမ်းတွင် သစ်သား သယ်ဆောင်လာသည့် ကားများကို ထိုင်းသစ်တောဌာနတို့က ယမန်နေ့ မနက်ပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု ဒေသခံတို့၏ ပြေပြချက်အရ သိရ ...

ထိုင်းနိုင်ငံသို့ ဝင်ပေါက်တစ်ခုဖြစ်သည့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှအထွက် ထိုင်းဘက်ကမ်းတွင် သစ်သား သယ်ဆောင်လာသည့် ကားများကို ထိုင်းသစ်တောဌာနတို့က ယမန်နေ့ မနက်ပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု ဒေသခံတို့၏ ပြေပြချက်အရ သိရသည်။

“သစ်ကား အစီး ၃ဝ စီးဝန်းကျင် အဖမ်းခံရတယ်လို့ ကြားတာပဲ ဒါပေမယ် မြန်မာဘက်ကမ်းမှာတော့ သစ်ကား (၁၂) စီးတော့တွေ့တယ်၊ ဆယ်ဘီးကားလည်းပါတယ်၊ နောက်ပြီးတော့ ကားအသေးတွေလည်းပါတယ်၊ ဘုရားသုံးဆူက အထွက် ထိုင်းဘက်ကမ်းမှာ အဖမ်းခံရတာဖြစ်တယ်” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံထားရသည့် သစ်ကားမှ သစ်တန်ချိန်ပေါင်း (၂) ရာတန်ကျော်ရှိပြီး ယခုချိန်ထိ ထိုင်းသစ်တောဌာနတို့က ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“အခုလောလောဆယ်မှာတော့ ဒီဘုရားသုံးဆူမှာ အခြေချနေတဲ့ ခလရ (၃၂) က လူတွေ အလုပ်ရှုပ်နေတာပဲ၊ ကျနော်တို့ကြားတာက ဒီသစ်ကိစ္စဟာ အရှေ့တောင်တိုင်းထိရောက်သွားပြီး” ဟု ၄င်းမြင်တွေ့ခဲ့သူက ပြောသည်။

အဖမ်းခံထားရသည့် သစ်ကားများနှင့် ကားမောင်းသူများကို ထိန်းသိမ်းထားပြီး သစ်ပိုင်ရှင်များက သိမ်းရှောင်နေရကာ ဘုရားသုံးဆူမှ တာဝန်ရှိသူတွေက ဒီအမှုနှင့်ပတ်သက်ပြီး လိုက်လံဖြေရှင်းနေဆဲပင် ဖြစ်သည်။

“မြန်မာဘက်ကမ်းကနေ ထိုင်းဘက်ကိုသွင်းတာ ထိုင်းဘက်မှာ အဖမ်းခံရတာ၊ အခုလောလောဆယ်မှာတော့ တာဝန်ရှိသူတွေ ကားရော သစ်ရော ပြန်ရရှိဖို့ လိုက်ဖြေရှင်းနေပဲ” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးကလည်း “မြန်မာဘက်ကမ်းကသစ်တွေကို ထိုင်းဘက်ကမ်းသွင်းဖို့ ပိတ်ထားတာဖြစ်တယ်၊ ဒါပေမယ် စီးပွားရေးသမားတွေက ဒီလိုပဲ တာဝန်ရှိသူတွေနဲ့ သဘောတူညီမှုယူပြီး သွင်းနေတာပဲဲ” ဟု သူက ပြောသည်။

Most read this week