ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်လုပ်ငန်းစဉ် ရာနှုန်းပြည့်ပြီးပြီဟုဆို

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်လုပ်ငန်းစဉ် ရာနှုန်းပြည့်ပြီးပြီဟုဆို
by -
မဇ္စျိမ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးပြီဟု အကောင်အ ထည်ဖော်မှု ကော်မတီဝင် အချို့က စက်တင်ဘာ ၉ ရက်တွင် မဇိ်္စျမကို ပြောသည်။

ဖွဲ့စည်းအုပ် ချုပ်ပုံအခြေ ခံဥပဒေတွင်ပါ ရှိသည့် အခန်း ၁၅ ခန်းမှ ပုဒ်မပေါင်း ၄၅၇ ခု၊ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း သို့မ ဟုတ် ဒေ သဦးစီးအဖွဲ့တို့၏ ဥပဒေပြု ခွင့်၊ တိုင်း၊ ပြည်နယ်တို့ ကောက်ခံခွင့်ရှိသည့် အခွန်အခ၊ အမတ်တို့၏ ကတိ သစ္စာပြု ချက်စသဖြင့် ပြင်ဆင်လိုက်ပြီဟု ဆိုခြင်းဖြစ်သည်။

“ကျန်နေတဲ့ ဇယားငါးခု စလုံးပြင် ပြီးပါပြီ။ အချောပြန် စစ်ဖို့နဲ့ အစီရင်ခံစာ စရေးဖို့ပဲ ကျန်ပါတော့တယ်”ဟု ပင်လောင်း မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးခွန်မောင်သောင်း ကအတည်ပြုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး နည်းလမ်း၊ သမ္မတအ ရည်အချင်း သတ်မှတ်ချက်၊ ဥပဒေပြု ခွင့်နှင့် သယံဇာတ ခွဲဝေမှုမည်မျှ ခွင့်ပြုထားသည်၊ မည်သို့ ပြင်ဆင်ထားသည်ဆိုသော အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

ကော်မတီဝင် တစ်ဦးဖြစ်သူ မူဆယ်မြို့ နယ်အမတ် ဦးစိုင်း ဘိုးအောင်က “အားလုံးမ ဟုတ်ပေမယ့် အချို့ သော အရေးကြီးတဲ့အ ချက်တွေကို ပြင်နိုင်ခဲ့ပါတယ်။   ပြင်ဆင်မှုအတွက်အတိုင်းအတာတစ်ခုအထိ ကျေနပ်တယ် လို့တော့ ပြောရမှာပေါ့”ဟု ပြောသည်။

ကော်မတီ၏လုပ်ငန်းဆောင်တာအသေးစိတ်ထုတ်ဖော် ပြော ဆိုခွင့်ကိုမူ ကော်မတီဝင်တို့ကိုကန့်သတ်ထားသည်။ စိစစ်မှုများပြီးစီးပါက အစီရင်ခံစာတင်ရန် ကော်မ တီအစည်းအဝေးများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး စက် တင်ဘာ ၁၅ ရက် နောက်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန်မျှော်မှန်းထားသည်ဟု ကော်မတီဝင်တို့က ဆိုသည်။

ကော်မတီသည် ပြည်သူတို့၏အကြံပြု ချက်နှင့် လေ့လာတွေ့ ရှိချက်များအတိုင်း ပြင်ဆင်ထားသည့် လုပ် ငန်းစဉ်များကို လွှတ်တော်သို့ အစီရင်ခံရန်သာဖြစ်ပြီး ပြင်ဆင်ရန်မှာ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအ ဖြတ်သာဖြစ်သည်ဟု ကော်မတီဝင်တို့က ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ၂၀၁၅ နိုဝင် ဘာတွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲမတိုင် မီ ခြောက်လအလိုအပြီးဆောင်ရွက်ရန် ညွှန်ကြား ထားသည်။

ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင်)က “လွှတ်တော်တွင်း မှာပြင်တာက တပ်နဲ့ ကြံ့ခိုင်ရေး ရှိနေတဲ့ အတွက် အများမျှော် လင့်ထားသ လို ပြင်ဖို့ဖြစ်နိုင် ပါ့မလား။ ကော်မတီက တကယ်အရေးကြီး တဲ့အချက်တွေ ပုဒ်မတွေကိုပြင်နိုင် ပါ့မလားဆိုတာ သံသယ တော့ရှိတယ်။ ဖွဲ့စည်းပုံ ကိုပြင်တာလို သလောက်လေးပြင်လို့ မဖြစ်ဘူး။ စ,လယ်,ဆုံး ပြင်ဖို့လိုတယ်။ ဒီလို ပြင်နိုင်မှ အားလုံးမျှော်လင့်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနိုင်မှာဖြစ် သလို အပစ်ရပ် လက်မှတ်တွေ ထိုးနိုင်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိမှာဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်တာကို အမျိုးသားရေးကိစ္စအနေနဲ့ လွှတ်တော်တွင်းရယ်၊ ပါတီတွေရယ်အဖွဲ့အစည်းတွေပါတဲ့ညီလာခံတစ်ခုလုပ်ပြီးဝိုင်းဆွေးနွေးကြပြီးလွှတ်တော် ပြင်ပမှာဆွေးနွေးပြီး ပြင်စေချင်တယ်။ဒါမှအများကလက်ခံတဲ့၊သဘော ထားပါတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှုဖြစ်မှာပါ” ဟု ပြောသည်။

ဦးစောသန်းမြင့် (ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒု-ဥက္ကဋ္ဌ)က “တိုင်းရင်းသားတွေတောင်းဆိုထားတဲ့ အချက်တွေနဲ့အများနဲ့ဆိုင်တဲ့ အကျံုးဝင်တဲ့အချက်တွေကို ပြင် မယ် လို့တော့မျှော်လင့်ပါတယ်။ ဒါပေမဲ့ကော်မတီမှာက လက်ရှိအာဏာရပါတီ(ပြည်ခိုင်ဖြိုး)က အများစုပါနေ တယ်။ အဲတော့ကျွန်တော် တို့လိုချင်တဲ့ မျှော်လင့် တဲ့ပုံစံ သွားချင်တဲ့ဖက် ဒရယ် လမ်းကြောင်း အတိုင်း အပြည့် အဝ ပြုပြင်ပေးမယ် မထင်ဘူး။ လက်ရှိ  အာဏပါတီ (ပြည်ခိုင်ဖြိုး) လိုချင်တဲ့၊ သွားချင်တဲ့လမ်းကြောင်းအ တိုင်းပဲ ပြုပြင်မယ်လို့ထင်တယ်”ဦးကျော်လင်းဦး (နိုင်ငံရေးလေ့လာသုံးသပ်သူ)“ဖွဲ့စည်းပုံကို လွှတ်တော် တွင်းမှာ ဖွဲ့စည်း ထားတဲ့ ကိုယ်စား လှယ်တွေနဲ့ပဲ ပြင်ဖို့ဆိုတာ အပစ်ရပ် လက်မှတ် တွေထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့အ ချိန်ကျမှလက် ရှိအစိုးရ၊ တပ်၊ နိုင်ငံရေးအင်အားစုတွေ၊ပါတီ တွေ တိုင်းရင်းလက်နက်ကိုင် တွေဘာလိုအပ်လဲ၊ ဘယ်လိုပြင်ချင်လဲဆိုတာအကျေအလည် ဆွေးနွေးညှိ နှိုင်းပြီး ဆွေးနွေး ချက်တွေကို အခြေခံပြီးပြင်သင့်တယ်လို့ ထင်ပါတယ်။ လောလောလောလောနဲ့ လုပ်သင့် တဲ့၊ ပြင်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီလိုလူ ၃၀ ကျော်နဲ့ပြင်တာ အရမ်း အန္တရာယ်များသလို အများစုလိုလား ချက်တွေနဲ့ ကိုက်ညီနိုင်မှာမဟုတ်ပါဘူး” ဟု ပြောသည်။