သမိုင်းဝင် ပင်လုံမြို့တွင် ဓမ္မ သင်တန်းကျောင်း ဖွင့်လှစ်

သမိုင်းဝင် ပင်လုံမြို့တွင် ဓမ္မ သင်တန်းကျောင်း ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့တွင်  ပထမ အကြိမ် ဓမ္မ သင်တန်းကျောင်း ဖွင့်လှစ် ကြောင်း သတင်းရရှိသည်။

သျှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးတွင်  စက်တင်ဘာလ ၁၄ ရက် က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းချိန်မှာ နံနက် ၈ နာရီမှ ၁၁ နာရီအထိ ဖြစ်ကြောင်း သိရှိရသည်။

ပင်လုံမြို့ မင်္ဂလာမွေတော်ကျောင်းတိုက် ဓမ္မစကူး (လ်)ကျောင်း ဥက္ကဌ ဖြစ်သော အရှင် ဝိဇယာဘိပါလ က " ဒီနေ့ဓမ္မစကူး(လ်)ကျောင်း လာတက်တာ လူငယ်တွေအယောက် ၂၆၀ ကျော် ရှိတယ်။  သံဃာတော် ၄ ပါး နဲ့ ဆရာမ ၈ ယောက် က လာရောက်သင်ကြား ပေးတယ်။ တနင်္ဂနွေနေ့တိုင်း သင်ကြားပေးသွားမယ် " ဟု မိန့်သည်။

လူငယ်တိုင်း ဗုဒ္ဓမြတ်စွာဘုရားတော်၏တရားတော်ကိုသိရှိစေရန် ၊ မိဘဆရာသမားတို့ကို ရိုသေလေးစားတတ် စေ ရန် နှင့် လူငယ်များကို ယဉ်ကျေး လိမ္မာတတ်စေရန် ရည်ရွယ်ပြီး  ဓမ္မသင်တန်းကျောင်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

အလားတူ ဓမ္မစကူး(လ်)ကျောင်းကို သျှမ်းပြည်တောင်ပိုင်းတွင် တောင်ကြီးမြို့ မိုင်းပွန်မြို့၊ ပင်လုံမြို့ နှင့် လဲချားမြို့တို့တွင်လည်းကောင်း၊ သျှမ်းပြည်မြောက်ပိုင်းတွင် နမ္မတူ၊ လားရှိုး၊ နမ့်ခမ်း၊ မူစယ် မြို့တို့တွင် လည်းကောင်း ဖွင့်လှစ်ထားပြီး တနင်္ဂနွေနေ့ အပတ်တိုင်း  သင်ကြားပေးနေသည် ဟု ပင်လုံမြို့ ဓမ္မစကူး(လ်)ကျောင်း အတွင်းရေးမှူး စိုင်းဆွန်ယွတ် က ပြောသည်။

Most read this week