လွှတ်တော်နားချိန် အမတ်တို့ သုံးစွဲရန် ထုတ်ပေးထားသည့်ငွေ ပြန်အပ်ရဖွယ်ရှိ

လွှတ်တော်နားချိန် အမတ်တို့ သုံးစွဲရန် ထုတ်ပေးထားသည့်ငွေ ပြန်အပ်ရဖွယ်ရှိ
by -
မဇ္စျိမ

လွှတ်တော်အစည်းအဝေးရပ်နားချိန်အတွင်း သုံးစွဲရန် အမတ်တစ်ဦးလျှင် ကျပ်လေးသိန်းစီ ထုတ်ပေးထားသော ငွေများကို လွှတ်တော်သို့ ပြန်လည်ပေးအပ်ရဖွယ်ရှိသည်ဟု ပြည်သူ့လွှတ်တော်၊ ပြည်သူ့ ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က မဇ္ဈိမကို ပြောသည်။

“ဘာမှန်းမသိသေးဘူး။ အကုန်ပြန်အပ်ရင်လည်း အပ်ရမှာ။ မူဘောင်နဲ့ မကိုက်ဘူးဆိုလည်း ပြန်အပ်ရမှာ”ဟု ၎င်းက သြဂုတ် ၂၀ ရက်တွင် ပြောသည်။

နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြားအသုံးစရိတ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များ ကုန်ကျစရိတ် အတွက်ဟုဆိုကာ လွှတ်တော်အစည်းအဝေး နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင်လ ၃၁ ရက်တွင် ပြည်သူ့လွှတ် တော်ရုံး၌ ထုတ်ပေးမည်ဖြစ်သဖြင့် ထုတ်ယူလိုသော ကိုယ်စားလှယ်များ ထုတ်ယူနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါငွေများမှာ ပြည်သူ့လွှတ်တော်အမတ်များကိုသာ ထုတ်ပေးခြင်းဖြစ်ပြီး ထုတ်ယူခြင်းမရှိသည့် အမတ်များလည်းရှိသည်ဟု ဦးသူရိန်ဇော်က ပြောသည်။

“အဲဒီငွေတွေကို လွှတ်တော်ကို ပြန်အပ်ရမယ် သို့မဟုတ် မအပ်ရဘူးကို ပြန်အပ်ဆိုလည်း ပြန်သွင်းရမှာပေါ့နော်။ အဲ့ဒါကတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုင်ပင်ပြီးတော့ လုပ်မှာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြန်အပ်ရမည့် အနေအထားဖြင့်သာ ထုတ်ပေးထားခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်အမတ်ဦးရေ ၄၀ ရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဥပဒေ မရှိ၍ တစ်ဦးတစ်ယောက်မျှ ငွေထုတ်ယူခြင်းမရှိဟု ဥတ္တရသီရိမြို့နယ်အမတ် ဦးမင်းသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ စရိတ်ငွေကို ထုတ်ယူသုံးစွဲသည့် ပြည်သူ့လွှတ်တော် အမတ်စာရင်းအတိအကျကိုမူ မဇ္ဈိမက စုံစမ်းနိုင်ခြင်း ကုန်ကျစရိတ်စာရင်းကို လွှတ်တော်သို့ ပြန်လည်တင်ပြရမည်ဖြစ်ပြီး ပိုနေလျှင် မရှိသေးပေ။

လက်ရှိတွင် လွှတ်တော်အမတ်တစ်ဦးလျှင် လစာငွေကျပ် သုံးသိန်းစီရရှိပြီး လွှတ်တော်အစည်းအဝေး ရက်များတွင် တစ်ရက်လျှင် ကျပ်တစ်သောင်းစီ ရရှိသည်။

Most read this week