ပြည်ထဲရေး ဒုဝန်ကြီး မောင်တော ပလီကြီးကို သွားရောက် လည်ပတ်

ပြည်ထဲရေး ဒုဝန်ကြီး မောင်တော ပလီကြီးကို သွားရောက် လည်ပတ်
ပြည်ထဲရေး ဒုဝန်ကြီး ဘုန်းဆွေသည် ယမန်နေ့က မောင်တောမြို့ အမှတ် (၁) ရဲစခန်း အနီးရှိ ပလီကြီးသို့ သွားရောက် လည်ပတ်ခဲ့သည်။ တရက်တာ လာရောက်လည်ပတ်သော မောင်တော ခရီးစဉ် အတွင်း ဒုဝန်ကြီး ဘုန်းဆွေသည် အဆိုပါ လည်ပတ်မူကို ရန်ကုန်မြို့မှ သူနှင့် အတူ လိုက်ပါသော ...

ပြည်ထဲရေး ဒုဝန်ကြီး ဘုန်းဆွေသည် ယမန်နေ့က မောင်တောမြို့ အမှတ် (၁) ရဲစခန်း အနီးရှိ ပလီကြီးသို့ သွားရောက် လည်ပတ်ခဲ့သည်။

တရက်တာ လာရောက်လည်ပတ်သော မောင်တော ခရီးစဉ် အတွင်း ဒုဝန်ကြီး ဘုန်းဆွေသည် အဆိုပါ လည်ပတ်မူကို ရန်ကုန်မြို့မှ သူနှင့် အတူ လိုက်ပါသော ထိပ်တန်း မူဆလင် စီးပွားရေး (၁၈) ဦးနှင့် အတူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မူဆလင် ဘာသာဝင် တဦးက “ခုလို ဒုဝန်ကြီး တဦးက မောင်တောမြို့မှာ ရှိတဲ့ ပလီ တလုံးကို သွားရောက် လည်ပတ်တာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ပီးရင် ဝန်ကြီးက ပြုပြင်ခွင့် ပိတ်ပင်ထားတဲ့ အပေါ် ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။ ဒါကြောင့် ပလီကို ပြန်ပြီး ပြုပြင် နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မောင်တောမြို့တွင် နအဖ စစ်အစိုးရ အာဏာရလာသည့် ၁၉၈၈ ခုနှစ်ကတည်းက မူဆလင် ဘာသာရေး အဆောက်အဦးများ ပြုပြင်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။

အမည်မဖေါ်လိုသူ အစိုးရ ဝန်ထမ်း တဦးက “ခုလို ပြုပြင်ခွင့် ရဖို့ မူဆလင် စီးပွားသမားတွေက ဘုန်းဆွေ အပါအဝင် ထ်ိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေကို ငွေသိန်းထောင်ချီပြီး ပေးခဲ့ရတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ခုနှစ်ရွှေးကောက်ပွဲပီးရင် အာဏာ လက်လွှတ်ရတော့မှာမို့ ထိပ်တန်း စစ်ဘက်ဆ်ိုင်ရာ အရာရှ်ိကြီးတွေ ငွေတွေကို အတင်း လိုက်စုနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်” ဟု ပြောသည်။

ယခု ဘုန်းဆွေ၏ ခရီးစဉ်အတွင်း မောင်တောမြို့မှ ပလီ (၁ဝ) လုံးနှင့် ဘုန်းတော်ကြီး ကျောင်း နှစ်ကျောင်းကို ပြန်လည် ပြုပြင်ရန် ခွင့်ပြုခဲ့သည်ဟု သာသနာရေး ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

“ဒုဝန်ကြီး ဘုန်းဆွေက မောင်တောက ပလီ (၁ဝ) လုံးနဲ့ ဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်းကို ပြန်လည် ပြုပြင်ဖို့ ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ငွေတွေကို သူနဲ့အတူပါလာတဲ့ မူဆလင် စီးပွားရေး သမား ၁၈ ဦးက ထည့်ဝင်မှာ ဖြစ်ပါတယ်။”

ဘုန်းဆွေသည် ဘူးသီးတောင်-မောင်တော ဒေသတွင် မွေးဖွားသူ မူဆလင် စီးပွားရေး သမား (၁၈) ဦးနှင့် အတူ ယမန်နေ့က မောင်တောသို့ ရောက်ရှိလာခဲ့ပြီး မယက ခန်းမတွင် ရယက ဥက္ကဌများနှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ဝန်ကြီး ဘုန်းဆွေသည် အလယ်သံကျော် ကျေးရွာသို့ သွားရောက်ပြီး သူနှင့် အတူ ရန်ကုန်မြို့မှ လိုက်ပါလာခဲ့သော မူဆလင် စီးပွားရေး သမား ဦးအောင်နိုင်နှင့် အောင်ဇော်ဝင်းတို့မှ တည်ခင်း ဧည့်ခံသော နေ့လည်စာကို စားသုံးခဲ့သည်။

Most read this week