ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး စက်တင်ဘာ ၁ ရက်နေ့တွင်စတင်ကျင်းပမည်

ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး စက်တင်ဘာ ၁ ရက်နေ့တွင်စတင်ကျင်းပမည်
by -
Salai Hong Tun Gei

နဝမအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်ကို လာမည့်စက်တင်ဘာလ (၁)ရက်နေ့တွင်ပြန်လည် ကျင်းပတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြန်လည်ကျင်းပမည့်ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဒေသလိုအပ်ချက်များကို လွှတ်တော်စတင် ချိန်မှသာ ဆွေးနွေးခြင်းကြောင့် မည်သည့်အဆိုတက်လာမည်၊ မည်သည့်အဆိုကိုဆွေးနွေး မည်ကိုကြိုတင် မသိရှိရသေးကြောင်း လွှတ်တော်အမတ်များကဆိုသည်။

“လွှတ်တော်အမတ်တွေအတွက်တော့ ဘာအဆို၊ဘာမေးခွန်းတွေလာမလဲဆိုတာမသိနိုင်သေးဘူး။ ကိုယ့်ဒေသ၊
ကိုယ့်မြို့နယ်ကလာကြမှာဆိုတော့လေ ။ ပါတီအတွင်းမှာဆိုလည်းဆွေးနွေးတုန်းပဲရှိသေးတယ်။ ၀န်ကြီးဌာနအလိုက် သူတို့ဘတ်ဂျက်တောင်းတာတွေ၊ ပြောင်းလဲ တာတွေလည်းဒီတစ်ခေါက်မှာ ဆွေးနွေးဖြစ်မယ်ထင်တယ်”ဟုချင်းပြည်နယ်လွှတ်တော်အမတ် ပူးလာလ်မောင်ကျံုးကပြောသည်။

လွှတ်တော်အစည်းအဝေးကျင်းပသည့်ကာလကိုကန့်သတ်ထားခြင်းမျိုးမရှိပဲ ဆွေးနွေးမည့်အဆိုများ လျှင်များသလိုကြာမြင့်ကြောင်း ချင်းပြည်နယ်လွှတ်တော်အမတ်များကဆိုသည်။

ချင်းပြည်နယ်တွင်  မြို့နယ်ကိုးမြို့နယ်သာရှိ၍တစ်မြို့နယ်လျှင် ၂ ဦး အချိုးကျစီဖြင့်  လွှတ်တော်ကိုယ်စား လှယ်ပေါင်း ၁၈ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၆ ဦး စုစုပေါင်း ၂၄ ဦးရှိပြီး လွှတ်တော်သက်တမ်း လေးနှစ်နီးပါးကာလ အတွင်း ဥပဒေကြမ်းစုစုပေါင်း ၁၅ ခုပြဌာန်းပြီး ဖြစ်ကြာင်းသိရသည်။

Most read this week