ပြည်တွင်းငြိမ်းချမ်းရေးနှင်.အမျိုးသားပြန်လည်သင်.မြတ်ရေးအတွက် ပြဿနာများစွာရှိနေစဉ်နိုင်ငံရေး အရပြဿနာများစွာ ပေါ်နိုင်သောအချိုးကျကိုယ်စားပြုရွှေးချယ်တင်မြောက်သည့်စနစ်(PR) ကိုလာမည့်ရွှေး ကောက်ပွဲများတွင်ကျင်.သုံးရန် လွှတ်တော်တွင်ရုတ်တရက်တင်သွင်းခဲ.ပြီးယင်းအဆိုဆွေးနွေးစဉ် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မတက်ပဲပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.သည််ဖြစ်ရာ(PR စနစ်နှင်.ပတ်သက်ရျွရှမ်းတိုင်းရင်းသားပါတီတခုဖြစ်သည်. ကျားဖြူပါတီမှကွန်ဟိန်းပြည်သူ. လွှတ်တော် ကိုယ်စားလှယ်ဒေါ်နန်းဝါနုနှင်.တွေ.ဆုံမေးမြန်းခဲ.သည်များကိုကောက်နုတ်ဖော်ပြအပ်ပါသည်။
ရှမ်းမလေး
မေး ။ PR စနစ်ကို ဒေါ်နန်းဝါနုအနေနဲ့ဘယ်လိုမြင်လည်း၊ PR စနစ်ကို မြန်မာနိုင်ငံမှာကျင့်သုံးသင့်ပြီလို့ထင်လား ။
ဖြေ ။ ကျမတို့နိုင်ငံအနေအထားနဲ့ PR စနစ်ကိုကြည့်မယ်ဆိုရင် ကျမတို့နိုင်ငံက ရွေးကောက်ပွဲနဲ့ အလှမ်းဝေး နေတာ ကြာပြီ ပြည်သူလူထုဟာ ရွေးကောက်ပွဲနဲ့အကျွမ်းတစ်ဝင်မရှိဘူး ။မဲဘယ်လိုပေးရမလဲဆိုတဲ့ အနေအထားကိုလည်းမသိဘူး။ များသောအားဖြင့် ကျမတို့တိုင်းရင်းသားတွေ စာပေသင်ကြားမှုအပိုင်းမှာ အားနည်းတယ်၊ မြို့ရွာတွေမှာရှိတဲ့ တိုင်းရင်းသား တွေကတောင်မှ (first Pass the post) စနစ်ကိုတောင်နား မလည် သေးပဲနဲ့ PR စနစ်ကိုသွားလိုက်မယ်ဆိုရင်အဓိကအား ဖြင့်ဗမာတိုင်းရင်းသားတွေကထား လိုက်ပါတော့ ဗမာစာတတ်တယ် ဆိုတော့မစိမ်းဘူးပေါ့။တစ်ခြားတိုင်းရင်းသား တွေအ တွက်တော်တော်လေး အခက်အခဲဖြစ် မယ်။ ရွေးကောက်ပွဲစနစ်နဲ့ နိုင်ငံရေး ရေချိန်တွေကိုပြန်ကြည့်ပြီးသုံးသပ်မယ်ဆိုရင် တစ်ခြားတိုင်းရင်းသား တွေက တော်တော်လေးအားနည်းနေသေးတယ်။ သူတို့တွေကို လေ့ကျင့်ပျိုးထောင်ပေးရဦးမယ်။ ရွေးကောက်ပွဲ စနစ်ဆိုတာဘာလဲ ၊ဒီမိုကရေစီ စနစ်ဆိုတာဘာလဲ ၊အခုလောလောဆယ် တိုင်းရင်းသားတွေက သူတို့ရဲ.အခွင့် အရေး ကဘာတွေလဲ ဆိုတာသူတို့ကိုယ်တိုင်မသိသေးတဲ့အချိန်မှာသူတို့ရဲ့ PR စနစ်ကိုလာပြီးသုံး လိုက်မယ်ဆိုရင် တိုင်းရင်းသားတွေအတွက် လုံးဝမကောင်းဘူးပေါ့။
မေး ။ PR စနစ်အပေါ် (Shan Nationalitity Democratic Party) ကျားဖြူပါတီရဲ့ သဘောထား နဲ့ PR စနစ်ကို ကန့်ကွက်တဲ့ပါတီ ဘယ်နှစ်ပါတီရှိပါသလဲ။
ဖြေ ။ SNDP ပါတီ တင်မကဘူးတိုင်းရင်းသားညီနောင်များအဖွဲ့ NBFက တိုင်းရင်းသားပါတီပေါင်း အ ဖွဲ့၂၀ လောက်မှာ တစ်ဖွဲ့မှ PR စနစ်ကိုလက်မခံကြပါဘူး။ လက်မခံကြောင်းကိုလည်း ကျမတို့ကသဘောထား ထုတ်ပြန်ချက်ကိုလည်း သုံး ကြိမ်တိတိ ထုတ်ပြန်ထားပြီးပါပြီ။ ပထမအနေနဲ့ ဒီ PR စနစ်ကိုမကျင့်သုံးသင့်ဘူးလို့ ထုတ်ပြန်ထားတယ်၊ နောက် စောသေးတယ်လို့ ထုတ်ပြန်ထားတာရှိတယ် ။ PR စနစ်ကိုပြည်နယ်မှာမကျင့်သုံး သင့်ပါဘူးလို့ ဒီ PR စနစ်ကိုကန့်ကွက်ပါတယ်လို့ထုတ်ပြန် ထားတာရှိတယ်။
မေး ။ PR စနစ်ကို ဘယ်ပါတီတွေကထောက်ခံထားပါသလဲ။
ဖြေ ။ ထောက်ခံထားတဲ့ အဖွဲ့တွေကတော့ ဒေါ်ခင်ဝိုင်းကြည် တို့ပါတီ NDF ပေါ့၊ အမျိုးသားလွှတ်တော်ကနေစပြီး ဒေါ်ခင်ဝိုင်းကြည် ကအဆိုတင်သွင်းတယ် ၊ပြည်သူ့လွှတ်တော်မှာ ဦးအောင်ဇင်ကလည်းအဆိုတင်သွင်းတယ်။
မေး ။ PR စနစ်ကို အစိုးရအနေနဲ့ ပြဌာန်းလိုက်မယ်၊ ကျင့်သုံးလိုက်မယ်ဆိုရင်ကျားဖြူပါတီအနေနဲ့ ဆက်လက်ရွေး ကောက်ပွဲဝင်မှာလား ၊ဘာဆက်လုပ်မှာလဲ။
ဖြေ ။ ကျမတို့အနေနဲ့ ပြည်နယ်မှာမကျင့်သုံးဖို့ကို အဓိကတောင်းဆိုထားတာဖြစ်တယ်။ ပြည်နယ်မှာလာပြီးကျင့် သုံးမယ်ဆို ဆိုရင်တော့ တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်နယ်တွေအားလုံး ဆန္ဒပြမယ် သပိတ်မှောက်မယ်။ အခုဖြစ်နေတဲ့ အနေအထားကိုသုံးသပ်ကြည့် မယ်ဆိုရင် လာမယ့် ၂၀၁၅ မှာမဖြစ်မနေ PR စနစ်ကိုကျင့်သုံးမယ် ဆိုတာကိုတော့ ခန့်မှန်းလို့ ရတယ်။ NBF ပါတီတွေအနေနဲ့ NBF ရဲ့ကိုယ်စားလှယ်တွေ အားလုံးက သူရဦးရွှေမန်း ဆီ မှာကန့်ကွက်စာတွေ တင်တယ် ။စာတင်တဲ့အချိန်မှာ NLD နဲ့တိုင်းရင်းသားပါတီတွေ လွှတ်တော်အတွင်း ရောက်ရှိနေကြတဲ့ တစ်ခြားပါတီတွေ အကုန်လုံးကိုခေါ်ပြီးတံခါးပိတ်ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုတော့ အပျက်အစီး မခံပါဘူး အားလုံးအတွက်မျှမျှတတဖြစ်အောင် လုပ်ပေးပါ့မယ်လို့သူရဦးရွှေမန်းကကတိပေးထားတယ်။ကတိပေးထားတဲ့အတိုင်းပဲကျမတို့ယုံပါတယ်။ ပြည်နယ်မှာသူတို့မလုပ်လောက်ပါဘူးလို့ ယုံကြည်တယ်ပေါ့။ ဦးအောင်ဇင် အဆိုတင်သွင်းတုန်းကတော့ ပြည်နယ်တွေမပါပါဘူးလို့တော့ပြောပါတယ်။ ပြည်နယ်တွေမပါဘူးဆိုရင် ကျမ တို့တိုင်းရင်းသားပါတွေအနေနဲ့ ဘာမှသိပ်ပြောစရာမလိုပါဘူး။
မေး ။ ဘယ်အချိန်လောက်ရောက်မှ မြန်မာပြည်မှာ PR စနစ်ကိုသုံးသင့်တယ်လို့မြင်လဲ။
ဖြေ ။ ဒီ PR စနစ်ကိုကျင့်သုံးမယ်ဆိုရင်ဘယ်လိုပဲလုပ်လုပ် ဒီ ၂၀၀၈ ဥပဒေကို ပြင်ကိုပြင်မှရမယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ စနစ်ကို ခုမှစကျင့်သုံးတယ်။ ရွေးကောက်ပွဲ ဆိုတာာကြီးကို နေသားကျနေမှ သာပေါ့။ ဒီမိုကရေစီ ဆိုတာကို ပြည်သူလူထုတွေ ခုထက်ထိယောင်ဝါးဝါးဖြစ်နေ တုန်းပဲ။ပြည်သူတွေရဲ့ နိုင်ငံရေးအမြင်အနေအထား ၊တိုင်းရင်းသားတွေကဗမာတွေထက်စာရင် ပိုလို့တောင်နိုင်ငံရေးအမြင်အားနည်းနေသေးတယ်။ နောက်ပြီး PR အမျိုးမျိုးရှိတယ်လေ သုတေသန လုပ်ရဦးမယ် ။ပြည်နယ်မှာ ဘယ်လို PR နဲ့ကိုက်ညီတယ်၊ ပြည်မ မှာ ဘယ်လို PR နဲ့ ကိုက်ညီတယ် ဆိုတာ သေချာလုပ်ရဦးမှာပေါ့ အများကြီးအဘက်ဘက်ကလိုပါသေးတယ်။ စမ်းသပ်မှုတွေ လုပ်ကြည့်ရဦး မယ်။ဒီအနေအထားနဲ့တော့ PR ကိုလုံးဝမသုံးသင့်သေးပါဘူး။
မေး ။ စစ်တပ်ကလဲ PR စနစ်ကိုကန့်ကွက်တယ်။ အဲ့ဒါ စစ်တပ်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ စစ်တပ်က PR ကို ကန့်ကွက်တာမဟုတ်ပါဘူး။ စစ်တပ် ကအမျိုးသားလွှတ်တော်မှာ PR ကျင့်သုံးဖို့ စောနေသေးတယ်၊ မလုပ်သေးနဲ့ လို့ပဲ ပြောတာပါ။မလုပ်ပါနဲ့ လို့ပြောတာမဟုတ်ပါဘူး။
ကိုယ်ရေးအကျဉ်း ။
အမည် ။ ။ဒေါ်နန်းဝါနု
မိဘ အမည်။ ။အဖ- ဦးစိုင်းဦးဆိုင် (ယခင် SSA တပ်မဟာ (၇)၊ ပြည်သူ့စစ်အသွင်ပြောင်း (ကာလိ) ၊ယခု ကွန်ဟိန်းဖောင် ဒေးရှင်း တွင်လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မူးယစ်ဆေးစွဲကုဌာန တွင်တာဝန်ယူဆောင်ရွက်) အမိ- ဒေါ်နန်းရွှေစိန် ။
ဇာတိ။ ။ကွန်ဟိန်းမြို့
လွိုင်လင်တွင် (၈) တန်းအထိနေခဲ့ပြီး တောင်ကြီးတွင် (၉)တန်းမှ စ၍ တက္ကသိုလ်(ဥပဒေဘွဲ့ နဲ့ မဟာဥပဒေဘွဲ့ )ရတဲ့အထိတက်ရောက်ခဲ့။ ရှေ့နေအလုပ်လုပ်ခဲ့သေး။
အသက် (၂၅) နှစ်တွင်အိမ်ထောင်ကျပြီး သားသမီး သုံး ယောက်ရှိ။
၂၀၁၀ ရွှေးကောက်ပွဲအပြီး ၂၀၁၁ မှာကျားဖြူ ပါတီ၊ အမတ်ဖြစ် ၊ (ကွန်ဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)