ရခိုင် လယ်ယာမြေပြဿနာဥပဒေအရ အမြန် ဖြေရှင်းရန် ပြည်နယ်လွှတ်တော်တွင် အဆို တင်သွင်းပြီ

ရခိုင် လယ်ယာမြေပြဿနာဥပဒေအရ အမြန် ဖြေရှင်းရန် ပြည်နယ်လွှတ်တော်တွင် အဆို တင်သွင်းပြီ
by -
လင်းမြတ်

ရခိုင်ပြည်နယ်အတွင်း ယခင်စစ်အစိုးရ မတရား သိမ်းဆည်းခဲ.သောလယ်ယာမြေပြဿနာများကို ပြည်နယ်အစိုးရအနေဖြင့် ဥပဒေနှင်.အညီ မြန်ဆန်စွာ ဖြေရှင်းပေးရန် တိုက်တွန်းကြောင်း အဆိုုကို သြဂုတ်လ (၁၈) ရက်နေ့က ပြည်နယ် လွှတ်တော်တွင်မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းတင်သွင်းခဲ.ကြောင်းသတင်းရရှိ သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လယ်ယာမြေနှင့် အခြားမြေများဆိုင်ရာ ပြဿနာများအား အစိုးရ အနေဖြင့် ဖြေရှင်းပေးမှု အားနည်းနေသဖြင့် ယင်းပြဿနာများအား သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ မြန်ဆန်စွာ ဖြေရှင်းပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရခြင်းဖြစ်သည်ဟု အဆိုတင်သွင်းသူ ဦးအောင်ဝင်းက ပြောသည်။

“ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်တွေကို မရောက်ဘဲ ကျွန်တော်တို့လက်ထဲမှာ ရောက်နေတဲ့ လယ်ယာမြေအမှုတွေ အများကြီးပါပဲ။ ဒီနေ့ထက်တိုင် ဒါတွေကို သက်ဆိုင်ရာ မြို့နယ်တွေ၊ ခရိုင်၊ ပြည်နယ်၊ အစိုးရအဆင့်ဆင့်က ဖြေရှင်းပေးနိုင်တာ မရှိသေးပါဘူး။ တစ်ချို့ ဖြေရှင်းတဲ့ အမှုတွေမှာဆိုရင်လည်း ဥပဒေနဲ့ အညီ ဆောင်ရွက်တာကို မတွေ့ရဘူး။ တော်တော် အားနည်းပါတယ်” ဟု ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အမှုပေါင်း (၂၁၂)မှုအား ဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သော်လည်း ယခုအချိန်ထိ (၁၇) မှုခန့်သာ ဖြေရှင်းပေးနိုင်သေးကြောင်း ဦးအောင်ဝင်းက ဆက်ပြောသည်။

လယ်ယာမြေပြဿနာများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် တင်သွင်းခဲ့သည့် အဆိုအား ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင်. လာမည့် သြဂုတ်လ (၂၀)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည်ဖြစ် သည်။

စစ်တွေတွင် ကျင်းပလျှက်ရှိသော ပထမအကြိမ် ဒဿမပုံမှန် ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် အစည်း အဝေးကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၁၃) ရက်မှ စက်တင်ဘာ (၅) ရက်နေ့အထိ ရက်ပေါင်း နှစ်ဆယ်ကျော်ကြာ ကျင်းပသွားမည်ဖြစ်သည်။