ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်က ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ ့တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ခွင့်ပြုလိုက်သော ချင်းဒီမိုကရေစီအဖွဲ ့ချုပ် Chin League for Democracy (CLD) ၏ ရုံးချုပ်ဖွင့်ပွဲ အခန်းအနားကို ၂၀၁၄ခုနှစ် သြဂုတ်လ (၂၃) ရက်နေ ့ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ ရုံးချုပ်ကို ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို ့နယ် (၄၅) ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသားတစ်ရပ်လုံးကို ကိုယ်စားပြု ရပ်တည်ဆောက် ရွက်ရေးနှင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ ပါတီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
CLD သည် ချင်းပြည်နယ်ပြင်ပတွင် ပြန် ့ကျဲနေထိုင်ကြသည့် ချင်းလူမျိုးများ ဥပဒေအရ ရပိုင်ခွင့်များ အပြည့်အဝ ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ချင်းအမျိုးသားများအတွက် ရည်မှန်းချက်၊ မူဝါဒများတူညီသည့် ချင်းနိုင်ငံရေးပါတီများ၊ တရားဝင် ဖွဲ ့စည်းထားသည့် အဖွဲ ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင် ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။
ထို ့အပြင် စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့်အတူ ပြည်ထောင်စုစနစ်တည်ထောင်ရေး၊ တိုင်းရင်းသားလူမျိုးများ အားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် လှုပ်ရှားဆောင် ရွက်သော နိုင်ငံရေး ပါတီ၊ အဖွဲ ့အစည်းနှင့် လူပုဂ္ဂိုလ် များနှင့် လက်တွဲ လုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။
ချင်းနိုင်ငံရေးပါတီ (၇)ခုမြောက်အဖြစ် ဖွဲ ့စည်းသည့် CLD ပါတီအနေဖြင့် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ချက် အတိုင်း (၃)လအတွင်းပါတီဝင် အင်အား (၁၀၀၀) စုကာ တင်ပြရမည်ဖြစ်သော ကြောင့် ယင်းကိစ္စကို ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းတွင်လည်း ပါ၀င်သွားရန် ရှိကြောင်း သိရသည်။
ဥက္ကဌ ဦးငိုင်ဆတ်ခ် ဦးဆောင်သည့် CLD ပါတီသည် အောက်ပါ ရည်မှန်းချက်များဖြင့် ဖွဲ့စည်းခဲ့သည်ဟု ပါတီက ဆိုသည်။
(က) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်နှင့် တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုရှိသည့် စစ်မှန်သော ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊
(ခ) တိုင်းရင်းသားလူမျိုးများအားလုံးနှင့်အတူ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး နှင့် မိမိတို့ ကြမ္မာကို လွတ်လပ်စွာ ဖန်တီးခွင့် ရရှိရေး၊
(ဂ) ပြည်ထောင်စုတည််ငြိမ်အေးချမ်းရေးကိုရှေးရှု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် တန်းတူ ညီမျှသော အခွင့်အလမ်းများ ရရှိရေးနှင့် တပြေးညီဖွံ့ဖြိုးတိုးတက်စေရေး။
(ဃ) ချင်းပြည်နယ်ပြင်ပ၌ ပြန့်ကျဲနေထိုင်ကြသော ချင်းလူမျိုးအနေဖြင့် ဥပဒေအရ ရပိုင်ခွင့်များ အပြည့် အဝ ရရှိနိုင်ရေး၊
(င) ချင်းအမျိုးသားရေးတွင် ချင်းအမျိုးသားတစ်ရပ်လုံး တစ်လုံးတစ်ဝတည်းဖြင့် လက်တွဲ ဆောင် ရွက်နိုင်ရေး၊
(စ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က လက်မှတ်ရေးထိုးအတည်ပြုပြီးဖြစ်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ချင်း လူမျိုးအားလုံး အပါအဝင် နိုင်ငံ သားတိုင်း အပြည့်အဝ ခံစားရရှိနိုင်ရေး၊
(ဆ) တိုင်းရင်းသားလူနည်းစုများနှင့် ချင်းတိုင်းရင်းသားတို့၏ အခွင့်အရေးကို ထိခိုက် နစ်နာမှုမရှိစေ ရန် လုံလောက်သော အကာအကွယ် ရရှိရေး စသည့် ရည်မှန်းချက်ဖြင့် ဖွဲ ့စည်းသည့် ချင်းနိုင်ငံရေး ပါတီဖြစ် ကြောင်း ပါတီ၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင်ဖေါ်ပြထားသည်။
ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မီတီရွေးချယ်ခြင်းကို ဇွန်လ (၂၈) ရက်နေ့တွင်ပြုလုပ်ခဲ့ရာ ဥက္ကဌ ဦးငိုင်ဆာခ့်၊ ဒု-ဥက္ကဌ (၁) ဒေါ်ဆုန်ဇီးမာန်၊ ဒု-ဥက္ကဌ(၂) ဦးအောင်ယော၊ ဒု-ဥက္ကဌ (၃) ဆရာကြီး ဦးအာခွဲ၊ အထွေထွေ အတွင်းရေးမှုး ဆရာပီပီ၊ အတွင်းရေးမှုး (၁) ဦးအောင်လင်း၊ အတွင်းရေးမှုး (၂) ဂျင်မီဇာဘွေ၊ အတွင်းရေးမှုး (၃) ဦးဂင်ဆွမ်မုန်တို့ဖြစ်ကြောင်း သိရသည်။