လွိုင်ကော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဘုရားနီကျေးရွာလူထုနှင့်တွေ့

လွိုင်ကော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဘုရားနီကျေးရွာလူထုနှင့်တွေ့
by -
ကယားထဲ

သြဂုတ်(၁၉) လွိုင်ကော်၊ ကယားထဲ လွိုင်ကော်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စား လှယ်နှင့်ဘုရားနီ ကျေးရွာလူထုသြဂုတ်လ၁၉ရက်နေ.က တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

“လွှတ်တော်ကပြည်သူလိုအပ်ချက်ကိုတင်တောင်းရမယ်၊ မေးခွန်းမေးပေးရမယ်ပြည်သူအတွက် အဲ့ဒီအချက် တွေကိုပြည်သူတွေကိုသိစေချင်လို့ပါ”ဟု လွိုင်ကော်မြိုနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုကပြောသည်။

ကျေးရွာမှဒေသခံများကလည်းကျေးရွာတွင်လမ်းဖောက်ပေးရန်၊ ဆေးပေးခန်းများထားရှိနိုင်ရန်နှင့် ပညာရေးတွင် လိုအပ်ချက်များဖြည့်စွက်ပေးရန်စသည့်လိုအပ်ချက်များကိုတောင်းဆိုခဲ့သည်ဟု ယင်းတွေးဆုံပွဲတက်ရောက်သူများကပြောသည်။

 “ကျနော်တို့တင်ပြတာကလမ်းဖောက်လုပ်ပေးဖို့ရယ်၊ ဆေးပေးခန်းရယ်၊ ပညာရေးအပိုင်းပေါ့။ ရွာလမ်းက ဒီကနေဆည်မြောင်းဘက်ကမိုးတွင်းဆိုတအားဆိုးတာ ပညာရေးအပိုင်းကဆရာ/ဆရာမ မလုံလောက်တာ ပေါ့။”ဟု ဘုရားနီရွာအုပ်ချုပ်ရေးမှုးဦးနေလင်းအောင်ကပြောသည်။

အ.မ.ကအခြေခံမူလတန်းလွန်ကျောင်းအုပ်ဆရာမဒေါ်ဌေးဌေးဝင်းက “ကျမကမူ/လယ်နှစ်ခုလုံး ကိုဖြေရှင်းနေရ တာ ပေါ့နော်။ ကျမကအုပ်ချုပ်ရေးအပိုင်းမှာတင်မကပဲသင်ကြားရေးအပိုင်းပါတာဝန်ယူနေရပါတယ်။ဒါကြောင့်ကျမကဆရာမတယောက်လိုချင်ပါတယ်”ဟု ယင်းတွေ့ဆုံပွဲတွင်ပြောသည်။

ရွာမိရွာဖတစ်ဦးကကလေးများ ကျောက်သွားတက်ရန်လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်အတွက်လမ်းကို ပြုပြင်ပေးရန်တောင်းဆိုသည်။

ယင်းတောင်းဆိုမူများပက်သက်ရျွ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဖြူက “စာသင်ကျောင်းကပေ ၈၀၊၃၀ စာသင်ကျောင်းဆောင်တဆောင်၂၀၁၅/၁၆ မှာဆောက်လုပ်ပေးမယ်လို့ဦးတို့ကျပြီးသား နောက်ရွာချင်း ဆက် လမ်း ရွာကနေဆည်မြောင်းဘောင်ထိကျောက်ချောလမ်းလုပ်ပေးဖို့၂၀၁၅/၁၆ မှာကျပြီးသား။ဒီကနေ့ရွာသူရွာသားများရဲ့တောင်းဆိုချက်များအားလုံးကိုဖြည့်ဆည်းပေးနိူင်မှာပါ” ဟုဆိုသည်။

Most read this week