အမည်မသိ ခရုများကြောင့် လယ်သမားများ အခက်ကြံု

အမည်မသိ ခရုများကြောင့် လယ်သမားများ အခက်ကြံု
by -
ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ်၊ နိုးကိုးအုပ်စု၊ ဆော်ခိဒေါကျေးရွာတွင် စပါးပင်းများအား အမျိုးအမည်မသိရသော ခရုများမှ ကိုက်ဖြတ် ဖျက်ဆီးနေကြောင်း ဒေသခံလယ်သမားများက ဆိုသည်။

"အရင်နှစ်ကတော့မရှိဘူး၊ ဒီနှစ်မှစတာ။ နွေစပါးစိုက်တဲ့အချိန်က စပါးကို မကိုက်သေးဘူး။ ခုမှသူတို့ကလည်း ကြီး လာပြီး ဒီနှစ်မိုးစပါးစစိုက်တဲ့အချိန်ကနေစပြီး လေးငါးဆယ်ရက်လောက်က စကိုက်တာပေါ့" ဟု ဆော်ခိဒေါ ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးရယ်က ပြောသည်။

ယခုနှစ်တွင် စပါးစိုက်ပျိုးရာ သီအတွင်း ခရုများ၏ဖျက်ဆီးမှုကြောင့် စပါး ၆ ဧကခန့် ပျက်စီး သွားသည့်အပြင် အခြား လယ်ကွက်ရှိ စပါးများကို နေရာကွက်ကြား ကိုက်ဖြတ် ဖျက်ဆီးနေမှုများလည်း ရှိကြောင်းသိရသည်။

"အကုန်လုံးတော့မစားဘူးပေါ့။ ကွက်ကြားကွက်ကြား စားနေတယ်။ အရင်းနှီးကလည်းတော်တော်ကုန်နေပြီ။ ရှုံးမှာလည်းကြောက်လို့လေ" ဟု ဦးစိုးရယ်က ပြောသည်။

လယ်သမားများက ခရုများကို ဆေးဝါးများဖြင့် ကြိုးစား နိမ်နင်း နေသော်လည်း ခရုများမှာ လျော့နည်းသွားခြင်း မရှိပဲ လယ်ကဇင်းဘောင်တစ်လျှောက်တွင် ဥများ ဥကာ တစ်နေ့ထက်တစ်နေ့ ပွားများလာကြောင်း ဒေသခံများကဆိုသည်။

၎င်းခရုများ မှာ ကျွဲခရုများနှင့် ပုံသဏ္ဍာန် ဆင်တူသော်လည်း ကွဲျခရုထက်အခွံ ပျော့ကြောင်း နှင့် ၎င်း တို့မှာ မိုးဗြဲ ကန် မှ ရောက်ရှိလာခြင်းဖြစ်နိုင်ကြောင်း လယ်သမားများကဆိုသည်။

လာမည့်နှစ်တွင် ခရုများက အလားတူ ဒုက္ခပေးလာမည်ကို လယ်သမားများက စိုးရိမ်နေပြီး ခရုများကို ဖျက်ဆီးနိုင်မည့် အကူအညီနှင့်နည်းလမ်းများ လိုအပ်နေကြောင်း ဆိုသည်။

အခုလိုု စပါးစိုက်ရာသီအတွင်း ဆော်ခိဒေါကျေးရွာ ၌ အမည်မသိခရုုများ စပါးပင်ဖျက်နေချိန်တွင် ရှမ်းကယား နယ်စပ်မှ လယ်သမားများ၏စပါးပင်များမှာလည်း ဂဏန်းအုပ်စုများက လာရောက်ဖျက်ဆီးသည့် အခက်ခဲများကြံုတွေ့နေရသည်။